ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဂရုစိုက်စောင့်ရှောက်တော်မူသော သိုးထိန်း
    ကင်းမျှော်စင်—၂၀၀၈ | ဖေဖော်ဝါရီ ၁
    • သိုးထိန်းဘဝဖြစ်ရပ်မှန်ကိုသုံးကာ ယေရှုဤသို့မိန့်တော်မူခဲ့၏– “သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင် ထိုသူသည် ကိုးဆယ့်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ လမ်းလွဲ၍ပျောက်သောသိုးတစ်ကောင်ကို သွား၍ရှာတတ်သည်မဟုတ်လော။ တွေ့ ပြီးလျှင် လမ်းမလွဲမပျောက်သောသိုးကိုးဆယ့်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက် ထိုသိုးတစ်ကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဤသူငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။” (မဿဲ ၁၈:၁၂-၁၄) ယေဟောဝါသည် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူ တစ်ဦးချင်းစီကို ဂရုစိုက်စောင့်ရှောက်ကြောင်း ယေရှုပုံဖော်ထားပုံကို ကြည့်ကြစို့။

  • ဂရုစိုက်စောင့်ရှောက်တော်မူသော သိုးထိန်း
    ကင်းမျှော်စင်—၂၀၀၈ | ဖေဖော်ဝါရီ ၁
    • ပုံဥပမာသက်ဆိုင်ပုံနှင့်ပတ်သက်၍ ယေရှုက ဘုရားသခင်သည် “ဤသူငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ” အလိုတော်မရှိဟု မိန့်တော်မူခဲ့သည်။ အစောပိုင်းတွင် ယေရှုက တပည့်များအား “[ကိုယ်တော့်] ကိုယုံကြည်သော ဤသူငယ်တစ်စုံတစ်ယောက်ကို” ထိမိလဲစေခြင်းနှင့်ပတ်သက်၍ သတိပေးခဲ့သည်။ (မဿဲ ၁၈:၆) သို့ဖြစ်လျှင် ယေရှု၏ပုံဥပမာက ယေဟောဝါအကြောင်း အဘယ်အရာသင်ပေးသနည်း။ ကိုယ်တော်သည် လောကအမြင်မှကြည့်လျှင် အရေးမပါဟုထင်ရသော “သူငယ်တစ်စုံတစ်ယောက်” အပါအဝင် မိမိ၏သိုးတစ်ဦးစီကို အလွန်ဂရုစိုက်စောင့်ရှောက်သော သိုးထိန်းဖြစ်တော်မူသည်။ မှန်ပါသည်၊ ဘုရားသခင့်အမြင်တွင် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူ တစ်ဦးစီသည် အရေးပါပြီး တန်ဖိုးရှိသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ