ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၂/၁ စာ. ၁၅
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှိမ့်ချမှုနဲ့ပတ်သက်တဲ့ အရေးကြီးသင်ခန်းစာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • နှိမ့်ချမှုနှင့်ပတ်သက်သောသင်ခန်းစာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၂/၁ စာ. ၁၅

သင်သိပါသလော

ရှောလမုန်တည်ဆောက်သော ဝတ်ပြုရာအိမ်တော်ရှိ ကြေးဝါရေကန် အရွယ်အစားမှာ အဘယ်နည်း။

၃ ဓမ္မရာဇဝင် ၇:၂၆ မှတ်တမ်းက ယဇ်ပုရောဟိတ်များအသုံးပြုသော ထိုရေကန်သည် “ရေဗတ်နှစ်ထောင်” ဝင်ဆံ့၏ဟုဆိုထားပြီး ယင်း၏ကျမ်းပြိုင်မှတ်တမ်းဖြစ်သော ၂ ရာဇဝင်ချုပ် ၄:၅ တွင်မူ “ရေဗတ်သုံးထောင်” ဝင်ဆံ့သည်ဟု ဆိုထားသည်။ မှတ်တမ်းနှစ်ခုတွင် ဖော်ပြထားချက်မတူညီသောကြောင့် အချို့က ရာဇဝင်ချုပ်မှတ်တမ်းကိုရေးသော ကျမ်းကူးသူ၏အမှားဟု ဆိုကြသည်။

သို့သော် ထိုကျမ်းချက်နှစ်ချက်စလုံး မှန်ကန်ပါသည်။ ပထမဖော်ပြချက်ဖြစ်သော ၃ ဓမ္မရာဇဝင် ၇:၂၆ တွင်ဤသို့ဖတ်ရ၏– “ရေဗတ်နှစ်ထောင်ဝင်၏။” ၂ ရာဇဝင်ချုပ် ၄:၅ တွင်ဤသို့ဆိုထားကြောင်း သတိပြုပါ– “ရေဗတ်သုံးထောင်ဝင်နိုင်၏။” သို့ဖြစ်၍ ၂ ရာဇဝင်ချုပ် ၄:၅ က ဝတ်ပြုရာအိမ်တော်မှအင်တုံကြီး၏ အများဆုံးရေဝင်ဆံ့နိုင်မှုကို ဖော်ပြခြင်းဖြစ်ပြီး ၃ ဓမ္မရာဇဝင် ၇:၂၆ က ယေဘုယျအားဖြင့် ထိုအင်တုံကြီးတွင်ထည့်သည့် ရေပမာဏကို ဖော်ပြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘယ်တော့မျှ ရေအပြည့်မဖြည့်ခြင်းဖြစ်သည်။ အများအားဖြင့် ဝင်ဆံ့နိုင်သည့်ပမာဏ၏ သုံးပုံနှစ်ပုံသာ ရေဖြည့်ပုံရသည်။

ယေရှုနှင့်ပေတရုသည် ဝတ်ပြုရာအိမ်တော်အခွန်အတွက်  အဘယ်ကြောင့် ငွေတစ်ပြားသာပေးဆောင်ခဲ့သနည်း။

ယေရှုခေတ်က အသက် ၂၀ ကျော်သောဂျူးယောက်ျားတိုင်းသည် နှစ်စဉ် ဝတ်ပြုရာအိမ်တော်အခွန်အနေနှင့် ဒြမ္မနှစ်ပြား သို့မဟုတ် ဒိဒြမ္မတစ်ပြား ပေးဆောင်ဖို့လိုသည်။ ယင်းသည် နှစ်ရက်လုပ်အားခနီးပါးမျှရှိသည်။ ယင်းအခွန်ငွေပေးခြင်းနှင့်ပတ်သက်၍ အမေးခံရသည့်အခါ ယေရှုက ပေတရုအား ဤသို့ညွှန်ကြားခဲ့၏– “အိုင်သို့သွား၍ ငါးမျှားကိုချလော့။ ရှေးဦးစွာရသောငါးကိုယူ၍ ပါးစပ်ကိုဖွင့်လျှင် သတာတဲတစ်ပြား [“ငွေတစ်ပြား၊ သမ္မာ] ကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဖို့နှင့် သင့်အဖို့ ထိုသူအားပေးလော့။”—မဿဲ ၁၇:၂၄-၂၇။

ကျမ်းပညာရှင်များစွာက ဤတွင်ဖော်ပြထားသော ငွေတစ်ပြားသည် သတာတဲဖြစ်ရမည်ဟု ယုံကြည်ကြသည်။ ယင်းငွေပြားသည် လေးဒြမ္မ သို့မဟုတ် လူနှစ်ဦးအတွက် ဝတ်ပြုရာအိမ်တော်အခွန်ငွေနှင့် ညီမျှသည်။ သတာတဲငွေပြားသည် ဒိဒြမ္မငွေပြားထက် ပို၍အသုံးများပြီး ပို၍အလွယ်တကူရနိုင်သည်။ ထို့ကြောင့် သမ္မာကျမ်းစာအဘိဓာန်သစ်၌ ဤသို့ဆိုထား၏– “ဂျူးတို့သည် ဝတ်ပြုရာအိမ်တော်အခွန်ငွေကို နှစ်ယောက်တွဲပေးလေ့ရှိပုံရသည်။”

ထို့ပြင် လူတစ်ဦးအတွက်သာ အခွန်ငွေပေးလိုသူမည်သူမဆိုသည် ငွေလှဲလှယ်ခ ပေးဆောင်ရသည်။ ငွေလှဲလှယ်ခသည် ၈ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ သို့သော် လူနှစ်ဦးစာကို တစ်ခါတည်းပေးဆောင်သူတို့မှာ ယင်းအဖိုးအခပေးဖို့မလိုပါ။ ထို့ကြောင့် မဿဲမှတ်တမ်းပါ ဤအသေးစိတ်အချက်လေးကပင် ယေရှုခေတ်က သာမန်အလေ့အထအဖြစ် သိထားကြသည့်အချက်နှင့် ကိုက်ညီပါသည်။

[စာမျက်နှာ ၁၅ ပါပုံစာ]

သတာတဲကို ချဲ့ထားပုံ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ