-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများကင်းမျှော်စင်—၁၉၉၀ | ဩဂုတ် ၁၅
-
-
နောက်ဆုံး၌ ပုံဆောင်လုပ်ရက်သည် ယေရှုသေဆုံးချိန်တွင် ကုန်ဆုံးသွားရာ အခပေးချိန်ရောက်လေသည်။ လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ နောက်ကျဆုံးသူကို အရင်အခပေးခြင်းစနစ်အကြောင်း ဤသို့ရှင်းပြသည်။ “ညအချိန်ရောက်သောအခါ စပျစ်ဥယျာဉ်ပိုင်ရှင်က ‘လုပ်ဆောင်သောသူတို့ကိုခေါ်ခဲ့လော့။ နောက်ဝင်သောသူမှစ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့’ ဟု မိမိစာရေးကို မှာလိုက်လေ၏။ ဆယ့်တစ်နာရီအချိန်၌ဝင်သောသူတို့သည် လာ၍ ဒေနာရိတစ်ပြားစီခံကြ၏။ ထိုကြောင့် အရင်ဝင်သောသူတို့သည်လာကြသောအခါ ငါတို့သည် သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော်လည်း ဒေနာရိတစ်ပြားစီခံကြ၏။ ထိုသို့ခံပြီးလျှင် အိမ်ရှင်ကိုကဲ့ရဲ့ပြစ်တင်၍ ‘နောက်ဝင်သောသူတို့သည် တစ်နာရီခန့်မျှသာလုပ်ဆောင်သော်လည်း တစ်နေ့လုံးအမှုဝန်ကိုထမ်းရွက်၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကား’ ဟုဆိုကြ၏။ သို့သော် သူတို့ထဲမှ တစ်ဦးကိုမိန့်တော်မူသည်မှာ ‘အဆွေ၊ သင်၌မတရားသောအမှုကို ငါမပြု။ ဒေနာရိတစ်ပြားကို အမှတ်ပြု၍ သင်နှင့်ငါသည် ဝန်ခံသည်မဟုတ်လော။ သင်၏ဥစ္စာကိုယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှာ ငါအလိုရှိ၏။ ငါသည် ကိုယ်ဥစ္စာကိုပြုလိုသမျှမပြုရာသလော။ ငါသဘောကောင်းသောကြောင့် သင်မျက်မုန်းကျိုးရသလော’ ဟုဆိုလေ၏။” နိဂုံးချုပ်ရာ၌ ယေရှုသည် အစပိုင်း၌ပြောခဲ့သောစကားကို ထပ်မံ၍ပြောဆိုသည်မှာ “ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။”
ယေရှုသေဆုံးချိန်တွင်မဟုတ်ဘဲ စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် “စာရေး” ဖြစ်သူ ခရစ်တော်သည် တပည့်တော်များပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းချိန်တွင် ဒေနာရိပြားကိုခံယူခဲ့ရကြသည်။ ယေရှု၏ ဤတပည့်တော်များသည် ‘နောက်ကျဆုံးသူ’ သို့မဟုတ် ဆယ့်တစ်နာရီအချိန်တွင် အလုပ်ဝင်သူများနှင့်တူပါသည်။
ဒေနာရိပြားသည် သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးကိုယ်နှိုက်ကို ကိုယ်စားမပြုပါ။ ဒေနာရိသည် တပည့်တော်များ ကမ္ဘာပေါ်ရှိစဉ် အသုံးပြုရကြမည့်အရာတစ်ခုဖြစ်သည်။ သူတို့အတွက် အသက်မွေးဝမ်းကျောင်း၊ သူတို့ထာဝရအသက်ရရေးအတွက် အသုံးပြုရမည့်အရာဖြစ်သည်။ ယင်းကား ဝိညာဏဣသရေလသားတစ်ဦးဖြစ်ခွင့်ဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောပြောရန် ဘိသိက်ခံရခြင်းကိုပုံဆောင်သည်။
-
-
စပျစ်ဥယျာဉ်အတွင်းရှိ လုပ်သားများကင်းမျှော်စင်—၁၉၉၀ | ဩဂုတ် ၁၅
-
-
ထိုပထမရာစုပြည့်စုံချက်သည် ယေရှုဥပမာ၏ တစ်ခုတည်းသော ပြည့်စုံချက်လော။ မဟုတ်ပါ။ ဤ ၂၀ ရာစုခရစ်ယာန်ဘောင်ဓမ္မဆရာများသည် သူတို့၏အနေအထားနှင့် တာဝန်များကြောင့် ဘုရားသခင်၏ပုံဆောင်ရာစပျစ်ဥယျာဉ်တွင် အလုပ်လုပ်ကိုင်ရန် ‘ဦးဆုံး’ အငှားခံရသူများဖြစ်သည်။ ကင်းမျှော်စင်သမ္မာကျမ်းစာဝေစာအသင်းနှင့် ပူးပေါင်းသောဆက်ကပ်အပ်နှံ ဟောပြောသူများကိုကား ဘုရားသခင့်လုပ်ငန်းတော်မြတ်တွင် တရားဝင်ပါဝင်ခွင့်ရနိုင်ရန် ‘နောက်ကျဆုံး’ သူများဟုယူမှတ်ထားကြသည်။ အမှန်မှာ ဓမ္မဆရာများ၏အထင်သေးခြင်းခံရသည့် ဤသူများပင်လျှင် ဒေနာရိပြားတည်းဟူသော ဘုရားသခင့်နိုင်ငံတော်၏ ဘိသိက်ခံသံတမန်များအဖြစ် အမှုထမ်းခွင့်ကို ရရှိကြပါသည်။ မဿဲ ၁၉:၃၀–၂၀:၁၆။
-