ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၁/၁ စာ. ၁၆-၁၇
  • ယေရုရှလင်သို့ခရစ်တော်၏ အောင်မြင်စွာဝင်ရောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရုရှလင်သို့ခရစ်တော်၏ အောင်မြင်စွာဝင်ရောက်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရုရှလင်သို့ခရစ်တော် အောင်မြင်စွာဝင်ရောက်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဘုရင်က မြည်းကလေးစီးပြီး ဂျေရုဆလင်မြို့ထဲ၀င်လာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုကို မေရှိယနှင့်ဘုရင်အဖြစ် တစ်ခဲနက်ကြွေးကြော်ကြ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “အချိန်ရောက်လာပြီ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၁/၁ စာ. ၁၆-၁၇

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

ယေရုရှလင်သို့ခရစ်တော်၏ အောင်မြင်စွာဝင်ရောက်ခြင်း

နောက်တစ်နေ့နံနက်၊ နိသန်လ ၉ ရက်၊ တနင်္ဂနွေနေ့တွင် ယေရှုနှင့်တပည့်တော်များသည် ဗေသနိမှထွက်ခွာ၍ယေရုရှလင်ဘက်ရှိ သံလွင်တောင်သို့ဦးတည်ခဲ့ကြသည်။ အချိန်အနည်းငယ်အတွင်း သံလွင်တောင်ခြေရင်းဗက်ဖာဂေရွာအနီးသို့ ရောက်လာကြသည်။ ယေရှုသည်မိမိတပည့်နှစ်ဦးအား ဤသို့ညွှန်ကြားခဲ့သည်။

“သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ချည်နှောင်လျက်ရှိသော မြည်းမနှင့်မြည်းကလေးကို သင်တို့သည်ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။ သူတစ်ပါးသည်သင်တို့အား တစ်စုံတစ်ခုကိုဆိုလျှင် ‘သခင်အလိုရှိသည်’ ဟုပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည်ချက်ချင်းပေးလိုက်မည်။”

ပထမတွင်ယေရှု၏တပည့်တို့သည် ဤညွှန်ကြားချက်များမှာ ကျမ်းစာပရောဖက်ပြုချက်များပြည့်စုံခြင်းနှင့်ဆက်နွယ်နေကြောင်း မသိခဲ့သော်လည်း၊ နောက်ပိုင်းတွင် သူတို့လုပ်သည်ကိုသူတို့သဘောပေါက်လာကြသည်။ ပရောဖက်ဇာခရိက ဘုရားကတိထားရာဘုရင်သည် “မြည်းကလေးကိုစီး၍” ယေရှုရှလင်မြို့တွင်းသို့ဝင်လာမည်ဟု ကြိုဟောခဲ့သည်။ အလားတူပင်ဘုရင်ရှောလမုန်သည် သူ၏ဘိသိက်ပေးရာသို့ မြည်းကလေးကိုစီး၍သွားခဲ့သည်။

ဗက်ဖာဂေရွာသို့တပည့်တော်များဝင်ရောက်၍ မြည်းမနှင့်မြည်းကလေးကိုယူသောအခါ အနီးအနားတွင်ရပ်နေသူအချို့က “အဘယ်ကြောင့်မြည်းကြိုးကိုဖြည်သနည်း” ဟုမေးကြသည်။ တိရစ္ဆာန်များသည်သခင်အတွက်ဖြစ်သည်ဟု ပြောသောအခါလူတို့သည် တပည့်တော်တို့အားယေရှုထံသို့ ဆောင်သွားစေသည်။ တပည့်တော်တို့သည် မြည်းမနှင့်မြည်းကလေးအပေါ်တွင် မိမိတို့ဝတ်ရုံကိုတင်ကြပြီး ယေရှုသည်မြည်းကလေးအပေါ်စီးလေ၏။

ယေရှုသည်ယေရုရှလင်ဘက်သို့စီးသွားစဉ် လူအုပ်မှာတိုးများလာသည်။ လူများစုသည် မိမိတို့အဝတ်ကိုချွတ်၍ လမ်း၌ခင်းကြ၏။ အချို့မှာသစ်ခက်များကိုခုတ်၍ လမ်း၌ခင်းကြ၏။ “ထာဝရဘုရား [ယေဟောဝါ] ၏အခွင့်နှင့် ကြွလာတော်မူသောဘုရင်သည် မင်္ဂလာရှိစေသတည်း”ကြွေးကြော်ကြ၏။ “ကောင်းကင်၌ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်း။”

လူထုထဲရှိဖာရိရှဲအချို့မူ ဤကြွေးကြော်မှုများကြောင့် စိတ်ပျက်ကြသည်။ ထို့ကြောင့်ယေရှုကို “အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တော်များကိုဆုံးမပါ” ဟုအပြစ်တင်ကြသည်။ ယေရှုက “ငါဆိုသည်ကားဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်းကြွေးကြော်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။

ယေရှုသည်ယေရုရှလင်ကိုချဉ်းကပ်စဉ် မြို့ကိုကြည့်၍ငိုကြွေးတော်မူ၍ “အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော အရာတို့ကိုသင်၏လက်ထက် ယခုကာလ၌ပင်သင်သိရလျှင်မင်္ဂလာရှိ၏။ ယခုမူကားထိုအရာတို့ကို သင်၏မျက်စိရှေ့မှာမထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။” သူမသည်သိလျက်နှင့်နာမခံမှုကြောင့် ယေရှုကြိုတင်ပြောခဲ့သည့်အတိုင်း အခကိုပေးရမည်။

သင်၏ရန်သူ (ဗိုလ်ချုပ်တိတုလက်အောက်ရှိရောမများ) တို့သည်သင့်ပတ်လည်တွင် တပ်တည်၍လေးမျက်နှာ၌ဝိုင်:ရံလျက် ချုပ်ထားပြီးလျှင်သင်၏ကိုယ်မှစ၍ သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းညှိသဖြင့် သင်၌ကျောက်တစ်ခုပေါ်တစ်ခုမျှ ထပ်ဆင့်၍မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်” ဟုမိန့်တော်မူ၏။ ခရစ်တော်ကြိုတင်ဟောခဲ့သော ယေရုရှလင်ပျက်စီးခြင်းသည် အမှန်ပင် ၃၇ နှစ်ကြာပြီးနောက် စီအီး ၇၀ တွင်ပြည့်စုံခဲ့သည်။

စောစောပိုင်းသီတင်းပတ်အနည်းငယ်ခန့်က လူအုပ်ထဲရှိလူအများသည် လာဇရုအားယေရှုရှင်ပြန်ထမြောက်စေခဲ့သည်ကို တွေ့ရှိခဲ့ကြသည်။ ဤသူများသည် ထိုနိမိတ်လက္ခဏာနှင့်ပတ်သက်၍ အခြားသူများအားပြောဆိုလျက်နေကြသည်။ ထို့ကြောင့်ယေရှုသည်ယေရုရှလင်သို့ ဝင်ရောက်သောအခါတစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ကြပြီး၊ “ဤသူကားအဘယ်သူနည်း” ဟုလူတို့သိချင်ကြသည်။ “ဤလူကားဂါလိလဲပြည်နာဇရက်မြို့၌ပေါ်ထွန်းသော ပရောဖက်ယေရှုပင်ဖြစ်သည်” ဟုလူတို့ကအဆက်မပြတ်ပြောကြသည်။ ဖြစ်ပျက်နေသည်ကို ဖာရိရှဲတို့မြင်တွေ့ရပြီးနောက် မတတ်နိုင်ကြသောကြောင့် “ဤလောကသည် ထိုသူနောက်သို့လိုက်ပါသွားကြပါသည်တကား” ဟုမြည်တမ်းကြသည်။

ယေရှုသည်ယေရုရှလင်မြို့ကိုလည်ပတ်သည့်အခါ ထုံးစံရှိသည်အတိုင်း ဗိမာန်တော်သို့သွား၍ ဆုံးမသွန်သင်၏။ ထိုတွင်မျက်စိကန်းသောသူ၊ ခြေမစွမ်းသန်သောသူတို့သည် အထံတော်သို့လာကြရာ သူတို့အနာရောဂါကို ကိုယ်တော်ငြိမ်းစေတော်မူ၏။ ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုလည်းကောင်း၊ သူငယ်တို့ကလည်း “ဒါဝိဒ်၏သားတော်ကယ်တင်တော်မူပါ၊ ကျွန်ုပ်တို့ဆုတောင်းပါ၏ [NW]” ဟုဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည်ကြားမြင်လျှင် အမျက်ထွက်ကြ၍ “ဤသူတို့သည်အဘယ်သို့ ပြောဆိုသည်ကိုကြားသလော” ဟုယေရှုအားကန့်ကွက်ကြ၏။

“ငါကြား၏” ဟုယေရှုပြန်ဖြေတော်မူ၏။ “နို့စို့သူငယ်တို့နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည် ဟူသောစကားကိုသင်တို့သည်တစ်ရံတစ်ခါမျှမဖတ်ဖူးသလော” ဟုမိန့်တော်မူ၏။

ယေရှုသည် ဆက်လက်သွန်သင်တော်မူပြီး၊ ဗိမာန်တော်ရှိအရာခပ်သိမ်းကိုကြည့်ရှုတော်မူ၏။ မကြာမီပင်အချိန်နှောင်းလာသည်။ သို့နှင့်ကိုယ်တော်သည် ၁၂ ပါးနှင့်အတူနှစ်မိုင်ခန့်အကွာအဝေးရှိ ဗေသနိရွာသို့ခရီးခေါက်ခဲ့သည်။ ထိုတနင်္ဂနွေညဉ့်ယံကို လာဇရု၏အိမ်တွင် ကုန်လွန်စေခဲ့ပုံရသည်။ မဿဲ ၂၁:၁-၁၁၊ ၁၄-၁၇။ မာကု ၁၁:၁-၁၁။ လုကာ ၁၉:၂၉-၄၄။ ယောဟန် ၁၂:၁၂-၁၉။ ဇာခရိ ၉:၉။

◆ ယေရှုသည်မည်သည့်အချိန်နှင့် မည်ကဲ့သို့ရှင်ဘုရင်အဖြစ် ယေရုရှလင်သို့ဝင်ရောက်ခဲ့သနည်း။

◆ လူအုပ်များသည် ယေရှုကိုထောပနာပြုခြင်းသည် အဘယ်မျှလောက်အရေးကြီးသနည်း။

◆ ယေရုရှလင်မြို့ကိုရှုမြင်သောအခါ ယေရှုမည်ကဲ့သို့ခံစားရသနည်း။ မည်သည့်ပရောဖက်ပြုချက်ကို မိန့်မြွက်တော်မူသနည်း။

◆ ဗိမာန်တော်သို့ယေရှုသွားရောက်စဉ် ဘာဖြစ်ပျက်ခဲ့သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ