ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၈/၁၅ စာ. ၁၆-၁၇
  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • စပျစ်ခြံလုပ်သားများပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သစ္စာမဲ့သော စပျစ်ဥယျာဉ်သည် အမင်္ဂလာရှိ၏!
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • စပျစ်ဥယျာဉ်ပုံဥပမာအားဖြင့်ထုတ်ဖော်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၈/၁၅ စာ. ၁၆-၁၇

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ

“နောက်ကျသောသူများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်” ဟုနှုတ်မြွက်၍ အဆုံးသတ်ကာမျှရှိသေးသည်။ ယခု ဤအချက်ကို ပုံပြင်တစ်ပုဒ်ဖြင့် ဥပမာဆောင်၍ပြောပြသည်။ “ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကိုလုပ်ဆောင်သောသူတို့ကို ငှားခြင်းငှာ နံနက်စောစောထွက်သွားသော အိမ်ရှင်နှင့်တူ၏” ဟု အစချီတော်မူသည်။

ဆက်လက်၍ယေရှုက “ထိုသူ [အိမ်ရှင်] သည် တစ်နေ့လျှင် ဒေနာရိတစ်ပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူတို့နှင့်ဝန်ခံပြီးမှ စပျစ်ဥယျာဉ်သို့စေလွှတ်လေ၏။ နံနက်တစ်ချက်တီးအချိန်၌ ထွက်ပြန်လျှင်၊ အခြားသူတို့သည် အလုပ်ကိုမလုပ် ဈေး၌ရပ်နေသည်ကိုမြင်လျှင် ‘သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာ ငါပေးမည်’ ဟုဆိုလျှင် ထိုသူတို့သည်သွားကြ၏။ တစ်ဖန် နှစ်ချက်တီးအချိန်၊ တစ်ဖန် သုံးချက်တီးအချိန်၌ထွက်၍ ရှေ့နည်းတူပြုလေ၏။ ဆယ့်တစ်နာရီအချိန်၌လည်း ထွက်ပြန်လျှင် အခြားသူတို့သည် အလုပ်ကိုမလုပ်၊ ရပ်နေသည်ကိုတွေ့၍ ‘သင်တို့သည် တစ်နေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့်နေကြသနည်း’ ဟုမေးသော် ထိုသူတို့က ‘ကျွန်တော်တို့ကို အဘယ်သူမျှမငှားပါ’ ဟုပြောဆိုကြလျှင် ‘သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာရကြလိမ့်မည်’ ဟုဆိုလေ၏။”

အိမ်ရှင် သို့မဟုတ် စပျစ်ဥယျာဉ်ပိုင်ရှင်သည် ယေဟောဝါဘုရားသခင်ဖြစ်ပြီး စပျစ်ဥယျာဉ်သည် ဣသရေလလူမျိုးဖြစ်သည်။ စပျစ်ဥယျာဉ်လုပ်သားများမှာ ပညတ်ပဋိညာဉ်အတွင်းသို့ဆောင်ကြဉ်းခံရသူများဖြစ်ပြီး အထူးသဖြင့် တမန်တော်များလက်ထက်ရှိ ဂျူးများကိုဆိုလိုပါသည်။ တစ်နေ့တာလုံး လုပ်ဆောင်မည့်လုပ်သားများနှင့်သာ လုပ်ခသဘောတူညီချက် ပြုလုပ်ခဲ့သည်။ တစ်နေ့တာလုပ်ခမှာ ဒေနာရိတစ်ပြားဖြစ်သည်။ “တစ်ချက်တီး” အချိန်သည် နံနက် ၉ နာရီဖြစ်ရာ တစ်ချက်တီး၊ နှစ်ချက်တီး၊ သုံးချက်တီးနှင့် ဆယ့်တစ်နာရီအချိန်တို့တွင် အခေါ်ခံရသူတို့၏ အလုပ်ချိန်များမှာ ၉ နာရီ၊ ၆ နာရီ၊ ၃ နာရီနှင့် ၁ နာရီအသီးသီးဖြစ်ပါသည်။

အလုပ်ချိန် ၁၂ နာရီ သို့မဟုတ် တစ်နေ့တာလုံး အချိန်ပြည့်လုပ်ဆောင်သူများသည် ဘာသာရေးလုပ်ငန်းများ၌ အစဉ်သဖြင့်အလုပ်များနေသူ ဂျူးဘာသာရေးခေါင်းဆောင်များကိုကိုယ်စားပြုပါသည်။ ဤပုဂ္ဂိုလ်တို့သည် ငါးဖမ်းခြင်း သို့မဟုတ် အခြားဝမ်းစာရှာလုပ်ငန်းတို့ကို အများအားဖြင့်လုပ်စားခဲ့သော ယေရှု၏တပည့်တော်များနှင့်မတူကြပါ။ စီအီး ၂၉ ဆောင်းဦးပိုင်း၌သာ “အိမ်ရှင်” သည်ယေရှုခရစ်ကိုစေလွှတ်လျက် ဤသူတို့ကို တပည့်များအဖြစ် စုသိမ်းစေတော်မူသည်။ ဤနည်းဖြင့် သူတို့သည် ‘နောက်ကျဆုံး’ သို့မဟုတ် ဆယ့်တစ်နာရီအချိန်တွင် အလုပ်ဝင်သော စပျစ်ဥယျာဉ်လုပ်သားများဖြစ်ပါသည်။

နောက်ဆုံး၌ ပုံဆောင်လုပ်ရက်သည် ယေရှုသေဆုံးချိန်တွင် ကုန်ဆုံးသွားရာ အခပေးချိန်ရောက်လေသည်။ လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ နောက်ကျဆုံးသူကို အရင်အခပေးခြင်းစနစ်အကြောင်း ဤသို့ရှင်းပြသည်။ “ညအချိန်ရောက်သောအခါ စပျစ်ဥယျာဉ်ပိုင်ရှင်က ‘လုပ်ဆောင်သောသူတို့ကိုခေါ်ခဲ့လော့။ နောက်ဝင်သောသူမှစ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့’ ဟု မိမိစာရေးကို မှာလိုက်လေ၏။ ဆယ့်တစ်နာရီအချိန်၌ဝင်သောသူတို့သည် လာ၍ ဒေနာရိတစ်ပြားစီခံကြ၏။ ထိုကြောင့် အရင်ဝင်သောသူတို့သည်လာကြသောအခါ ငါတို့သည် သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော်လည်း ဒေနာရိတစ်ပြားစီခံကြ၏။ ထိုသို့ခံပြီးလျှင် အိမ်ရှင်ကိုကဲ့ရဲ့ပြစ်တင်၍ ‘နောက်ဝင်သောသူတို့သည် တစ်နာရီခန့်မျှသာလုပ်ဆောင်သော်လည်း တစ်နေ့လုံးအမှုဝန်ကိုထမ်းရွက်၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကား’ ဟုဆိုကြ၏။ သို့သော် သူတို့ထဲမှ တစ်ဦးကိုမိန့်တော်မူသည်မှာ ‘အဆွေ၊ သင်၌မတရားသောအမှုကို ငါမပြု။ ဒေနာရိတစ်ပြားကို အမှတ်ပြု၍ သင်နှင့်ငါသည် ဝန်ခံသည်မဟုတ်လော။ သင်၏ဥစ္စာကိုယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှာ ငါအလိုရှိ၏။ ငါသည် ကိုယ်ဥစ္စာကိုပြုလိုသမျှမပြုရာသလော။ ငါသဘောကောင်းသောကြောင့် သင်မျက်မုန်းကျိုးရသလော’ ဟုဆိုလေ၏။” နိဂုံးချုပ်ရာ၌ ယေရှုသည် အစပိုင်း၌ပြောခဲ့သောစကားကို ထပ်မံ၍ပြောဆိုသည်မှာ “ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။”

ယေရှုသေဆုံးချိန်တွင်မဟုတ်ဘဲ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် “စာရေး” ဖြစ်သူ ခရစ်တော်သည် တပည့်တော်များပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းချိန်တွင် ဒေနာရိပြားကိုခံယူခဲ့ရကြသည်။ ယေရှု၏ ဤတပည့်တော်များသည် ‘နောက်ကျဆုံးသူ’ သို့မဟုတ် ဆယ့်တစ်နာရီအချိန်တွင် အလုပ်ဝင်သူများနှင့်တူပါသည်။

ဒေနာရိပြားသည် သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးကိုယ်နှိုက်ကို ကိုယ်စားမပြုပါ။ ဒေနာရိသည် တပည့်တော်များ ကမ္ဘာပေါ်ရှိစဉ် အသုံးပြုရကြမည့်အရာတစ်ခုဖြစ်သည်။ သူတို့အတွက် အသက်မွေးဝမ်းကျောင်း၊ သူတို့ထာဝရအသက်ရရေးအတွက် အသုံးပြုရမည့်အရာဖြစ်သည်။ ယင်းကား ဝိညာဏဣသရေလသားတစ်ဦးဖြစ်ခွင့်ဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောပြောရန် ဘိသိက်ခံရခြင်းကိုပုံဆောင်သည်။

များမကြာမီ ဦးဆုံးအငှားခံရသော သူငှားတို့သည် ယေရှု၏တပည့်တော်များ အခပေးခံရပြီး ပုံဆောင်ဒေနာရိပြားကို အသုံးပြုနေကြကြောင်း သတိပြုမိကြသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၊ ၄င်းနှင့် တွဲဖက်လိုက်ပါလာသော နိုင်ငံတော်အခွင့်အရေးများထက် သူတို့ပို၍အလိုရှိကြသည်။ သူတို့၏ငြူစူကန့်ကွက်မှုတို့သည် ဥယျာဉ်ထဲ ‘နောက်ကျဆုံး’ အလုပ်ဝင်ကြသည့် ခရစ်တော်၏တပည့်တော်များကို ညှဉ်းပန်းမှုအသွင်ဆောင်လေသည်။

ထိုပထမရာစုပြည့်စုံချက်သည် ယေရှုဥပမာ၏ တစ်ခုတည်းသော ပြည့်စုံချက်လော။ မဟုတ်ပါ။ ဤ ၂၀ ရာစုခရစ်ယာန်ဘောင်ဓမ္မဆရာများသည် သူတို့၏အနေအထားနှင့် တာဝန်များကြောင့် ဘုရားသခင်၏ပုံဆောင်ရာစပျစ်ဥယျာဉ်တွင် အလုပ်လုပ်ကိုင်ရန် ‘ဦးဆုံး’ အငှားခံရသူများဖြစ်သည်။ ကင်းမျှော်စင်သမ္မာကျမ်းစာဝေစာအသင်းနှင့် ပူးပေါင်းသောဆက်ကပ်အပ်နှံ ဟောပြောသူများကိုကား ဘုရားသခင့်လုပ်ငန်းတော်မြတ်တွင် တရားဝင်ပါဝင်ခွင့်ရနိုင်ရန် ‘နောက်ကျဆုံး’ သူများဟုယူမှတ်ထားကြသည်။ အမှန်မှာ ဓမ္မဆရာများ၏အထင်သေးခြင်းခံရသည့် ဤသူများပင်လျှင် ဒေနာရိပြားတည်းဟူသော ဘုရားသခင့်နိုင်ငံတော်၏ ဘိသိက်ခံသံတမန်များအဖြစ် အမှုထမ်းခွင့်ကို ရရှိကြပါသည်။ မဿဲ ၁၉:၃၀–၂၀:၁၆။

◆ စပျစ်ဥယျာဉ်သည် မည်သည့်အရာကိုကိုယ်စားပြုသနည်း။ စပျစ်ဥယျာဉ်ပိုင်ရှင်၊ ၁၂ နာရီနှင့် တစ်နာရီကြာ အလုပ်လုပ်သူတို့သည် မည်သူတို့ကို ကိုယ်စားပြုသနည်း။

◆ ပုံဆောင်အလုပ်လုပ်ရက်သည် မည်သည့်အချိန်တွင် အဆုံးတိုင်ပြီး အခကိုမည်သည့်အချိန်တွင်ပေးခဲ့သနည်း။

◆ ဒေနာရိပြားအခပေးခြင်းသည် မည်သည့်အရာကိုကိုယ်စားပြုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ