-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများကင်းမျှော်စင်—၁၉၉၀ | ဩဂုတ် ၁၅
-
-
ဆက်လက်၍ယေရှုက “ထိုသူ [အိမ်ရှင်] သည် တစ်နေ့လျှင် ဒေနာရိတစ်ပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူတို့နှင့်ဝန်ခံပြီးမှ စပျစ်ဥယျာဉ်သို့စေလွှတ်လေ၏။ နံနက်တစ်ချက်တီးအချိန်၌ ထွက်ပြန်လျှင်၊ အခြားသူတို့သည် အလုပ်ကိုမလုပ် ဈေး၌ရပ်နေသည်ကိုမြင်လျှင် ‘သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာ ငါပေးမည်’ ဟုဆိုလျှင် ထိုသူတို့သည်သွားကြ၏။ တစ်ဖန် နှစ်ချက်တီးအချိန်၊ တစ်ဖန် သုံးချက်တီးအချိန်၌ထွက်၍ ရှေ့နည်းတူပြုလေ၏။ ဆယ့်တစ်နာရီအချိန်၌လည်း ထွက်ပြန်လျှင် အခြားသူတို့သည် အလုပ်ကိုမလုပ်၊ ရပ်နေသည်ကိုတွေ့၍ ‘သင်တို့သည် တစ်နေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့်နေကြသနည်း’ ဟုမေးသော် ထိုသူတို့က ‘ကျွန်တော်တို့ကို အဘယ်သူမျှမငှားပါ’ ဟုပြောဆိုကြလျှင် ‘သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာရကြလိမ့်မည်’ ဟုဆိုလေ၏။”
အိမ်ရှင် သို့မဟုတ် စပျစ်ဥယျာဉ်ပိုင်ရှင်သည် ယေဟောဝါဘုရားသခင်ဖြစ်ပြီး စပျစ်ဥယျာဉ်သည် ဣသရေလလူမျိုးဖြစ်သည်။ စပျစ်ဥယျာဉ်လုပ်သားများမှာ ပညတ်ပဋိညာဉ်အတွင်းသို့ဆောင်ကြဉ်းခံရသူများဖြစ်ပြီး အထူးသဖြင့် တမန်တော်များလက်ထက်ရှိ ဂျူးများကိုဆိုလိုပါသည်။ တစ်နေ့တာလုံး လုပ်ဆောင်မည့်လုပ်သားများနှင့်သာ လုပ်ခသဘောတူညီချက် ပြုလုပ်ခဲ့သည်။ တစ်နေ့တာလုပ်ခမှာ ဒေနာရိတစ်ပြားဖြစ်သည်။ “တစ်ချက်တီး” အချိန်သည် နံနက် ၉ နာရီဖြစ်ရာ တစ်ချက်တီး၊ နှစ်ချက်တီး၊ သုံးချက်တီးနှင့် ဆယ့်တစ်နာရီအချိန်တို့တွင် အခေါ်ခံရသူတို့၏ အလုပ်ချိန်များမှာ ၉ နာရီ၊ ၆ နာရီ၊ ၃ နာရီနှင့် ၁ နာရီအသီးသီးဖြစ်ပါသည်။
အလုပ်ချိန် ၁၂ နာရီ သို့မဟုတ် တစ်နေ့တာလုံး အချိန်ပြည့်လုပ်ဆောင်သူများသည် ဘာသာရေးလုပ်ငန်းများ၌ အစဉ်သဖြင့်အလုပ်များနေသူ ဂျူးဘာသာရေးခေါင်းဆောင်များကိုကိုယ်စားပြုပါသည်။ ဤပုဂ္ဂိုလ်တို့သည် ငါးဖမ်းခြင်း သို့မဟုတ် အခြားဝမ်းစာရှာလုပ်ငန်းတို့ကို အများအားဖြင့်လုပ်စားခဲ့သော ယေရှု၏တပည့်တော်များနှင့်မတူကြပါ။ စီအီး ၂၉ ဆောင်းဦးပိုင်း၌သာ “အိမ်ရှင်” သည်ယေရှုခရစ်ကိုစေလွှတ်လျက် ဤသူတို့ကို တပည့်များအဖြစ် စုသိမ်းစေတော်မူသည်။ ဤနည်းဖြင့် သူတို့သည် ‘နောက်ကျဆုံး’ သို့မဟုတ် ဆယ့်တစ်နာရီအချိန်တွင် အလုပ်ဝင်သော စပျစ်ဥယျာဉ်လုပ်သားများဖြစ်ပါသည်။
-
-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများကင်းမျှော်စင်—၁၉၉၀ | ဩဂုတ် ၁၅
-
-
ထိုပထမရာစုပြည့်စုံချက်သည် ယေရှုဥပမာ၏ တစ်ခုတည်းသော ပြည့်စုံချက်လော။ မဟုတ်ပါ။ ဤ ၂၀ ရာစုခရစ်ယာန်ဘောင်ဓမ္မဆရာများသည် သူတို့၏အနေအထားနှင့် တာဝန်များကြောင့် ဘုရားသခင်၏ပုံဆောင်ရာစပျစ်ဥယျာဉ်တွင် အလုပ်လုပ်ကိုင်ရန် ‘ဦးဆုံး’ အငှားခံရသူများဖြစ်သည်။ ကင်းမျှော်စင်သမ္မာကျမ်းစာဝေစာအသင်းနှင့် ပူးပေါင်းသောဆက်ကပ်အပ်နှံ ဟောပြောသူများကိုကား ဘုရားသခင့်လုပ်ငန်းတော်မြတ်တွင် တရားဝင်ပါဝင်ခွင့်ရနိုင်ရန် ‘နောက်ကျဆုံး’ သူများဟုယူမှတ်ထားကြသည်။ အမှန်မှာ ဓမ္မဆရာများ၏အထင်သေးခြင်းခံရသည့် ဤသူများပင်လျှင် ဒေနာရိပြားတည်းဟူသော ဘုရားသခင့်နိုင်ငံတော်၏ ဘိသိက်ခံသံတမန်များအဖြစ် အမှုထမ်းခွင့်ကို ရရှိကြပါသည်။ မဿဲ ၁၉:၃၀–၂၀:၁၆။
-