ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • သမ္မာကျမ်းစာပရောဖက်ပြုချက်ကိုယုံကြည်ခြင်း အသက်ကိုကယ်တင်
    ကင်းမျှော်စင်—၂၀၀၇ | ဧပြီ ၁
    • သုံးလအတောအတွင်း ဆီးရီးယား၏ရောမဘုရင်ခံ စက်စ်တီးယပ်စ် ဂဲလပ်စ်သည် ဂျူးပုန်ကန်မှုကို နှိမ်နင်းရန် စစ်သည် ၃၀,၀၀၀ နှင့်အတူ တောင်ဘက်သို့ချီတက်လာသည်။ သူ၏စစ်တပ်သည် သကေနေပွဲကျင်းပချိန်အတွင်း ယေရုရှလင်မြို့သို့ရောက်လာကြပြီး ဆင်ခြေဖုံးဒေသများကို အလျင်အမြန်ထိုးဖောက်ဝင်ရောက်ကြသည်။ အရေအတွက်နည်းသော အစွန်းရောက်သမားများသည် ဗိမာန်တော်ခံတပ်တွင် ခိုလှုံကြသည်။ မကြာမီတွင် ရောမစစ်သားများသည် ဗိမာန်တော်တံတိုင်းအောက်ခြေကို စတင်တူးကြသည်။ ဂျူးများ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ ယခုသော် အယူမှားစစ်သားများသည် ယုဒဘာသာ၏အသန့်ရှင်းဆုံးအရပ်ကို ညစ်ညူးစေကြသည်! သို့သော် မြို့ထဲရှိခရစ်ယာန်များသည် ယေရှု၏ဤစကားများကို သတိရကြသည်– “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌စိုက်နေသည်ကို သင်တို့မြင်ရလျှင် . . . ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။” (မဿဲ ၂၄:၁၅၊ ၁၆) သူတို့သည် ယေရှု၏ပရောဖက်ပြုချက်ဆိုင်ရာစကားတော်ကို ယုံကြည်ပြီး ယင်းအတိုင်းပြုမူရန် လှုံ့ဆော်ခံရမည်လော။ ထိုပရောဖက်ပြုချက်ဖြစ်ပျက်လာသည့်အခါ သူတို့၏အသက်သည် သူတို့၏လုပ်ဆောင်မှုအပေါ် မူတည်သည်။ သို့သော် မည်သို့ထွက်ပြေးရမည်နည်း။

      ရုတ်တရက်၊ သေချာသောအကြောင်းရင်းမရှိဘဲလျက် စက်စ်တီးယပ်စ် ဂဲလပ်စ်သည် မိမိစစ်သည်များကို ပြန်ရုပ်သိမ်းပြီး နောက်မှ သဲသဲမဲမဲလိုက်လာသောအစွန်းရောက်သမားများကို ခုခံတိုက်ခိုက်ရင်း ပင်လယ်ကမ်းရိုးတန်းဘက် ဆုတ်ခွာသွားသည်။ မြို့တွင်ကျရောက်သောဆင်းရဲခြင်းမှာ တစ်ခဏသာဖြစ်ခဲ့သောကြောင့် အံ့ဩစရာကောင်း၏! ယေရှု၏ပရောဖက်ပြုသတိပေးချက်ကို ယုံကြည်ကြောင်းတင်ပြသူခရစ်ယာန်များသည် ယေရုရှလင်မြို့မှ ယော်ဒန်မြစ်တစ်ဖက် တောင်တန်းဒေသတွင်တည်ရှိသော ကြားနေသည့်ပဲလ္လမြို့သို့ ထွက်ပြေးကြသည်။ သူတို့၏ထွက်ပြေးမှုသည် အချိန်မီဖြစ်သည်။ အစွန်းရောက်သမားများသည် မကြာမီ ယေရုရှလင်မြို့သို့ပြန်လာကြပြီး မြို့တွင်ကျန်ရှိသူတို့ကို မိမိတို့၏ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်လာကြရန် အတင်းအကျပ်ပြုကြသည်။a ထိုအတောအတွင်း ပဲလ္လတွင်လုံခြုံစွာရှိနေသောခရစ်ယာန်များသည် ဆက်၍ဖြစ်ပျက်မည့်အရာများကို စောင့်ကြည့်နေကြသည်။

  • သမ္မာကျမ်းစာပရောဖက်ပြုချက်ကိုယုံကြည်ခြင်း အသက်ကိုကယ်တင်
    ကင်းမျှော်စင်—၂၀၀၇ | ဧပြီ ၁
    • a အစွန်းရောက်သမားများသည် ယေရုရှလင်မြို့သို့ပြန်မလာမီတွင် ရောမများနောက်သို့ ခုနစ်ရက်အထိ လိုက်လံခဲ့ကြကြောင်း ဂျူးသမိုင်းဆရာဂျိုစီဖတ်စ်က ဖော်ပြသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ