ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၅/၁ စာ. ၃-၅
  • “အဆုံး” ဆိုတာ ဘာအဓိပ္ပာယ်လဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အဆုံး” ဆိုတာ ဘာအဓိပ္ပာယ်လဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဆုံးဆိုတာ ဘာကိုမဆိုလို
  • အဆုံးဆိုတာ ဘာကိုဆိုလို
  • အဆုံးနဲ့ပတ်သက်တဲ့ မေးခွန်းလေးခုရဲ့ အဖြေများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကမ္ဘာပျက်မယ့်နေ့ ကြောက်ရွံ့ခြင်း၊ စိတ်ဝင်စားခြင်းနဲ့ စိတ်ကုန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဒီကမ္ဘာလောက ကွယ်ပျောက်သွားတော့မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ဤလောက ဆက်လက် တည်ရှိမည်လော
    ဤလောက ဆက်လက် တည်ရှိမည်လော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၅/၁ စာ. ၃-၅
မီးခိုးငွေ့တွေကြား၊ အပျက်အစီးတွေကြားထဲမှာ သူ့အနီးအနားကလူတွေ ပြေးလွှားနေတာကြောင့် အဆုံးမြင်ကွင်းကို ထိတ်လန့်ကြောက်ရွံ့နေတဲ့ အမျိုးသမီး

မျက်နှာဖုံးဆောင်းပါး | အဆုံးနီးပြီလား

“အဆုံး” ဆိုတာ ဘာအဓိပ္ပာယ်လဲ

“အဆုံးနီးပြီ” လို့ကြားလိုက်တာနဲ့ ဘာကိုမြင်ယောင်မိသလဲ။ ဥက္ကာပျံတစ်ခု ကမ္ဘာကိုလာတိုက်မိပြီး လူတွေအားလုံး သေကျေပျက်စီးသွားတာကိုလား။ ဂေဟစနစ် ပျက်စီးသွားတာကိုလား။ တတိယကမ္ဘာစစ်လား။ လူတချို့က အဲဒီလိုမြင်ယောင်ပြီး စိုးရိမ်နေကြပေမဲ့ တချို့ကျတော့ မယုံတဲ့အပြင် ရယ်စရာအဖြစ်တောင် ရှုမြင်ကြတယ်။

“အဆုံးသည် ရောက်လိမ့်မည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (မဿဲ ၂၄:၁၄) အဆုံးကို “အနန္တတန်ခိုးရှင် ဘုရားသခင်၏နေ့ကြီး” နဲ့ “ဟာ–မဂေဒုန် [တစ်နည်းအားဖြင့် အာမဂေဒုန်]” လို့လည်း ခေါ်ဆိုတယ်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ဘာသာတရားများစွာမှာ အဆုံးနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေကြတဲ့အပြင် အပျက်သဘောထားတွေနဲ့ ပြည့်နေကြတယ်။ ဒါပေမဲ့ အဆုံးဆိုတာ ဘာကိုဆိုလိုမှန်း၊ ဘာကိုမဆိုလိုမှန်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ အဆုံးနီးပြီလား၊ မနီးသေးဘူးလားဆိုတာ ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ ဒါ့အပြင် အဆုံးကနေလွတ်မြောက်ဖို့ ဘာလုပ်ရမလဲဆိုတာကိုပါ ဖော်ပြထားတယ်။ ဦးဆုံး၊ အဆုံးနဲ့ပတ်သက်တဲ့ ယူဆချက်အမှားတွေကို သိအောင်လုပ်ပြီး အဓိပ္ပာယ်အမှန်ကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ကျမ်းစာအရ “အဆုံး” ဆိုတာ ဘာကိုပြောနေတာလဲ။

အဆုံးဆိုတာ ဘာကိုမဆိုလို

  1. ၁။ အဆုံးဆိုတာ ကမ္ဘာမြေကြီး မီးလောင်ကျွမ်းတာမျိုးမဟုတ်

    “[ဘုရားသခင်သည်] မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ” တယ်လို့ ကျမ်းစာမှာဖော်ပြထားပါတယ်။ (ဆာလံ ၁၀၄:၅) ဘုရားသခင်က ကမ္ဘာမြေကြီးကို ဖျက်ဆီးမှာမဟုတ်သလို ဖျက်ဆီးခွင့်လည်းပြုမှာမဟုတ်ဘူးဆိုတာ ဒီကျမ်းစကားနဲ့ တခြားကျမ်းစကားတွေကနေ သိရတယ်။—ဒေသနာ ၁:၄; ဟေရှာယ ၄၅:၁၈။

  2. ၂။ အဆုံးဆိုတာ ရုတ်တရက်ဖြစ်လာမယ့် ဖြစ်ရပ်မဟုတ်

    ယေဟောဝါဘုရားက အဆုံးတိုင်မယ့်အချိန်ကို သတ်မှတ်ပြီးသွားပြီဆိုတာ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ထိုနေ့ရက်အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်သာ သိတော်မူ၏။ ထိုအချိန်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့၊ နိုးကြားလျက်နေကြလော့။” (မာကု ၁၃:၃၂၊ ၃၃) “ခမည်းတော်” ဖြစ်တဲ့ ဘုရားသခင်က သတ်မှတ်ထားချိန်မှာ အဆုံးကိုစတင်မှာဖြစ်တယ်။

  3. ၃။ အဆုံးဆိုတာ လူတွေကြောင့် ဒါမှမဟုတ် အာကာသကနေလွင့်စဉ်လာတဲ့ ဂြိုဟ်ငယ်ကြောင့် ဖြစ်လာမှာမဟုတ်

    အဆုံးမှာ ဘာတွေဖြစ်ပျက်မလဲ။ “ကောင်းကင်ပွင့်၍ မြင်းဖြူတစ်စီးကို ငါမြင်၏။ မြင်းစီးသူသည် သစ္စာရှိ၍ စစ်မှန်သောအရှင်ဟုခေါ်ဆိုခံရ၏။ ... ထို့နောက် သားရဲမှစ၍ မြေကြီးဘုရင်များနှင့် သူတို့၏တပ်များသည် မြင်းစီးသူနှင့် သူ၏တပ်များကို စစ်တိုက်ရန် စုရုံးကြသည်ကို ငါမြင်၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၉:၁၁-၂၁) ဒီကျမ်းစကားတွေဟာ ပုံဆောင်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကောင်းကင်တမန်တပ်ကို အသုံးပြုပြီး ရန်သူတွေကို မျိုးဖြုတ်ချေမှုန်းပစ်မယ်ဆိုတာ အဲဒီကျမ်းစကားကနေ သိနိုင်ပါတယ်။

မီးခိုးငွေ့တွေကြား၊ အပျက်အစီးတွေကြားထဲမှာ သူ့အနီးအနားကလူတွေ ပြေးလွှားနေတာကြောင့် အဆုံးမြင်ကွင်းကို ထိတ်လန့်ကြောက်ရွံ့နေတဲ့ အမျိုးသမီး

အဆုံးနဲ့ပတ်သက်တဲ့ ကျမ်းစကားတွေဟာ သတင်းကောင်းချည်းပဲဖြစ်

အဆုံးဆိုတာ ဘာကိုဆိုလို

  1. ၁။ လူ့အုပ်ချုပ်မှုတွေရဲ့ အဆုံး

    ‘ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်’ လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ဒံယေလ ၂:၄၄၊ ၄၅) ရှေ့မှာဖော်ပြခဲ့တဲ့ နံပါတ် ၃ အချက်လိုပါပဲ “မြေကြီးဘုရင်များနှင့် သူတို့၏တပ်များသည် မြင်းစီးသူနှင့် သူ၏တပ်များကို စစ်တိုက်ရန် စုရုံးကြ” တဲ့အခါ မျိုးဖြုတ်ချေမှုန်းမှု စတင်မှာဖြစ်တယ်။—ဗျာဒိတ် ၁၉:၁၉။

  2. ၂။ စစ်ပွဲ၊ အကြမ်းဖက်မှု၊ မတရားမှုတို့ရဲ့ အဆုံး

    “[ဘုရားသခင်သည်] မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။” (ဆာလံ ၄၆:၉) “ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။” (သုတ္တံ ၂:၂၁၊ ၂၂) “ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏။”—ဗျာဒိတ် ၂၁:၄၊ ၅။

  3. ၃။ ဘုရားသခင်နဲ့လူတွေအပေါ် တာဝန်ပျက်ကွက်တဲ့ ဘာသာတရားတွေရဲ့အဆုံး

    ‘ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခွင့်အာဏာသုံးပြီး ကြီးစိုးနေကြ၏။ ... ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့်မည်နည်း။’ (ယေရမိ ၅:၃၁၊ ကဘ) “ထိုနေ့၌ အများသောသူတို့က ‘သခင်၊ သခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမဖြင့် ပရောဖက်ပြုကြပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော’ ဟုဆိုကြလိမ့်မည်။ ထိုသို့ဆိုကြသောအခါ သင်တို့ကို ငါလုံးဝမသိ။ မတရားသောအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြဟု ထိုသူတို့အား ငါပြောမည်။”—မဿဲ ၇:၂၁-၂၃။

  4. ၄။ လက်ရှိကမ္ဘာ့အခြေအနေတွေကို တည်တံ့အောင် ထောက်ခံနေသူတွေရဲ့အဆုံး

    “အပြစ်စီရင်ခြင်း ခံရသည့်အကြောင်းကား အလင်းသည် ဤလောကသို့ ဝင်ပြီးသော်လည်း လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့် အလင်းထက် မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏” လို့ ယေရှုခရစ် ပြောခဲ့တယ်။ (ယောဟန် ၃:၁၉) ရှေးခေတ်သစ္စာရှိသူ နောဧအချိန်မှာ ပထမဆုံးအကြိမ် ကမ္ဘာတစ်ဝန်းလုံးကို ဖျက်ဆီးတဲ့အကြောင်း ကျမ်းစာမှာဖော်ပြထားပါတယ်။ ‘ထိုအချိန်က လောကသည် ရေလွှမ်းမိုးခံရ၍ ပျက်စီးခဲ့၏။ ထိုတရားစကားတော်အားဖြင့်ပင် ယခုတည်ရှိသော ကောင်းကင်နှင့်မြေကြီးသည် မီးရှို့ရန်သိုထားခံရ၍ ဘုရားတရားမဲ့သူတို့ကို ဖျက်ဆီးမည့် တရားစီရင်ရာနေ့တိုင်အောင် ဖယ်ထားတော်မူ၏။’—၂ ပေတရု ၃:၅-၇။

ရောက်လာတော့မယ့် “တရားစီရင်ရာနေ့” နဲ့ဖျက်ဆီးခြင်းနေ့ကို နောဧအချိန်က “လောက” ဖျက်ဆီးခြင်းနဲ့ နှိုင်းယှဉ်ထားပါတယ်။ ဘယ်လောကကြီး ဖျက်ဆီးခံရမှာလဲ။ ကမ္ဘာမြေကြီးကတော့ ဆက်တည်ရှိမှာဖြစ်ပြီး “ဘုရားတရားမဲ့သူ” တွေဖြစ်တဲ့ ဘုရားရဲ့ရန်သူတွေ “ပျက်စီး” သွားမှာဖြစ်တယ်။ အလားတူပဲ၊ ရောက်လာတော့မယ့် ဘုရားသခင်ရဲ့ “တရားစီရင်ရာနေ့” မှာ ဘုရားရဲ့ရန်သူလို့ သတ်မှတ်ခံရတဲ့သူတွေလည်း ပျက်စီးသွားမှာဖြစ်တယ်။ ဘုရားသခင့်မိတ်ဆွေတွေကတော့ နောဧနဲ့ သူ့မိသားစုလို ကာကွယ်ခံရမှာဖြစ်တယ်။—မဿဲ ၂၄:၃၇-၄၂။

ဆိုးသွမ်းမှုမှန်သမျှကို ဘုရားသခင်ဖယ်ရှားပြီးတဲ့နောက် ကမ္ဘာမြေကြီးဟာ ဘယ်လောက်တောင် သာယာနေမလဲဆိုတာ စိတ်ကူးကြည့်ပါ။ အဆုံးနဲ့ပတ်သက်တဲ့ ကျမ်းစကားတွေဟာ သတင်းကောင်းချည်းပဲဆိုတာ သိရပါတယ်။ ဒါပေမဲ့ ‘အဆုံးရောက်မယ့်အချိန်ကို ကျမ်းစာမှာပြောထားသလား၊ အဆုံး နီးနေပြီလား၊ ဘယ်လို လွတ်မြောက်နိုင်မလဲ’ စတာတွေကို သင် သိချင်မှာပဲ။

အဆုံးပြီးတဲ့နောက်

အဆုံးပြီးတဲ့နောက် ဘယ်လိုဖြစ်သွားမလဲ။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်။ “‘[ဘုရားသခင်] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။’ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအရှင်က ‘ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏’ ဟုမိန့်တော်မူ၏။” (ဗျာဒိတ် ၂၁:၄၊ ၅) အဆုံးဆိုတာ သင့်ဘဝရဲ့အဆုံးကို မဆိုလိုဘူး။ ဘုရားသခင်က သင့်ကို အဆုံးကနေ လွတ်မြောက်စေချင်တယ်။ ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာ ကိုယ်တော် ပြောပြထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ