-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများကင်းမျှော်စင်—၁၉၉၀ | ဩဂုတ် ၁၅
-
-
“နောက်ကျသောသူများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်” ဟုနှုတ်မြွက်၍ အဆုံးသတ်ကာမျှရှိသေးသည်။ ယခု ဤအချက်ကို ပုံပြင်တစ်ပုဒ်ဖြင့် ဥပမာဆောင်၍ပြောပြသည်။ “ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကိုလုပ်ဆောင်သောသူတို့ကို ငှားခြင်းငှာ နံနက်စောစောထွက်သွားသော အိမ်ရှင်နှင့်တူ၏” ဟု အစချီတော်မူသည်။
-
-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများကင်းမျှော်စင်—၁၉၉၀ | ဩဂုတ် ၁၅
-
-
အိမ်ရှင် သို့မဟုတ် စပျစ်ဥယျာဉ်ပိုင်ရှင်သည် ယေဟောဝါဘုရားသခင်ဖြစ်ပြီး စပျစ်ဥယျာဉ်သည် ဣသရေလလူမျိုးဖြစ်သည်။ စပျစ်ဥယျာဉ်လုပ်သားများမှာ ပညတ်ပဋိညာဉ်အတွင်းသို့ဆောင်ကြဉ်းခံရသူများဖြစ်ပြီး အထူးသဖြင့် တမန်တော်များလက်ထက်ရှိ ဂျူးများကိုဆိုလိုပါသည်။ တစ်နေ့တာလုံး လုပ်ဆောင်မည့်လုပ်သားများနှင့်သာ လုပ်ခသဘောတူညီချက် ပြုလုပ်ခဲ့သည်။ တစ်နေ့တာလုပ်ခမှာ ဒေနာရိတစ်ပြားဖြစ်သည်။ “တစ်ချက်တီး” အချိန်သည် နံနက် ၉ နာရီဖြစ်ရာ တစ်ချက်တီး၊ နှစ်ချက်တီး၊ သုံးချက်တီးနှင့် ဆယ့်တစ်နာရီအချိန်တို့တွင် အခေါ်ခံရသူတို့၏ အလုပ်ချိန်များမှာ ၉ နာရီ၊ ၆ နာရီ၊ ၃ နာရီနှင့် ၁ နာရီအသီးသီးဖြစ်ပါသည်။
-