-
ဘုရားသခင့်ပရောဖက်ပြုချက် စကားတော်ကို အာရုံစိုက်လော့ကင်းမျှော်စင်—၂၀၀၀ | ဧပြီ ၁
-
-
၅။ ကိုယ်ယောင်ပြောင်းလဲခြင်းကို သင့်ကိုယ်ပိုင်စကားဖြင့် မည်သို့ဖော်ပြမည်နည်း။
၅ ကိုယ်ယောင်ပြောင်းလဲခြင်းသည် ပရောဖက်ပြုချက်တစ်ရပ်ဖြစ်သည်။ ယေရှုကဤသို့ဆိုသည်– “လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ . . . ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသောသူအချို့တို့သည်မမြင်မီ သေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အားမိန့်တော်မူ၏။” (မဿဲ ၁၆:၂၇၊ ၂၈) ကိုယ်တော်၏နိုင်ငံတော်တည်လျက် ယေရှုကြွလာသည်ကို တမန်တော်အချို့ အမှန်ပင်တွေ့မြင်ခဲ့ကြသလော။ မဿဲ ၁၇:၁-၇ ကဤသို့ဖော်ပြသည်– “ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ်၍၊ မြင့်လှစွာသောတောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့ ၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်။” ရင်သပ်ရှုမောဖွယ်ဖြစ်ရပ်ပါတကား! “မျက်နှာတော်သည် နေကဲ့သို့ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။ မောရှေနှင့်ဧလိယသည်ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက်နေကြ၏။” ထို့ပြင် “ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကိုလွှမ်းမိုး၍၊” “‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့’” ဟူသောဘုရားသခင့်အသံတော်ကို သူတို့ကြားခဲ့ရ၏။ “တပည့်တော်တို့သည်ကြားရလျှင်၊ ပျပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်းရှိကြ၏။ ယေရှုသည်လာ၍ သူတို့ကို လက်နှင့်တို့တော်မူလျက် ‘ထကြ၊ မကြောက်ကြနှင့်’ ဟု မိန့်တော်မူ” ၏။
-
-
ဘုရားသခင့်ပရောဖက်ပြုချက် စကားတော်ကို အာရုံစိုက်လော့ကင်းမျှော်စင်—၂၀၀၀ | ဧပြီ ၁
-
-
၇။ ကိုယ်ယောင်ပြောင်းလဲခြင်းကို ပေတရုကွက်ကွက်ကွင်းကွင်းအမှတ်ရကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။
၇ ကိုယ်တော်၏ကိုယ်ယောင်ပြောင်းလဲခြင်းသည် ခရစ်ယာန်အသင်းတော်အတွင်း ဦးဆောင်ရသောကဏ္ဍကိုထမ်းဆောင်ကြမည့် တမန်တော်သုံးပါး၏ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေဖို့ထောက်ကူပေးခဲ့သည်။ ခရစ်တော်၏အရောင်တောက်ပလျက်ရှိသောမျက်နှာ၊ တလက်လက်ဖြစ်သောဝတ်ရုံတော်နှင့် ယေရှုသည် တပည့်တော်တို့နားထောင်ရမည့် ကိုယ်တော်ချစ်မြတ်နိုးသော သားတော်ဖြစ်ကြောင်း ကြေညာခဲ့သည့် ဘုရားသခင့်အသံတော်တို့က ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်စေခဲ့သည်။ သို့သော် တမန်တော်များသည် ယေရှုမထမြောက်မီတိုင်အောင် ထိုအဆင်းအာရုံကို အဘယ်သူကိုမျှမပြောပြကြရချေ။ နောင် ၃၂ နှစ်ခန့်ကြာပြီးနောက် ဤအဆင်းအာရုံသည် ပေတရု၏စိတ်တွင် ကွက်ကွက်ကွင်းကွင်းရှိဆဲဖြစ်သည်။ ကိုယ်ယောင်ပြောင်းလဲခြင်းနှင့် ယင်း၏အရေးပါမှုကိုညွှန်ပြလျက် သူကဤသို့ရေးသားခဲ့သည်– “ငါတို့သခင်ယေရှုခရစ်၏တန်ခိုးတော်ကိုလည်းကောင်း၊ ကြွလာတော်မူခြင်းကိုလည်းကောင်း သင်တို့အားကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သောဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သူဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ ‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း’ ဟူသောအသံတော်သည် ထူးမြတ်သောအရောင်အဝါတော်ထဲက ထိုသခင်သို့ရောက်သောအခါ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။ ကောင်းကင်ကရောက်လာသောထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရားနှင့်အတူရှိသောအခါ ကြားရ၏။”—၂ ပေတရု ၁:၁၆-၁၈။
-