-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများအသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
-
-
အိမ်ရှင်ဖြစ်သူစပျစ်ဥယျာဉ်ပိုင်ရှင်သည် ယေဟောဝါဖြစ်ပြီး စပျစ်ဥယျာဉ်သည် ဣသရေလလူမျိုးဖြစ်သည်။ ဥယျာဉ်လုပ်သားများမှာ အထူးသဖြင့် တမန်တော်များလက်ထက်ရှိဂျူးများ၊ ပညတ်ပဋိညာဉ်အောက်ရှိသူများဖြစ်သည်။ တစ်နေကုန်လုပ်ဆောင်မည့်သူများနှင့်သာ လုပ်ခသဘောတူညီချက်ရှိပြီ။ လုပ်ခမှာ ဒေနာရိတစ်ပြားဖြစ်သည်။ “သုံးချက်တီး” အချိန်သည်နံနက် ၉ နာရီဖြစ်ရာ သုံးချက်တီး၊ ခြောက်ချက်တီး၊ ကိုးချက်တီးနှင့်ဆယ့်တစ်နာရီအချိန်တို့တွင် အခေါ်ခံရသူတို့၏အလုပ်ချိန်များမှာ ၉ နာရီ၊ ၆ နာရီ၊ ၃ နာရီနှင့် ၁ နာရီအသီးသီးဖြစ်သည်။
-
-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများအသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
-
-
တစ်နေ့တာအလုပ်ချိန် ၁၂ နာရီလုပ်သူများသည် ဘာသာရေးလုပ်ငန်း၌ အမြဲအလုပ်များနေသူ ဂျူးဘာသာရေးခေါင်းဆောင်တို့ကိုတင်စားပြီး သူတို့သည် ငါးဖမ်းခြင်းအစရှိသည့် အခြားဝမ်းစာရှာလုပ်ငန်းတို့ကိုလုပ်ကိုင်သော ယေရှု၏တပည့်များနှင့်မတူကြပါ။ စီအီး ၂၉ ဆောင်းဦးပိုင်းကျမှယေရှုခရစ်ကို “အိမ်ရှင်” စေလွှတ်၍ ဤသူတို့အားတပည့်များအဖြစ်စုသိမ်းစေတော်မူသည်။ သို့ဖြင့် ‘နောက်ကျဆုံး’ သို့မဟုတ် ဆယ့်တစ်နာရီအချိန်တွင်အလုပ်ဝင်သူများဖြစ်လာသည်။
-
-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများအသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
-
-
ယေရှုသေဆုံးချိန်တွင်မဟုတ်ဘဲ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် “စာရေး” ဖြစ်သူခရစ်တော်သည် တပည့်များအပေါ် ဝိညာဉ်တော်သွန်းလောင်းချိန်တွင် ဒေနာရိပြားကိုပေးသည်။ ယေရှု၏တပည့်များသည် ဆယ့်တစ်နာရီ၌အလုပ်ဝင်သူ ‘နောက်ကျဆုံးသူများ’ နှင့်တူသည်။ ဒေနာရိပြားမူကား ဝိညာဉ်တော်ဆုကျေးဇူးကိုယ်နှိုက်ကိုမတင်စားဘဲ တပည့်တော်များကမ္ဘာပေါ်ရှိစဉ် အသုံးပြုကြရမည့် သူတို့အသက်မွေးဝမ်းကျောင်း၊ ထာဝရအသက်ရရေးနှင့်ဆိုင်သောအရာဖြစ်သည်။ ယင်းကား ဘုရားသခင့်နိုင်ငံတော်သတင်းကိုဟောပြောရန် ဘိသိက်ခံဝိညာဏဣသရေလလူမျိုးတစ်ဦးဖြစ်ခွင့်ကိုပုံဆောင်သည်။
-
-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများအသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
-
-
ထိုပထမရာစုပြည့်စုံချက်သည် ယေရှုဥပမာ၏တစ်ခုတည်းသောပြည့်စုံချက်လော။ မဟုတ်ပါ။ ဤ ၂၀ ရာစုခရစ်ယာန်ဘောင်ဓမ္မဆရာများသည် သူတို့၏ရာထူး၊ သူတို့၏တာဝန်များကြောင့် ဘုရားသခင်၏ပုံဆောင်ရာစပျစ်ဥယျာဉ်တွင်အလုပ်လုပ်ကိုင်ရန် ‘ဦးဆုံး’ အငှားခံရသူများဖြစ်သည်။ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းနှင့် ပူးပေါင်းသောဆက်ကပ်အပ်နှံဟောပြောသူတို့ကိုကား ဘုရားလုပ်ငန်းတော်မြတ်တွင် တရားဝင်ပါဝင်ခွင့်ရနိုင်ရန် ‘နောက်ကျဆုံး’ သူများဟုယူဆကြသည်။ အမှန်မှာ ဓမ္မဆရာများအထင်သေးသူ ဤသူတို့ပင် ဒေနာရိပြားတည်းဟူသော ဘုရားသခင့်နိုင်ငံတော်၏ ဘိသိက်ခံသံတမန်များအဖြစ် အမှုထမ်းခွင့်ကိုရရှိကြသည်။ မဿဲ ၁၉:၃၀–၂၀:၁၆။
-