ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၅၁
  • ယေဟောဝါ နှစ်သက်တဲ့ အပြောအဆို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ နှစ်သက်တဲ့ အပြောအဆို
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • “ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ”
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ‘ကောင်းတဲ့စကားကို အပြုသဘောပါပါ ပြောကြပါ’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • သင်ဟာ ‘အပြောအဆိုမှာ စံနမူနာကောင်းသူ’ ဖြစ်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၅၁
သင်ခန်းစာ ၅၁။ ကော်ဖီဆိုင်မှာ အမျိုးသမီးသုံးယောက် ရယ်ရယ်မောမော ပြောဆိုနေ။

သင်ခန်းစာ ၅၁

ယေဟောဝါ နှစ်သက်တဲ့ အပြောအဆို

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယေဟောဝါက ကျွန်တော်တို့ကို ဖန်ဆင်းတဲ့အခါ စကားပြောနိုင်စွမ်းဆိုတဲ့ အံ့ဖွယ်လက်ဆောင် ထည့်သွင်းပေးထားတယ်။ ဒီလက်ဆောင်ကို အသုံးပြုပုံဟာ ယေဟောဝါအတွက် အရေးကြီးသလား။ အလွန် အရေးကြီးတယ်။ (ယာကုပ် ၁:၂၆ ကို ဖတ်ပါ။) ဒါဆိုရင် ယေဟောဝါ နှစ်သက်တဲ့နည်းနဲ့ ဘယ်လို ပြောဆိုနိုင်သလဲ။

၁။ စကားပြောနိုင်စွမ်း ဆုလက်ဆောင်ကို ဘယ်လို သုံးသင့်သလဲ။

“အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေကြပါ” လို့ ကျမ်းစာက ဆိုတယ်။ (၁ သက်သာလောနိတ် ၅:၁၁) အားပေးမှု လိုနေသူတွေကို စဉ်းစားမိသလား။ သူတို့ အားရှိသွားအောင် ဘယ်လို ကူညီနိုင်သလဲ။ သူတို့ကို ဂရုစိုက်ကြောင်း ပြောနိုင်တယ်။ သူတို့ရဲ့ ကောင်းကွက်တွေကို ထုတ်ပြောနိုင်တယ်။ တစ်ယောက်ယောက်ကို အားရှိစေမယ့် ကျမ်းပိုဒ်တစ်ပိုဒ် စဉ်းစားမိသလား။ ကျမ်းပိုဒ်အများကြီး ရှိပါတယ်။ ကိုယ့်ရဲ့စကားတွေသာမက ပြောဆိုပုံကလည်း တခြားသူကို အလွန်အားရှိစေနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကြောင့် ယဉ်ယဉ်ကျေးကျေး၊ ညင်ညင်သာသာ အမြဲပြောဆိုပါ။​—ပညာအလိမ္မာ ၁၅:၁။

၂။ ဘယ်လို အပြောအဆိုကို ရှောင်ရမလဲ။

“ညစ်ညမ်းတဲ့စကားတစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့” လို့ ကျမ်းစာက ဆိုတယ်။ (ဧဖက် ၄:၂၉ ကို ဖတ်ပါ။) ရိုင်းစိုင်းတဲ့စကား၊ တခြားသူကို ထိခိုက်စေတဲ့စကားတွေ မပြောသင့်ဘူး။ ထိခိုက်နစ်နာစေတဲ့ အတင်းအဖျင်း၊ အသရေဖျက်တဲ့ စကားတွေကိုလည်း ရှောင်ရမယ်။​—ပညာအလိမ္မာ ၁၆:၂၈ ကို ဖတ်ပါ။

၃။ အားရှိစေတဲ့စကားတွေ ပြောဖို့ ဘာက ကူညီပေးမလဲ။

ကိုယ်ပြောတဲ့စကားက ကိုယ့်စိတ်ထဲ ဘာတွေ ရှိသလဲ၊ ဘာတွေ စဉ်းစားနေသလဲဆိုတာ ဖော်ပြလေ့ရှိတယ်။ (လုကာ ၆:၄၅) ဒါကြောင့် ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာတွေကို စဉ်းစားတတ်အောင် ကြိုးစားရမယ်။ (ဖိလိပ္ပိ ၄:၈) အဲဒီလိုလုပ်နိုင်ဖို့ အပန်းဖြေမှုနဲ့ မိတ်ဆွေတွေကို ပညာရှိရှိ ရွေးချယ်ရမယ်။ (ပညာအလိမ္မာ ၁၃:၂၀) ဒါဆိုရင် စဉ်းစားချင့်ချိန်ပြီးမှ ပြောတတ်လာမယ်။ ကိုယ့်စကားကြောင့် တခြားသူတွေ ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားပါ။ “မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ကျမ်းစာက ဆိုတယ်။​—ပညာအလိမ္မာ ၁၂:၁၈။

ရှာဖွေလေ တွေ့ရှိလေ

ယေဟောဝါ နှစ်သက်တဲ့နည်း၊ တခြားသူတွေကို အားရှိစေတဲ့နည်းနဲ့ ပြောဆိုနိုင်ပုံအကြောင်း လေ့လာပါ။

၄။ အပြောအဆိုကို ထိန်းချုပ်ပါ

ကျွန်တော်တို့အားလုံး နောက်မှ နောင်တရမယ့်စကားတွေ ပြောမိတတ်ကြတယ်။ (ယာကုပ် ၃:၂) ဂလာတိ ၅:၂၂၊ ၂၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အပြောအဆို ထိန်းချုပ်နိုင်အောင် ဒီကျမ်းပိုဒ်ထဲက ဘယ်အရည်အသွေးတွေ ရှိဖို့ ဆုတောင်းနိုင်သလဲ။ ဒီအရည်အသွေးတွေက သင့်ကို ဘယ်လို ကူညီနိုင်သလဲ။

၁ ကောရိန္သု ၁၅:၃၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အပေါင်းအသင်းနဲ့ အပန်းဖြေမှုက ကိုယ့်အပြောအဆိုကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

ပုံ။ ခင်ပွန်းက ဇနီးကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဖို့ တွန်းပို့ပေးတဲ့ လုပ်ရပ်များ။ ၁။ ကြမ်းတမ်းတဲ့ သီချင်းတွေ နားထောင်တယ်။ ၂။ တီဗီမှာလာတဲ့ လက်ဝှေ့ပွဲတွေကို သူငယ်ချင်းတွေနဲ့အတူ အားတက်သရော ကြည့်ကြတယ်။ ပုံ။ ခင်ပွန်းက ဇနီးကို ချိုချိုသာသာ ပြောဆိုဖို့ တွန်းပို့ပေးတဲ့ လုပ်ရပ်များ။ ၁။ ကျမ်းစာဖတ်တယ်။ ၂။ သူနဲ့ ဇနီး နိုင်ငံတော်ခန်းမမှာ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေတယ်။

သင့်ပြောဆိုပုံကို ဘာတွေက အကျိုးသက်ရောက်နိုင်သလဲ

ဒေသနာ ၃:၁၊ ၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘယ်အချိန်မှာ နှုတ်ဆိတ်နေတာ၊ အခြေအနေကြည့်ပြီးမှ ပြောတာ ကောင်းသလဲ။

၅။ တခြားသူတွေရဲ့ ကောင်းကြောင်းကို ပြောပါ

တခြားသူကို ထိခိုက်နစ်နာစေတဲ့ အပြောအဆိုကို ဘယ်လို ရှောင်နိုင်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ “ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ ပြောကြပါ” (၄:၀၇)

  • ဗီဒီယိုထဲက ညီအစ်ကိုဟာ တခြားသူအကြောင်း ပြောဆိုပုံကို ဘာကြောင့် ပြောင်းလဲချင်သလဲ။

  • ပြောင်းလဲနိုင်ဖို့ သူ ဘာလုပ်ခဲ့သလဲ။

ဒေသနာ ၇:၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • သူတစ်ပါးမကောင်းကြောင်း ပြောစရာပေါ်လာတဲ့အခါ ဘာကို သတိရသင့်သလဲ။

ဒေသနာ ၇:၂၁၊ ၂၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • တစ်ယောက်ယောက် ကိုယ့်မကောင်းကြောင်း ပြောတဲ့အခါ ဒေါသမထွက်ဖို့ ဒီကျမ်းပိုဒ်တွေက ဘယ်လို ကူညီနိုင်သလဲ။

၆။ မိသားစုကို ချိုချိုသာသာ ပြောဆိုပါ

မိသားစုကို ချိုချိုသာသာ၊ မေတ္တာပါပါ ပြောဆိုဖို့ ယေဟောဝါ လိုလားတယ်။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ မေတ္တာနဲ့လေးစားမှုက မိသားစုကို စည်းလုံးစေ (၃:၀၈)

  • မိသားစုကို ချိုချိုသာသာ ပြောဆိုဖို့ ဘာက ကူညီပေးမလဲ။

ဧဖက် ၄:၃၁၊ ၃၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘယ်လိုအပြောအဆိုက မိသားစုကို ပျော်ရွှင်စေသလဲ။

ယေဟောဝါက သားတော်ယေရှုကို ချစ်ကြောင်း ထုတ်ပြောတယ်။ မဿဲ ၁၇:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • မိသားစုနဲ့ ပြောဆိုတဲ့အခါ ယေဟောဝါကို ဘယ်လို အတုယူနိုင်သလဲ။

မိခင်က ပုံဆွဲပြီးသွားတဲ့ သမီးငယ်ကို ချီးမွမ်းနေ။

တခြားသူကို အခွင့်အရေးရှာပြီး ချီးမွမ်းပါ

လူတချို့ အဆို။ “ကိုယ့်စိတ်ထဲရှိတာ ပြောမှာပဲ။ မကြိုက်လည်း မတတ်နိုင်ဘူး။”

  • သင်ကော အဲဒီလို ယူဆသလား။ ဘာကြောင့်လဲ။

အနှစ်ချုပ်

စကားလုံးတွေဟာ အစွမ်းထက်တယ်။ ဘာပြောမလဲ၊ ဘယ်အချိန် ပြောမလဲ၊ ဘယ်လို ပြောမလဲဆိုတာ အသေအချာ စဉ်းစားဖို့လိုတယ်။

ပြန်လည်သုံးသပ်ခြင်း

  • တခြားသူတွေကို အားရှိစေဖို့ ဘယ်လို ပြောဆိုနိုင်သလဲ။

  • ဘယ်လို အပြောအဆိုကို ရှောင်ချင်သလဲ။

  • အားရှိစရာစကားတွေကို မေတ္တာပါပါ အမြဲပြောဆိုဖို့ ဘာက ကူညီနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အားရှိစေတဲ့စကားတွေ ပြောဖို့ ဘာက ကူညီပေးနိုင်သလဲ။

ဉာဏ်ပညာရှိသူလို စကားပြောတတ်ဖို့ သင်ယူပါ (၈:၀၄)

ရိုင်းစိုင်းတဲ့စကား မပြောမိဖို့ ဘာက ကူညီနိုင်သလဲ လေ့လာပါ။

“ဆဲတာ တကယ်ပဲ မှားသလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

အတင်းအဖျင်းပြောတာကို ဘယ်လို ရှောင်နိုင်သလဲ ဖတ်ကြည့်ပါ။

အတင်းအဖျင်းပြောတာကို ငါ ဘယ်လိုရှောင်နိုင်မလဲ (၂:၃၆)

လူတစ်ဦး ဆဲတဲ့အကျင့်ကို ဖျောက်နိုင်ဖို့ ယေဟောဝါ ကူညီပုံကို လေ့လာပါ။

“ကျွန်တော့်ဘဝ ဘယ်ကို ဦးတည်နေသလဲဆိုတာ လေးလေးနက်နက် စဉ်းစားလာမိတယ်” (ကင်းမျှော်စင် သြဂုတ် ၁၊ ၂၀၁၃)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ