-
ဘုရင်က သူ့နောက်လိုက်တွေကို ဝတ်ပြုရေးပိုင်းမှာ သန့်စင်ပေးဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
-
-
၁–၃။ ဗိမာန်တော် ညစ်ညမ်းသွားအောင်လုပ်နေတာကို ယေရှုတွေ့တဲ့အခါ ဘာလုပ်ခဲ့သလဲ။
ယေရှုက ဂျေရုဆလင်ဗိမာန်တော်ကို သိပ်လေးစားတယ်။ အဲဒါက မြေကြီးပေါ်မှာ စစ်မှန်တဲ့၀တ်ပြုရေးဗဟိုအဖြစ် ဟိုးအရင်ကတည်းက တည်ရှိခဲ့မှန်း ယေရှုသိလို့ပဲ။ သန့်ရှင်းတဲ့ဘုရားသခင် ယေဟောဝါရဲ့ဝတ်ပြုရေးဟာ သန့်ရှင်းစင်ကြယ်နေရမယ်။ ဒါပေမဲ့ အေဒီ ၃၃၊ နိသန်လ ၁၀ ရက်မှာ ဗိမာန်တော်ကို ယေရှုရောက်လာတဲ့အခါ အဲဒီမှာတွေ့ရတဲ့ ညစ်ညမ်းမှုတွေကြောင့် ဘယ်လိုခံစားခဲ့ရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီမှာ ဘာတွေဖြစ်ပျက်နေလို့လဲ။—မဿဲ ၂၁:၁၂၊ ၁၃ ကို ဖတ်ပါ။
၂ လူမျိုးခြားရင်ပြင်မှာ လောဘကြီးတဲ့ကုန်သည်တွေနဲ့ ငွေလဲလှယ်သူတွေက ယေဟောဝါဆီယဇ်ပူဇော်ဖို့ရောက်လာသူတွေကို မတရားအမြတ်ထုတ်နေကြတယ်။a ဒါကြောင့် ယေရှုက ‘ရောင်းဝယ်နေကြသောသူအပေါင်းတို့ကို နှင်ထုတ်၍ ငွေလဲလှယ်သူတို့၏စားပွဲများကို မှောက်လှန်’ ခဲ့တယ်။ (နေဟမိ ၁၃:၇-၉ နဲ့နှိုင်းယှဉ်ပါ။) ခမည်းတော်ရဲ့အိမ်တော်ကို “ဓားပြခိုအောင်းရာ” ဖြစ်စေတဲ့အတွက် အဲဒီအတ္တသမားတွေကို ပြစ်တင်ရှုတ်ချခဲ့တယ်။ ဒီလိုနည်းနဲ့ ယေရှုက ဗိမာန်တော်နဲ့ ဗိမာန်တော်မှာကိုးကွယ်ခံရတဲ့အရှင်ကို ရိုသေလေးစားမှုတင်ပြခဲ့တယ်။ သူ့ခမည်းတော်ရဲ့၀တ်ပြုရေးဟာ သန့်ရှင်းစင်ကြယ်နေရမယ်။
-
-
ဘုရင်က သူ့နောက်လိုက်တွေကို ဝတ်ပြုရေးပိုင်းမှာ သန့်စင်ပေးဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
-
-
a ဗိမာန်တော်ကို ရောက်လာတဲ့ဂျူးတွေဟာ နှစ်စဉ် ဗိမာန်တော်အခွန်ဆောင်ဖို့ သူတို့ယူလာတဲ့ငွေကို ဒေသသုံးငွေကြေးနဲ့ လဲလှယ်ရတယ်။ အဲဒီအခါ ငွေလဲပေးသူတွေက ဝန်ဆောင်ခယူကြတယ်။ ဒါ့အပြင် ဧည့်သည်တွေက ယဇ်ပူဇော်ဖို့ တိရစ္ဆာန်တွေကိုလည်း ဝယ်ရတယ်။ ဖြစ်နိုင်တာက ကုန်သည်တွေဟာ မတန်တဆစျေးတင်ကြတယ်၊ ဝန်ဆောင်ခကိုလည်း တရားလွန်တောင်းဆိုကြပုံပဲ။ ဒါကြောင့် ယေရှုက သူတို့ကို ‘ဓားပြတွေ’ လို့ခေါ်ခဲ့တယ်။
-