ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bhs အခန်း ၉ စာ. ၉၄-၁၀၄
  • ဒီလောကရဲ့အဆုံး နီးပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒီလောကရဲ့အဆုံး နီးပြီလား
  • သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကျမ်းစာသွန်သင်ရာ ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်စစ်ပွဲ
  • နောက်ဆုံးကာလ
  • နောက်ဆုံးကာလမှာ လူတွေရဲ့အခြေအနေ
  • နောက်ဆုံးကာလမှာ သတင်းကောင်း
  • သင် ဘာလုပ်မလဲ
  • “နောက်ဆုံးကာလ” တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိနိုင်ပုံ
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • နောက်ဆုံးကာလဟူသည် မည်သည့်အချိန်ကို ဆိုလိုသနည်း
    နိုးလော့!—၂၀၀၈
  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ သွန်သင်ရာများ
bhs အခန်း ၉ စာ. ၉၄-၁၀၄

အခန်းကိုး

ဒီလောကရဲ့အဆုံး နီးပြီလား

၁။ အနာဂတ်အကြောင်း ဘယ်ကနေ သိနိုင်သလဲ။

သတင်းတွေကိုကြည့်ပြီး ‘အခြေအနေတွေ ပိုဆိုးလာပါလား’ လို့ သင် တွေးဖူးသလား။ အဖြစ်ဆိုးတွေ၊ ရက်စက်မှုတွေ များလွန်းလို့ လောကရဲ့အဆုံး နီးပြီလို့ တချို့ထင်နေကြတယ်။ ဒါဟာ အမှန်ပဲလား။ အနာဂတ်အကြောင်း သိနိုင်တဲ့နည်း ရှိသလား။ ရှိပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ လူတွေ ကြိုမသိနိုင်ပေမဲ့ ယေဟောဝါဘုရားကတော့ သိနိုင်တယ်။ ကျွန်တော်တို့ရဲ့အနာဂတ်နဲ့ ကမ္ဘာမြေရဲ့ အနာဂတ်အကြောင်း ကျမ်းစာကတစ်ဆင့် ပြောပြတယ်။—ဟေရှာယ ၄၆:၁၀။ ယာကုပ် ၄:၁၄။

၂၊ ၃။ ယေရှုရဲ့တပည့်တွေ ဘာကို သိချင်ကြသလဲ၊ ယေရှု ဘယ်လို အဖြေပေးသလဲ။

၂ ဒီလောကရဲ့အဆုံးအကြောင်း ကျမ်းစာမှာ ဖတ်ရတဲ့အခါ ကမ္ဘာကြီးပျက်သွားမှာကို မဆိုလိုဘဲ ဆိုးသွမ်းမှုတွေ အဆုံးတိုင်သွားမှာကို ဆိုလိုမှန်း သိရတယ်။ ကမ္ဘာကို ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မယ့်အကြောင်း လူတွေကို ယေရှု သင်ပေးတယ်။ (လုကာ ၄:၄၃) ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာ အုပ်ချုပ်မယ်ဆိုတာ တပည့်တွေ သိချင်တဲ့အတွက် “အဲဒါတွေ ဘယ်တော့ဖြစ်မှာလဲ။ သခင် ရောက်ရှိနေပြီ၊ လောကစနစ်နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့ နိမိတ်ဟာ ဘာလဲ” လို့မေးကြတယ်။ (မဿဲ ၂၄:၃) အချိန်အတိအကျကို ယေရှုမပြောပြပေမဲ့ ဒီလောကအဆုံးမတိုင်ခင် ဘာဖြစ်လာမယ်ဆိုတာကိုတော့ ပြောပြတယ်။ ယေရှုကြိုပြောခဲ့တာတွေ အခုအချိန်မှာ ဖြစ်ပျက်နေပြီ။

၃ ဒီလောကအဆုံး မတိုင်ခင်လေးမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်ဆိုတာ ဖော်ပြတဲ့ အထောက်အထားတွေကို ဒီအခန်းမှာ လေ့လာကြမယ်။ ဦးဆုံး၊ ကောင်းကင်မှာဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်း သိထားဖို့လိုတယ်။ ဒါမှ ကမ္ဘာ့အခြေအနေ ဘာကြောင့် ဒီလောက်ဆိုးနေတယ်ဆိုတာ နားလည်နိုင်မယ်။

ကောင်းကင်စစ်ပွဲ

၄၊ ၅။ (က) ကောင်းကင်မှာ ယေရှု ဘုရင်ဖြစ်ပြီး မကြာခင် ဘာဖြစ်ပျက်ခဲ့သလဲ။ (ခ) ဗျာဒိတ် ၁၂:၁၂ အရ စာတန် မြေကြီးပေါ် ပစ်ချခံရပြီးနောက် ဘာဖြစ်ခဲ့သလဲ။

၄ ၁၉၁၄ ခုနှစ်မှာ ယေရှု ကောင်းကင်မှာ ဘုရင်ဖြစ်လာတယ်ဆိုတဲ့အကြောင်းကို အခန်း ၈ မှာ သိခဲ့ရပြီ။ (ဒံယေလ ၇:၁၃၊ ၁၄) “ကောင်းကင်မှာ စစ်ဖြစ်တယ်။ မိက္ခေလ[ယေရှု]နဲ့ သူ့ရဲ့ကောင်းကင်တမန်တွေက နဂါး[စာတန်]နဲ့ တိုက်ခိုက်ကြတယ်။ နဂါးနဲ့ သူ့ရဲ့ ကောင်းကင်တမန်တွေလည်း ပြန်တိုက်ခိုက်ကြတယ်”a လို့ ဗျာဒိတ်ကျမ်းမှာ ပြောပြတယ်။ စာတန်နဲ့ နတ်ဆိုးတွေ စစ်ရှုံးပြီး မြေကြီးပေါ် ပစ်ချခံရတယ်။ ကောင်းကင်တမန်တွေ ဝမ်းသာလိုက်ကြတာ။ မြေကြီးပေါ်က လူတွေကျတော့ကော။ လူသားတွေ အဖြစ်ဆိုး ကြုံရမယ်လို့ ကျမ်းစာပြောတယ်။ ဘာကြောင့်လဲ။ မာရ်နတ်က “သူ့အတွက် အချိန်နည်းနည်းပဲ ကျန်တော့မှန်း သိလို့” ဒေါသထွက်နေလို့ပဲ။—ဗျာဒိတ် ၁၂:၇၊ ၉၊ ၁၂။

၅ မာရ်နတ်က ကမ္ဘာ့အခြေအနေ ဆိုးသည်ထက်ဆိုးအောင် ဖန်တီးနေတယ်။ သိပ်မကြာခင် ဖျက်ဆီးခံရတော့မှာဖြစ်လို့ သူ ဒေါသထွက်နေတယ်။ နောက်ဆုံးကာလမှာ ဘာတွေဖြစ်လာမယ်လို့ ယေရှုပြောခဲ့သလဲ၊ လေ့လာကြည့်ကြစို့။—ရှင်းလင်းချက် ၂၄ ကိုကြည့်ပါ။

နောက်ဆုံးကာလ

၆၊ ၇။ အခုခေတ် စစ်ပွဲ၊ အငတ်ဘေးအကြောင်း ဘာတွေ သိရသလဲ။

၆ စစ်ပွဲ။ “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်” လို့ယေရှုပြောတယ်။ (မဿဲ ၂၄:၇) သမိုင်းတစ်လျှောက် စစ်ကြောင့် သေဆုံးသူတွေဟာ ကျွန်တော်တို့ခေတ်မှာ အများဆုံးပဲ။ ၁၉၁၄ ခုနှစ်ကစပြီး စစ်ပွဲတွေကြောင့် လူသန်းပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့ရဲ့ မှတ်တမ်းက ဖော်ပြတယ်။ ၁၉၀၀-၂၀၀၀ ခုနှစ်ကြား အနှစ် ၁၀၀ အတွင်း စစ်ကြောင့် သေဆုံးခဲ့သူဦးရေဟာ လွန်ခဲ့တဲ့အနှစ် ၁,၉၀၀ အတွင်း သေဆုံးခဲ့သူဦးရေထက် သုံးဆပိုများတယ်။ စစ်ကြောင့် လူသန်းပေါင်းများစွာ ဘယ်လောက်တောင် နာကျင်ခံစားရမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။

နောက်ဆုံးကာလမြင်ကွင်း– ဗုံးပေါက်ကွဲ, အာဟာရချို့တဲ့တဲ့ကလေး, စစ်လေယာဉ်, ငလျင်ကြောင့် ပိတ်မိနေသူ

၇ အငတ်ဘေး။ “အစာခေါင်းပါး” လိမ့်မယ်လို့ ယေရှုပြောတယ်။ (မဿဲ ၂၄:၇) အစားအစာတွေ အရင်ကထက်ပိုပြီး ထုတ်လုပ်နေတာတောင် မဝရေစာ စားနေရသူတွေ အများကြီးပဲ။ ဘာကြောင့်လဲ။ အစားအစာဝယ်ဖို့ငွေ၊ စိုက်ပျိုးဖို့မြေ အလုံအလောက် မရှိလို့ပဲ။ လူသန်းတစ်ထောင်ကျော်ဟာ တစ်နေ့ကို တစ်ဒေါ်လာတောင် မပြည့်တဲ့ ဝင်ငွေနဲ့ အသက်မွေးနေရတယ်။ သန်းနဲ့ချီတဲ့ ကလေးငယ်တွေ နှစ်စဉ် သေဆုံးရတဲ့ အဓိကအကြောင်းရင်းက မဝရေစာစားပြီး အာဟာရချို့တဲ့လို့ ဖြစ်တယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောတယ်။

၈၊ ၉။ ငလျင်၊ ရောဂါတွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့ ကြိုဟောချက် ပြည့်စုံကြောင်း ဘာက ဖော်ပြသလဲ။

၈ ငလျင်။ “ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်” လို့ ယေရှု ကြိုပြောတယ်။ (လုကာ ၂၁:၁၁) နှစ်တိုင်း ပြင်းထန်တဲ့ ငလျင်တွေ လှုပ်လေ့ရှိတယ်။ ၁၉၀၀ ပြည့်နှစ်ကစပြီး လှုပ်ခဲ့တဲ့ ငလျင်တွေကြောင့် လူနှစ်သန်းကျော် သေဆုံးခဲ့ရတယ်။ ငလျင်ခန့်မှန်းတဲ့ နည်းပညာတွေ အရင်ကထက် တိုးတက်လာပေမဲ့ ငလျင်ကြောင့် လူတွေ သေဆုံးနေရဆဲပဲ။

၉ ရောဂါ။ “ကပ်ရောဂါဘေးတွေ” ဖြစ်လိမ့်မယ်လို့ ယေရှု ကြိုပြောတယ်။ ရောဂါဆိုးတွေ ကူးစက်ပြန့်ပွားပြီး လူတွေအများကြီး သေဆုံးမယ်။ (လုကာ ၂၁:၁၁) ဆရာဝန်တွေက ရောဂါကုသနည်းတွေကို ပိုသိလာတာတောင် ကုလို့မရတဲ့ရောဂါတွေ ရှိနေတုန်းပါပဲ။ တီဘီ၊ ငှက်ဖျားနဲ့ ကာလဝမ်းစတဲ့ ရောဂါတွေကြောင့် နှစ်စဉ် လူသန်းနဲ့ချီ သေရတယ်လို့ မှတ်တမ်းတစ်ခုမှာ ဖော်ပြတယ်။ ဒါတင်မကသေးဘူး။ ရောဂါအသစ်အဆန်း အမျိုးပေါင်း ၃၀ ကို ဆရာဝန်တွေ တွေ့ရှိခဲ့ပေမဲ့ တချို့ရောဂါတွေဟာ ကုသနည်း မရှိသေးဘူး။

နောက်ဆုံးကာလမှာ လူတွေရဲ့အခြေအနေ

နောက်ဆုံးကာလမြင်ကွင်း– လူနာ, ငွေတပ်မက်ပြီး အပျော်အပါး လိုက်စားနေသူ, ပြဿနာရှိတဲ့အိမ်ထောင်, စစ်မြေပြင်မှ စစ်သားတွေ

၁၀။ ၂ တိမောသေ ၃:၁-၅ အတိုင်း အခု ဘယ်လိုပြည့်စုံနေသလဲ။

၁၀ “နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်” ဆိုပြီး ၂ တိမောသေ ၃:၁-၅ မှာ ပြောတယ်။ နောက်ဆုံးကာလမှာ လူတွေရဲ့ ပြုမူကျင့်ကြံပုံအကြောင်း တမန်တော် ပေါလု ရေးခဲ့တယ်။

  • တစ်ကိုယ်ကောင်းဆန်သူ

  • ငွေတပ်မက်သူ

  • မိဘစကားနားမထောင်သူ

  • သစ္စာမရှိသူ

  • မိသားစုသံယောဇဉ်မရှိသူ

  • မချုပ်တည်းနိုင်သူ

  • အကြမ်းဖက်တတ်သူ၊ ရန်လိုသူ

  • ဘုရားသခင်ကို ချစ်တာထက် အပျော်အပါးကို ပိုနှစ်သက်သူ

  • ဘုရားတရား ကြည်ညိုဟန်ရှိပေမဲ့ ဘုရားစကား နားမထောင်သူတွေဖြစ်မယ်လို့ ပေါလုပြောခဲ့တယ်။

၁၁။ ဆာလံ ၉၂:၇ အရ လူဆိုးတွေ ဘယ်လိုဖြစ်သွားမလဲ။

၁၁ သင့်ဒေသမှာရှိတဲ့ လူတွေဟာ အဲဒီလို လူစားမျိုးတွေလား။ ကမ္ဘာပေါ်မှာ အဲဒီလိုလူစားမျိုးတွေ အများကြီးပဲ။ မကြာခင် ဘုရားသခင် အရေးယူ လုပ်ဆောင်ပါတော့မယ်။ “လူဆိုးတွေ ပေါင်းပင်လို ပေါက်နေပြီး အမှားလုပ်တဲ့သူတွေ ရှင်သန်ကြီးထွားနေပေမဲ့ နောက်ဆုံးတော့ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်” လို့ ဘုရား ကတိပေးထားတယ်။—ဆာလံ ၉၂:၇။

နောက်ဆုံးကာလမှာ သတင်းကောင်း

၁၂၊ ၁၃။ ယေဟောဝါက နောက်ဆုံးကာလမှာ ဘာအကြောင်း သိရှိစေသလဲ။

၁၂ နောက်ဆုံးကာလမှာ တစ်ကမ္ဘာလုံး ဆင်းရဲဒုက္ခတွေ ပြည့်နေမယ်လို့ ကျမ်းစာကြိုဟောတယ်။ စိတ်ချမ်းသာစရာတွေ ရှိမယ်လို့လည်း ပြောထားတယ်။

ယေဟောဝါသက်သေတွေ ကမ္ဘာတစ်ခွင်မှာ နိုင်ငံတော်သတင်းကောင်း ဟောပြောနေ

“နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။” —မဿဲ ၂၄:၁၄။

၁၃ ကျမ်းစာအကြောင်း သိနားလည်ခြင်း။ နောက်ဆုံးကာလမှာ “စစ်မှန်တဲ့အသိပညာ တိုးများလာလိမ့်မယ်” ဆိုပြီး ပရောဖက်ဒံယေလ ရေးခဲ့တယ်။ (ဒံယေလ ၁၂:၄) အထူးသဖြင့် ၁၉၁၄ ကစပြီး မိမိရဲ့လူတွေ ကျမ်းစာအကြောင်း ပိုသိနားလည်ဖို့ ယေဟောဝါဘုရား ကူညီပေးတယ်။ နာမတော် အရေးပါပုံ၊ ကမ္ဘာမြေအတွက် ဘုရားရည်ရွယ်ချက်၊ ရွေးဖိုး၊ သေလွန်သူတွေရဲ့ အခြေအနေ၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်း သိနားလည်စေတယ်။ ဘုရားသခင့်နိုင်ငံတော်ကသာ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့အကြောင်း သိလာကြတယ်။ ပျော်ရွှင်မှု ခံစားနိုင်ပုံ၊ ဘုရားနှစ်သက်တဲ့ လမ်းစဉ်အတိုင်း အသက်ရှင်နိုင်ပုံကိုလည်း သိလာကြတယ်။ အဲဒီလို သိလာတဲ့အခါ ဘုရားကိုဝတ်ပြုသူတွေ ဘာလုပ်ကြသလဲ။ နောက်ကြိုဟောချက်တစ်ခုက အဖြေပေးတယ်။—ရှင်းလင်းချက် ၂၁ နဲ့ ၂၅ ကိုကြည့်ပါ။

၁၄။ နိုင်ငံတော်သတင်းကောင်းကို ဘယ်မှာ ဟောပြောနေသလဲ၊ ဘယ်သူတွေ ဟောနေသလဲ။

၁၄ ကမ္ဘာတစ်ခွင် ဟောပြောခြင်း။ နောက်ဆုံးကာလနဲ့ပတ်သက်ပြီး ယေရှုက “နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်” လို့ပြောတယ်။ (မဿဲ ၂၄:၃၊ ၁၄) နိုင်ငံတော်သတင်းကောင်းကို နိုင်ငံပေါင်း ၂၃၀ ကျော်မှာ ဘာသာစကားပေါင်း ၇၀၀ ကျော်နဲ့ ဟောပြောနေတယ်။ “လူမျိုးတွေ၊ မျိုးနွယ်တွေ” ထဲက ထွက်လာတဲ့ ယေဟောဝါသက်သေတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံတော် ဘာလုပ်ပေးမယ့်အကြောင်း လူတွေ နားလည်လာအောင် ကမ္ဘာတစ်ဝန်းမှာ ကူညီပေးနေတယ်။ (ဗျာဒိတ် ၇:၉) အဲဒီအတွက် အခကြေးငွေ မကောက်ကြဘူး။ ယေရှု ကြိုပြောထားတဲ့အတိုင်း အမုန်းခံရ၊ နှိပ်စက်ခံရပေမဲ့ သူတို့ မဟောအောင် ဘာကမှ တားဆီးလို့ မရဘူး။—လုကာ ၂၁:၁၇။

သင် ဘာလုပ်မလဲ

၁၅။ (က) နောက်ဆုံးကာလမှာ အသက်ရှင်နေရတယ်ဆိုတာ သင်ယုံသလား၊ ဘာကြောင့်လဲ။ (ခ) ယေဟောဝါကို နာခံသူတွေ ဘာခံစားရမလဲ၊ မနာခံသူတွေကော ဘာဖြစ်သွားမလဲ။

၁၅ နောက်ဆုံးကာလမှာ အသက်ရှင်နေရတယ်ဆိုတာ သင်ယုံသလား။ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ကျမ်းစာကြိုဟောချက်တွေ အများကြီး ပြည့်စုံနေတယ်။ သတင်းကောင်းဟောတာကို ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ ယေဟောဝါ မကြာခင် ဆုံးဖြတ်ပါတော့မယ်။ ပြီးရင် “အဆုံးရောက်လာလိမ့်မယ်။” (မဿဲ ၂၄:၁၄) အဲဒီအဆုံးဆိုတာကတော့ ဆိုးသွမ်းမှုတွေကို ဘုရားသခင် ဖယ်ရှားပစ်မယ့်အချိန်၊ အာမဂေဒုန်ကို ဆိုလိုတယ်။ ဘုရားသခင်နဲ့ ယေရှုကို မနာခံသူအားလုံး ဖျက်ဆီးခံရမယ်။ ယေဟောဝါက ယေရှုနဲ့ တန်ခိုးကြီး ကောင်းကင်တမန်တွေကို သုံးပြီး ဖျက်ဆီးပစ်မယ်။ (၂ သက်သာလောနိတ် ၁:၆-၉) အဲဒီနောက် လူတွေကို စာတန်နဲ့ နတ်ဆိုးတွေ လှည့်ဖြားနိုင်တော့မှာ မဟုတ်ဘူး။ ဘုရားသခင်ကို နာခံလိုသူတွေ၊ နိုင်ငံတော်ကို လက်အောက်ခံလိုသူတွေဟာ ဘုရားကတိအားလုံး ပြည့်စုံလာတာကို မြင်တွေ့ရမယ်။—ဗျာဒိတ် ၂၀:၁-၃။ ၂၁:၃-၅။

၁၆။ အဆုံးသိပ်နီးနေပြီဖြစ်လို့ သင် ဘာလုပ်သင့်သလဲ။

၁၆ စာတန်အုပ်ချုပ်တဲ့ ဒီလောကဟာ အဆုံးတိုင်တော့မယ်။ ဒါကြောင့် ‘ငါ ဘာလုပ်သင့်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးဖို့လိုတယ်။ ယေဟောဝါက သင့်ကို အတတ်နိုင်ဆုံး ကျမ်းစာ လေ့လာဆည်းပူးစေချင်တယ်။ ဒါကြောင့် အလေးအနက် သဘောထားပြီး လေ့လာရမယ်။ (ယောဟန် ၁၇:၃) ယေဟောဝါသက်သေတွေရဲ့ ပတ်စဉ် အစည်းအဝေးတွေက ကျမ်းစာအကြောင်း ပိုနားလည်အောင် ကူညီပေးတယ်။ အဲဒီအစည်းအဝေးတွေကို မှန်မှန်တက်ဖို့ ကြိုးစားပါ။ (ဟီဘရူး ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) ပြုပြင်ပြောင်းလဲဖို့ လိုအပ်ရင် ပြုပြင်ပြောင်းလဲလိုက်ပါ။ ဒါဆိုရင် ယေဟောဝါနဲ့ ပိုပြီးရင်းနှီးလာပါလိမ့်မယ်။—ယာကုပ် ၄:၈။

၁၇။ အဆုံးရောက်လာတဲ့အခါ လူအများစု ဘာကြောင့် အံ့သြကြမလဲ။

၁၇ “ညအချိန်မှာ သူခိုးလာသလို” လူအများ မထင်မှတ်တဲ့အချိန်မှာ လူဆိုးတွေ ဖျက်ဆီးခံရမယ်လို့ တမန်တော်ပေါလု ပြောတယ်။ (၁ သက်သာလောနိတ် ၅:၂) နောက်ဆုံးကာလမှာ အသက်ရှင်နေရတယ်ဆိုတဲ့ အထောက်အထားကို လူအများစု ဂရုစိုက်မှာ မဟုတ်ဘူးဆိုပြီး ယေရှု ကြိုပြောတယ်– “နောဧလက်ထက်မှာ ဖြစ်သလို လူသား ရောက်ရှိနေချိန်[နောက်ဆုံးကာလ]မှာ ဖြစ်လိမ့်မယ်။ ရေလွှမ်းမိုးဘေး မတိုင်ခင်တုန်းက လူတွေဟာ နောဧ သင်္ဘောထဲဝင်တဲ့နေ့အထိ စားလိုက်၊ သောက်လိုက်၊ ထိမ်းမြားပေးစားလိုက် လုပ်နေကြတယ်။ ရေလွှမ်းမိုးဘေးရောက်ပြီး အားလုံးကို သုတ်သင်ပယ်ရှင်းလိုက်ချိန်အထိ သတိမဲ့နေကြတယ်။ လူသား ရောက်ရှိနေချိန်မှာလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။”—မဿဲ ၂၄:၃၇-၃၉။

၁၈။ ယေရှု ဘယ်လိုသတိပေးခဲ့သလဲ။

၁၈ “စားကြူးသောက်ကြူးတာတွေ၊ ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေကြောင့်” အာရုံမပျံ့လွင့်ဖို့ ယေရှု သတိပေးတယ်။ အဆုံးဟာ “ထောင်ချောက်” လိုပဲ ရုတ်တရက် ရောက်လာမယ်။ ‘မြေတစ်ပြင်လုံးမှာရှိတဲ့ လူအားလုံး ကြုံရမယ်’ လို့လည်း ပြောတယ်။ “ဒါကြောင့် နိုးကြားနေပါ။ အမြဲ [စိတ်ရင်းမှန်နဲ့ ဆုတောင်း] တိုးလျှိုးအသနားခံပါ။ ဒါမှ ဒါတွေဖြစ်ပျက်လာတဲ့အခါ ခင်ဗျားတို့ လွတ်မြောက်ပြီး လူသားရှေ့မှာ ရပ်နေနိုင်လိမ့်မယ်” လို့ ယေရှု သတိပေးတယ်။ (လုကာ ၂၁:၃၄-၃၆) ယေရှုရဲ့သတိပေးချက်ကို လိုက်နာဖို့ ဘာကြောင့် အရေးကြီးတာလဲ။ မကြာခင် စာတန်ရဲ့ ဆိုးသွမ်းတဲ့လောက ဖျက်ဆီးခံရတော့မှာဖြစ်လို့ပဲ။ ယေဟောဝါနဲ့ ယေရှုရဲ့ မျက်နှာသာရရှိသူတွေသာ အသက်ရှင်လွတ်မြောက်ပြီး ကမ္ဘာသစ်မှာ ထာဝစဉ် နေထိုင်ကြရမယ်။—ယောဟန် ၃:၁၆။ ၂ ပေတရု ၃:၁၃။

a မိက္ခေလဆိုတာ ယေရှုခရစ်ရဲ့ နာမည်နောက်တစ်မျိုး ဖြစ်တယ်။ ပိုသိချင်ရင် ရှင်းလင်းချက် ၂၃ ကိုကြည့်ပါ။

အကျဉ်းချုပ်

အမှန်တရား ၁။ အနာဂတ်အကြောင်း ယေဟောဝါ ဖော်ပြတယ်

“နောက်ဆုံးရလဒ်ကို အစကတည်းက ငါကြိုဟောခဲ့တယ်။ မလုပ်ဆောင်ရသေးတဲ့ အရာတွေကို ရှေးကတည်းက ကြိုဟောခဲ့တယ်။” —ဟေရှာယ ၄၆:၁၀

ဒီလောကရဲ့အဆုံးအကြောင်း ကျွန်တော်တို့ ဘာသိရသလဲ။

  • ဒံယေလ ၇:၁၃၊ ၁၄

    ၁၉၁၄ ခုနှစ်မှာ ယေရှု ကောင်းကင်မှာ ဘုရင်ဖြစ်လာတယ်။

  • မဿဲ ၂၄:၃–၁၄

    ခက်ခဲကျပ်တည်းတဲ့ ကာလအကြောင်း ယေရှု ကြိုပြောတယ်။

  • ဗျာဒိတ် ၁၂:၇–၉၊ ၁၂

    ယေရှု ဘုရင်ဖြစ်ပြီး မကြာမီ စာတန်ကို မြေကြီးပေါ် ပစ်ချတယ်။ ဘုရား မဖျက်ဆီးခင် သူ့အတွက် “အချိန်နည်းနည်းပဲ ကျန်တော့လို့” စာတန် ဒေါသထွက်နေတယ်။

အမှန်တရား ၂။ နောက်ဆုံးကာလမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်

“လောကစနစ်နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့ နိမိတ်ဟာ ဘာလဲ။” —မဿဲ ၂၄:၃

ကျမ်းစာကြိုဟောချက်တွေ ပြည့်စုံတာကို မြင်ရပြီလား။

  • မဿဲ ၂၄:၇။ လုကာ ၂၁:၁၁

    စစ်ပွဲ၊ အငတ်ဘေး၊ ငလျင်၊ ရောဂါတွေ အရင်ကထက် ပိုများလာတယ်။

  • ၂ တိမောသေ ၃:၁–၅

    နောက်ဆုံးကာလမှာ လူတွေ ဘယ်လို ပြုမူကျင့်ကြံမယ့်အကြောင်း တမန်တော်ပေါလု ရေးခဲ့တယ်။

  • ဒံယေလ ၁၂:၄

    မိမိရဲ့လူတွေ ကျမ်းစာအကြောင်း ပိုပြီး ရှင်းရှင်းလင်းလင်း သိနားလည်ဖို့ ဘုရား ကူညီပေးနေတယ်။

  • မဿဲ ၂၄:၁၄

    နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာ တစ်ခွင် ဟောပြောနေတယ်။

အမှန်တရား ၃။ ယေဟောဝါရဲ့ မျက်နှာသာရဖို့ အခု လုပ်ဆောင်ပါ

“ယေဟောဝါရဲ့ နေ့ဟာ ညအချိန်မှာ သူခိုးလာသလို လာလိမ့်မယ်။” —၁ သက်သာလောနိတ် ၅:၂

အဆုံး သိပ်နီးနေပြီဖြစ်လို့ သင် ဘာလုပ်သင့်သလဲ။

  • ယောဟန် ၁၇:၃

    ကျမ်းစာကို အလေးအနက် သဘောထားပြီး လေ့လာရမယ်။

  • ဟီဘရူး ၁၀:၂၄၊ ၂၅

    ပိုနားလည်လာအောင် ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို မှန်မှန်တက်ပါ။

  • ယာကုပ် ၄:၈

    ဘုရားသခင်နဲ့ ပိုရင်းနှီးလာဖို့ ဘဝမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ပါ။

  • လုကာ ၂၁:၃၄–၃၆

    အာရုံပျံ့လွင့်စရာတွေကို ရှောင်ပါ၊ ယေဟောဝါကို ဝတ်ပြုဖို့ပဲ ဦးစားထားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ