ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဘုရားသခင့်ပရောဖက်ပြုချက် စကားတော်ကို အာရုံစိုက်လော့
    ကင်းမျှော်စင်—၂၀၀၀ | ဧပြီ ၁
    • ၆။ (က) ကိုယ်ယောင်ပြောင်းလဲခြင်းကို အဆင်းအာရုံဟု ယေရှုအဘယ်ကြောင့်ခေါ်ဆိုခဲ့သနည်း။ (ခ) ကိုယ်ယောင်ပြောင်းလဲခြင်းသည် အဘယ်အရာ၏ကြိုတင်မြင်ကွင်းဖြစ်သနည်း။

      ၆ ဤအံ့ဖွယ်ဖြစ်ရပ်သည် ယေရှုနှင့်တမန်တော်သုံးပါး တစ်ညလုံးနေခဲ့သည့် ဟေရမုန်တောင်၏ တောင်ကြောတစ်နေရာရာတွင် ဖြစ်ပျက်ခဲ့ပုံရှိသည်။ ကိုယ်ယောင်ပြောင်းလဲခြင်းသည် ညအချိန်၌ဖြစ်ပျက်ခဲ့ရာ ယင်းကိုအထူးပေါ်လွင်ထင်ရှားစေခဲ့သည်။ ၎င်းကို အဆင်းအာရုံဟုယေရှုခေါ်ဆိုခဲ့သည့်အကြောင်းတစ်ခုမှာ ကြာမြင့်စွာကတည်းကသေဆုံးသွားခဲ့ပြီးဖြစ်သော မောရှေနှင့် ဧလိယတို့သည် ပကတိအတိုင်း ထိုတွင်မရှိနေခြင်းကြောင့်ပင်။ ခရစ်တော်တစ်ပါးတည်းသာလျှင် ထိုတွင် အမှန်တကယ်ရှိနေသည်။ (မဿဲ ၁၇:၈၊ ၉) ထွန်းလင်းတောက်ပလှသည့် ဤထင်ရှားပြသခြင်းက ဘုရားသခင့်နိုင်ငံတော်တန်ခိုးနှင့် ယေရှုရောက်ရှိခြင်း၏ ခမ်းနားသောကြိုတင်မြင်ကွင်းကို ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့အား မြင်စေခဲ့၏။ မောရှေနှင့်ဧလိယတို့သည် ယေရှု၏ဘိသိက်ခံတွဲဖက်အမွေခံများကို ကောင်းစွာပုံတင်ပြပြီး ထိုအဆင်းအာရုံသည် ဘုရားသခင့်နိုင်ငံတော်နှင့် ကိုယ်တော်၏အနာဂတ်ရှင်ဘုရင်အဖြစ်နှင့်စပ်လျဉ်းသော သက်သေခံချက်ကို အခိုင်အမာခိုင်လုံစေသည်။

  • ဘုရားသခင့်ပရောဖက်ပြုချက် စကားတော်ကို အာရုံစိုက်လော့
    ကင်းမျှော်စင်—၂၀၀၀ | ဧပြီ ၁
    • ၈။ (က) မိမိသားတော်နှင့်ပတ်သက်သော ဘုရားသခင့်ကြေညာချက်က အဘယ်အရာကို အာရုံစူးစိုက်စေသနည်း။ (ခ) ကိုယ်ယောင်ပြောင်းလဲခြင်း၌ ပေါ်လာသည့်မိုးတိမ်က အဘယ်အရာကိုဖော်ပြသနည်း။

      ၈ အရေးအပါဆုံးမှာ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့” ဟူသော ဘုရားသခင်၏ကြေညာချက်ဖြစ်၏။ ဤဖော်ပြချက်က ဝေနေယျသတ္တဝါအပေါင်းနာခံမှုပြရမည့် ယေရှုအား ဘုရားသခင့်နန်းထိုင်ဘုရင်အဖြစ် အာရုံစူးစိုက်စေသည်။ ဤအဆင်းအာရုံသည် မျက်မြင်မရနည်းဖြင့်ပြည့်စုံမည်ဖြစ်ကြောင်း လွှမ်းမိုးသောမိုးတိမ်ကညွှန်ပြ၏။ ဘုရားသခင့်နိုင်ငံတော်ဘုန်းတန်ခိုးနှင့် ယေရှု၏အရူပရောက်ရှိနေခြင်း “နိမိတ်” ကိုအသိအမှတ်ပြုသူတို့၏ သိမြင်နားလည်မှုမျက်စိဖြင့်သာ ထိုပြည့်စုံချက်ကိုသတိပြုမိနိုင်ကြမည်ဖြစ်၏။ (မဿဲ ၂၄:၃) အမှန်ဆိုလျှင် ဤအဆင်းအာရုံကို မိမိသေခြင်းမှမထမြောက်မီ အဘယ်သူကိုမျှမပြောရန် ယေရှုသတိပေးခဲ့ခြင်းက ရှင်ပြန်ထမြောက်ပြီးနောက်မှ ကိုယ်တော့်ချီးမြှောက်ခြင်းနှင့် ဘုန်းတန်ခိုးထွန်းတောက်ခြင်းဖြစ်မည်ကို ဖော်ပြသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ