ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • နောက်ဆုံး၌ပုံဆောင်အလုပ်ရက်သည် ယေရှုသေဆုံးချိန်တွင်ကုန်သွားသည်။ အခပေးချိန်ရောက်လေသော် နောက်ကျဆုံးသူကိုအရင် အခပေးခြင်းအလေ့မရှိဘဲပေးခဲ့ကြောင်း ဆက်ရှင်းပြသည်။ “ညအချိန်ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က ‘လုပ်ဆောင်သောသူတို့ကိုခေါ်ခဲ့လော့။ နောက်ဝင်သောသူမှစ၍အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့’ ဟု မိမိစာရေးကိုမှာလိုက်လေ၏။ ဆယ့်တစ်နာရီအချိန်၌ဝင်သောသူတို့သည်လာ၍ ဒေနာရိတစ်ပြားစီခံကြ၏။ အရင်ဝင်သောသူတို့သည်လာကြသောအခါ ငါတို့သည်သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော်လည်း ဒေနာရိတစ်ပြားစီခံရကြ၏။ ထိုသို့ခံပြီးလျှင် အိမ်ရှင်ကိုကဲ့ရဲ့ပြစ်တင်၍ ‘နောက်ဝင်သောသူတို့သည် တစ်နာရီခန့်မျှသာလုပ်ဆောင်သော်လည်း တစ်နေ့လုံးအမှုဝန်ကိုထမ်းရွက်၍ နေပူဆင်းရဲခံရသောအကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကား’ ဟုဆိုကြ၏။ သို့သော်သူတို့ထဲမှတစ်ဦးကိုမိန့်တော်မူသည်မှာ ‘အဆွေ၊ သင်၌မတရားသောအမှုကိုငါမပြု။ ဒေနာရိတစ်ပြားကိုအမှတ်ပြု၍ သင်သည်ငါနှင့်ဝန်ခံသည်မဟုတ်လော။ သင်၏ဥစ္စာကိုယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှာငါအလိုရှိ၏။ ငါသည်ကိုယ်ဥစ္စာကိုပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည်မျက်မုန်းကျိုးရသလော’ ဟုဆိုလေ၏။” နိဂုံး၌ အစတွင်ပြောခဲ့သောစကားကို ယေရှုပြန်ပြောသည်။ “ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။”

      ယေရှုသေဆုံးချိန်တွင်မဟုတ်ဘဲ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် “စာရေး” ဖြစ်သူခရစ်တော်သည် တပည့်များအပေါ် ဝိညာဉ်တော်သွန်းလောင်းချိန်တွင် ဒေနာရိပြားကိုပေးသည်။ ယေရှု၏တပည့်များသည် ဆယ့်တစ်နာရီ၌အလုပ်ဝင်သူ ‘နောက်ကျဆုံးသူများ’ နှင့်တူသည်။ ဒေနာရိပြားမူကား ဝိညာဉ်တော်ဆုကျေးဇူးကိုယ်နှိုက်ကိုမတင်စားဘဲ တပည့်တော်များကမ္ဘာပေါ်ရှိစဉ် အသုံးပြုကြရမည့် သူတို့အသက်မွေးဝမ်းကျောင်း၊ ထာဝရအသက်ရရေးနှင့်ဆိုင်သောအရာဖြစ်သည်။ ယင်းကား ဘုရားသခင့်နိုင်ငံတော်သတင်းကိုဟောပြောရန် ဘိသိက်ခံဝိညာဏဣသရေလလူမျိုးတစ်ဦးဖြစ်ခွင့်ကိုပုံဆောင်သည်။

  • စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • ထိုပထမရာစုပြည့်စုံချက်သည် ယေရှုဥပမာ၏တစ်ခုတည်းသောပြည့်စုံချက်လော။ မဟုတ်ပါ။ ဤ ၂၀ ရာစုခရစ်ယာန်ဘောင်ဓမ္မဆရာများသည် သူတို့၏ရာထူး၊ သူတို့၏တာဝန်များကြောင့် ဘုရားသခင်၏ပုံဆောင်ရာစပျစ်ဥယျာဉ်တွင်အလုပ်လုပ်ကိုင်ရန် ‘ဦးဆုံး’ အငှားခံရသူများဖြစ်သည်။ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းနှင့် ပူးပေါင်းသောဆက်ကပ်အပ်နှံဟောပြောသူတို့ကိုကား ဘုရားလုပ်ငန်းတော်မြတ်တွင် တရားဝင်ပါဝင်ခွင့်ရနိုင်ရန် ‘နောက်ကျဆုံး’ သူများဟုယူဆကြသည်။ အမှန်မှာ ဓမ္မဆရာများအထင်သေးသူ ဤသူတို့ပင် ဒေနာရိပြားတည်းဟူသော ဘုရားသခင့်နိုင်ငံတော်၏ ဘိသိက်ခံသံတမန်များအဖြစ် အမှုထမ်းခွင့်ကိုရရှိကြသည်။ မဿဲ ၁၉:၃၀–၂၀:၁၆။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ