-
ပျော်ရွှင်ဖို့ အမှန်တကယ်လိုအပ်သည့်အရာကင်းမျှော်စင်—၂၀၀၄ | စက်တင်ဘာ ၁
-
-
သို့သော် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူ သို့မဟုတ် ဝမ်းနည်းပူဆွေးသူတို့သည် ပျော်ရွှင်၏ဟု မည်သို့ဆိုနိုင်သနည်းဟူ၍ သိလိုကြမည်။ ထိုသို့သောသူများသည် ကမ္ဘာ့အခြေအနေများကို အရှိအတိုင်း ရှုမြင်ကြသည်။ သူတို့သည် ကျွန်ုပ်တို့ခေတ်တွင် ‘ပြုသမျှ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် သူတို့ညည်းတွားငိုကြွေး’ ရကြသည်။ (ယေဇကျေလ ၉:၄) ထိုအမှုများက သူတို့အား ပျော်ရွှင်မှုမပေးပါ။ သို့ရာတွင် မြေကြီးပေါ်သို့ ဖြောင့်မတ်သောအခြေအနေများ ပြန်ရောက်စေပြီး အနှိမ်ခံများ၏အမှုကို တရားတော်အတိုင်းစီရင်ပေးမည့် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း သူတို့သိရှိလာသောအခါ အတိုင်းထက်အလွန် ဝမ်းမြောက်ရွှင်လန်းကြသည်။—ဟေရှာယ ၁၁:၄။
-
-
ပျော်ရွှင်ဖို့ အမှန်တကယ်လိုအပ်သည့်အရာကင်းမျှော်စင်—၂၀၀၄ | စက်တင်ဘာ ၁
-
-
ဝမ်းနည်းပူဆွေးသူ၊ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူနှင့် မိမိတို့၏ ဝိညာဉ်ရေးလိုအပ်ချက်ကို သတိပြုသူတို့သည် ဖန်ဆင်းရှင်နှင့် ကောင်းသောဆက်ဆံရေးရှိဖို့ အရေးကြီးကြောင်း သိရှိကြ၏။ လူလူချင်း ဆက်ဆံရေးကောင်းလျှင် ပျော်ရွှင်မှုရှိစေ၏၊ ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရှိခြင်းက ထို့ထက်မကဖြစ်စေလိမ့်မည်။ ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံလိုစိတ်ရှိသော၊ အလေးအနက်သဘောထားဖြင့် မှန်ရာကို ချစ်မြတ်နိုးသူများသည် ပျော်ရွှင်ကြ၏ဟု အမှန်ဆိုနိုင်ပါသည်။
-