ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၆၀ စာ. ၁၄၄-စာ. ၁၄၅ ပိုဒ်. ၇
  • ခရစ်တော်ရဲ့ဘုန်းအသရေဆိုင်ရာ မြင်ကွင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်တော်ရဲ့ဘုန်းအသရေဆိုင်ရာ မြင်ကွင်း
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ်နိုင်ငံတော်ဘုန်းတန်ခိုး၏ ကြိုတင်မြင်ကွင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ခရစ်တော်၏ ကိုယ်ယောင်ပြောင်းလဲထွန်းတောက်ခြင်းသည် သင့်အားမည်သို့ထိခိုက်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဘုရားသခင့်နိုင်ငံတော်ဘုန်းအသရေဖြင့် ယေရှုကြွလာတော်မူသောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • သင်သည် ဧလိယကဲ့သို့ သစ္စာရှိမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၆၀ စာ. ၁၄၄-စာ. ၁၄၅ ပိုဒ်. ၇
ပေတရု၊ ယာကုပ်နဲ့ယောဟန်ရှေ့မှာ ယေရှု ကိုယ်ယောင်ပြောင်းသွား၊ မောရှေနဲ့ဧလိယတို့ပေါ်လာ

အခန်း ၆၀

ခရစ်တော်ရဲ့ ဘုန်းအသရေဆိုင်ရာ မြင်ကွင်း

မဿဲ ၁၆:၂၈–၁၇:၁၃ မာကု ၉:၁-၁၃ လုကာ ၉:၂၇-၃၆

  • ကိုယ်ယောင်ပြောင်းလဲခြင်း မြင်ကွင်း

  • ဘုရားသခင့်အသံကို တမန်တော်တွေ ကြားရ

ဟေရမုန်တောင်နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ ကဲသရိဖိလိပ္ပိဒေသမှာ ယေရှု သွန်သင်ပေးနေတုန်း တမန်တော်တွေကို မယုံနိုင်စရာစကား တစ်ခွန်းပြောတယ်– “ကျွန်တော် မှန်တာကိုပြောမယ်။ ဒီမှာရပ်နေသူတချို့ဟာ နိုင်ငံတော်နဲ့ ရောက်လာတဲ့ လူသားကို မမြင်ရခင် သေဆုံးမှာ မဟုတ်ဘူး။”—မဿဲ ၁၆:၂၈။

ယေရှု ဘာကိုဆိုလိုတာလဲလို့ တပည့်တွေ စဉ်းစားမိမှာပဲ။ တစ်ပတ်လောက်ကြာတော့ ယေရှုက တမန်တော်သုံးယောက်ဖြစ်တဲ့ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်ပြီး အလွန်မြင့်တဲ့တောင်ပေါ် တက်သွားတယ်။ သူတို့သုံးယောက် အိပ်ငိုက်နေတယ်ဆိုတော့ ညအချိန်ဖြစ်နိုင်တယ်။ ယေရှုဆုတောင်းနေရင်း သူတို့ရှေ့မှာ ကိုယ်ယောင်ပြောင်းသွားတယ်။ မျက်နှာက နေလိုထွန်းလင်းပြီး ဝတ်လုံက အလင်းရောင်လို ဖြူဖွေးတောက်ပနေတာကို သူတို့ မြင်လိုက်ရတယ်။

အဲဒီအခါ “မောရှေနဲ့ ဧလိယ” အဖြစ် ဖော်ပြခံရသူနှစ်ဦး ပေါ်လာပြီး ယေရှုနဲ့ စကားပြောနေကြတယ်။ “ဂျေရုဆလင်မြို့မှာ ပြည့်စုံတော့မယ့် ယေရှုရဲ့ ထွက်ခွာခြင်းအကြောင်း” ပြောနေကြတာ။ (လုကာ ၉:၃၀၊ ၃၁) ထွက်ခွာခြင်းဆိုတာ မကြာသေးခင်က ယေရှုပြောခဲ့တဲ့ သူ့ရဲ့သေခြင်းနဲ့ ထမြောက်ခြင်းကို ရည်ညွှန်းတယ်။ (မဿဲ ၁၆:၂၁) အဲဒါကိုကြည့်ရင် ပေတရုပြောခဲ့သလို ဖြစ်လာမှာမဟုတ်ဘူး၊ အရှက်တကွဲ သေရမှာကို ယေရှု မရှောင်လွှဲနိုင်ဘူးဆိုတာ သက်သေထူနေတယ်။

တမန်တော်သုံးယောက်လည်း မျက်လုံးကျယ်သွားပြီး အံ့သြတကြီးကြည့်နေ၊ နားထောင်နေကြတယ်။ အဲဒါက စိတ်အာရုံဖြစ်ပေမဲ့ တကယ်ဖြစ်နေသလိုပဲ။ ဒါကြောင့် ပေတရုက “ဆရာ၊ ကျွန်တော်တို့ ဒီမှာရှိနေရတာ အခွင့်ထူးပါ။ ဒီမှာ တဲသုံးလုံး ဆောက်ပေးပါရစေ။ ဆရာ့အတွက် တစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံးပေါ့” လို့ ဝင်ပြောတယ်။ (မာကု ၉:၅) ပေတရုက စိတ်အာရုံကို နည်းနည်းကြာစေချင်လို့ တဲတွေ ဆောက်ချင်နေတာလား။

ပေတရု အဲဒီလိုပြောနေတုန်း သူတို့ကို တောက်ပတဲ့တိမ်တိုက် ဖုံးလွှမ်းသွားပြီး “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ။ သူ့စကားကို နားထောင်ကြ” ဆိုတဲ့အသံတစ်သံ တိမ်တိုက်ထဲက ထွက်လာတယ်။ ဒါကိုကြားတော့ တပည့်တွေ အလန့်တကြားဖြစ်ပြီး ပျပ်ဝပ်လိုက်ကြတယ်။ ဒါပေမဲ့ ယေရှုက သူတို့ကို “ထပါ။ မကြောက်ပါနဲ့” လို့ပြောတယ်။ (မဿဲ ၁၇:၅-၇) သူတို့ ထကြည့်လိုက်တဲ့အခါ ယေရှုတစ်ယောက်တည်းကိုပဲ တွေ့တော့တယ်။ စိတ်အာရုံ ပျောက်ကွယ်သွားပြီ။ မိုးလင်းတော့ တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့အခါ ယေရှုက “လူသား သေရာကနေ အသက်ပြန်ရှင်လာချိန် မတိုင်ခင် ဒီစိတ်အာရုံအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့” လို့မှာတယ်။—မဿဲ ၁၇:၉။

စိတ်အာရုံမှာ ဧလိယကို တွေ့လိုက်ရတာကြောင့် တမန်တော်တွေက “ဧလိယ အရင်ပေါ်ထွန်းမယ်ဆိုပြီး ကျမ်းတတ်တွေ ဘာလို့ပြောတာလဲ” လို့မေးတဲ့အခါ ယေရှုက “ဧလိယ ပေါ်ထွန်းပြီးသွားပြီ။ လူတွေက သူ့ကို မသိ” ကြဘူးလို့ ပြန်ဖြေတယ်။ (မဿဲ ၁၇:၁၀-၁၂) ဧလိယရဲ့ အလုပ်မျိုးကို လုပ်ခဲ့တဲ့ နှစ်ခြင်းပေးသူယောဟန်အကြောင်း ယေရှု ပြောနေတာ။ ဧလိယက ဧလိရှဲအတွက် လမ်းပြင်ဆင်ပေးခဲ့သလို ယောဟန်လည်း ခရစ်တော်အတွက် လမ်းပြင်ဆင်ပေးခဲ့တယ်။

ဒီစိတ်အာရုံက ယေရှုနဲ့ တမန်တော်တွေကို ဘယ်လောက် အားရှိစေလိုက်မလဲ။ ဒါက ခရစ်တော်ရဲ့နိုင်ငံတော် ဘုန်းအသရေဆိုင်ရာ ကြိုတင်မြင်ကွင်းပါပဲ။ ဒါကြောင့် ယေရှုကတိပေးခဲ့တဲ့အတိုင်း တပည့်တွေဟာ “နိုင်ငံတော်နဲ့ရောက်လာတဲ့ လူသားကို” မြင်ခဲ့ရတယ်။ (မဿဲ ၁၆:၂၈) တောင်ပေါ်မှာ ယေရှုရဲ့ “မဟာဘုန်းတော်” ကို သူတို့ “ကိုယ်တိုင်မြင်ခဲ့” ကြတယ်။ ဖာရိရှဲတွေက ယေရှုဟာ ဘုရားရွေးကောက်ထားတဲ့ ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ အံ့ဖွယ်အမှုတစ်ခု လုပ်ပြခိုင်းပေမဲ့ ယေရှု မလုပ်ပြခဲ့ဘူး။ တပည့်ရင်းတွေကတော့ ယေရှု ကိုယ်ယောင်ပြောင်းလဲတာကို မြင်ခွင့်ရခဲ့တယ်။ အဲဒါက နိုင်ငံတော်နဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေကို အတည်ပြုပေးတယ်။ ဒါကြောင့် ပေတရုက “ပရောဖက်ပြုချက်ဟာ ကျွန်တော်တို့အတွက် ပိုပြီး သေချာလာတယ်” လို့ ရေးနိုင်ခဲ့တာပေါ့။—၂ ပေတရု ၁:၁၆-၁၉။

  • တချို့က သူတို့မသေခင် နိုင်ငံတော်နဲ့ ရောက်လာတဲ့ လူသားကို ဘယ်လိုနည်းနဲ့ မြင်ခဲ့ရသလဲ။

  • စိတ်အာရုံမှာ မောရှေနဲ့ ဧလိယတို့ ယေရှုနဲ့ ဘာအကြောင်း ပြောနေကြသလဲ။

  • ကိုယ်ယောင်ပြောင်းလဲခြင်း စိတ်အာရုံက ခရစ်တော်ရဲ့ နောက်လိုက်တွေကို ဘာကြောင့် အားရှိစေသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ