-
အသင်သည် တရားပလ္လင်တော်ရှေ့မှာ အဘယ်အနေအထားရှိမည်နည်းကင်းမျှော်စင်—၁၉၉၅ | အောက်တိုဘာ ၁၅
-
-
၂၀၊ ၂၁။ ယေရှု၏တမန်တော်များသည် ကျွန်ုပ်တို့၏အချိန်နှင့်ပတ်သက်၍ မည်သို့မေးမြန်းခဲ့ရာ အဘယ်မေးခွန်းပေါ်လာစေသနည်း။
၂၀ ယေရှုမသေမီ အချိန်တိုကလေးတွင် တမန်တော်များက ကိုယ်တော်အား ဤသို့မေးသည်– “ထိုအမှုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း ကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၃၊ ကဘ) ‘အဆုံးမတိုင်မီ’ ဖြစ်ပျက်မည့် အဓိပ္ပာယ်လေးနက်သော အဖြစ်အပျက်များကို ယေရှု ကြိုတင်ဟောတော်မူသည်။ ထိုအဆုံးမတိုင်မီလေးတွင် လူမျိုးတို့သည် ဤအမှုကိုမြင်ကြရမည်– “လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။”—မဿဲ ၂၄:၁၄၊ ၂၉၊ ၃၀။
၂၁ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် ကြွလာသည့်အခါ ထိုလူမျိုးတို့သည် မည်သို့ဖြစ်ကြမည်နည်း။ ဤစကားများနှင့်စတင်ခဲ့သော သိုးနှင့်ဆိတ်ပုံဥပမာကို စစ်ဆေးကြည့်ကြစို့– “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေ” မည်။—မဿဲ ၂၅:၃၁၊ ၃၂။
၂၂၊ ၂၃။ သိုးနှင့်ဆိတ်ပုံဥပမာသည် ၁၉၁၄ ခုနှစ်တွင် စတင်ပြည့်စုံခြင်းမရှိကြောင်း အဘယ်အချက်အလက်များက တင်ပြသနည်း။
၂၂ ကျွန်ုပ်တို့ကြာမြင့်စွာ နားလည်ခဲ့သည့်အတိုင်း ဤပုံဥပမာသည် ၁၉၁၄ ခုနှစ်တွင် ရှင်ဘုရင်ဆိုင်ရာဘုန်းတန်ခိုးဖြင့် ယေရှုနန်းထိုင်တော်မူချိန်နှင့် သက်ဆိုင်ပါသလော။ မဿဲ ၂၅:၃၄ ကကိုယ်တော်အား ရှင်ဘုရင်အဖြစ် ညွှန်ပြသည်မှန်၏။ ထို့ကြောင့် ထိုပုံဥပမာသည် ၁၉၁၄ ခုနှစ်တွင် ယေရှု ရှင်ဘုရင်ဖြစ်သည့်အချိန်ကတည်းက သက်ဆိုင်ရမည်ဖြစ်သည်။ သို့သော် ထိုနောက်မကြာမီအချိန်တွင် အဘယ်တရားစီရင်ခြင်းအမှုကို ကိုယ်တော်ပြုတော်မူသနည်း။ “လူမျိုးအပေါင်းတို့” ကိုတရားစီရင်တော်မူခြင်းမဟုတ်ဘဲ “ဘုရားသခင်၏အိမ်တော်” အဝင်ဖြစ်သည်ဟု ဆိုသောသူတို့အား အာရုံပြုတော်မူခဲ့သည်။ (၁ ပေတရု ၄:၁၇) မာလခိ ၃:၁-၃ နှင့်အညီ ယေဟောဝါ၏တမန်အဖြစ် ယေရှုသည် မြေကြီးပေါ်၌ ကျန်ကြွင်းသော ဘိသိက်ခံခရစ်ယာန်များကို စစ်ကြောစီရင်တော်မူခဲ့သည်။ “ဘုရားသခင်၏အိမ်တော်” ဟုမှားယွင်းစွာ အမည်ခံသော ခရစ်ယာန်ဘောင်ကို တရားစီရင်ရန်အချိန်လည်း ဖြစ်သည်။c(ဗျာဒိတ် ၁၇:၁၊ ၂; ၁၈:၄-၈) သို့တိုင် ထိုအချိန်တွင်လည်းကောင်း၊ ထိုအချိန်ကတည်းကလည်းကောင်း သိုး သို့မဟုတ် ဆိတ်အဖြစ် လူမျိုးအပေါင်းတို့ကို ယေရှုတရားစီရင်ရန် ထိုင်တော်မူသည်ဟူသော အဘယ်အထောက်အထားမျှမရှိချေ။
၂၃ ပုံဥပမာတွင် ယေရှု၏လုပ်ငန်းကို ကျွန်ုပ်တို့အသေးစိတ်စစ်ဆေးကြည့်မည်ဆိုလျှင် နောက်ဆုံးတွင် ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို တရားစီရင်တော်မူကြောင်း တွေ့ရှိရသည်။ ထိုသို့သော တရားစီရင်ခြင်းကို နှစ်ပေါင်းအတန်ကြာပြုတော်မူကာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကွယ်လွန်ခဲ့သူတိုင်း ထာဝရသေခြင်း သို့မဟုတ် ထာဝရအသက် ရထိုက်သည်ဟု စီရင်ခံရဘိသကဲ့သို့ဖြစ်မည်ဟု ထိုပုံဥပမာက မဖော်ပြပါ။ မကြာမီအချိန်ကဖြစ်သော ဆယ်စုနှစ်များအတွင်း ကွယ်လွန်ခဲ့သူ အများစုသည် လူသားတို့၏သင်္ချိုင်းသို့ ရောက်ခဲ့ပုံရှိသည်။ (ဗျာဒိတ် ၆:၈; ၂၀:၁၃) သို့သော် ဤပုံဥပမာက ထိုအချိန်တွင် အသက်ရှင်၍ ယေရှု၏ တရားစီရင်ခြင်းကိုရင်ဆိုင်နေရသည့် “လူမျိုးအပေါင်းတို့” မှသူများအပေါ် ကိုယ်တော်တရားစီရင်သည့်အချိန်ကို ဖော်ပြသည်။
၂၄။ သိုးနှင့်ဆိတ်ပုံဥပမာသည် အဘယ်အချိန်တွင် ပြည့်စုံမည်နည်း။
၂၄ တစ်နည်းအားဖြင့်ဆိုလျှင် လူသားသည် ဘုန်းအာနုဘော်ကိုဆောင်လျက် ကြွလာမည့်အနာဂတ်ကို ထိုပုံဥပမာက ညွှန်ပြနေခြင်းဖြစ်သည်။ ထိုအချိန်၌အသက်ရှင်နေသည့်သူများကို တရားစီရင်ရန် ကိုယ်တော်ထိုင်တော်မူမည်ဖြစ်သည်။ ကိုယ်တော်၏တရားစီရင်ချက်သည် သူတို့ကိုယ်ကိုသူတို့ မည်သို့သောသူများဖြစ်ကြောင်း ထင်ရှားစေသည့်အပေါ်မူတည်မည်။ ထိုအခါ တိကျပြတ်သားစွာဖြင့် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ . . . တို့ကိုပိုင်းခြား သိရကြလိမ့်မည်။” (မာလခိ ၃:၁၈) အမှန်တကယ်တရားစီရင် ဆုံးဖြတ်ခြင်းအမှုသည် ကန့်သတ်ထားသည့်အချိန်အတွင်း ပြီးစီးမည်ဖြစ်သည်။ ယေရှုသည် လူတစ်ဦးစီနှင့်ပတ်သက်၍သာဓကထင်ရှားသည်အတိုင်း တရားမျှတစွာ စီရင်ဆုံးဖြတ်တော်မူမည်။—၂ ကောရိန္သု ၅:၁၀ ကိုလည်းရှု။
၂၅။ လူသားသည် ဘုန်းရှိသောပလ္လင်ပေါ်မှာထိုင်သည်ဟု မဿဲ ၂၅:၃၁ ကဆိုရာတွင် အဘယ်အရာကိုဖော်ပြသနည်း။
၂၅ ထို့ကြောင့် မဿဲ ၂၅:၃၁ တွင်ဖော်ပြထားသည့် တရားဆုံးဖြတ်စီရင်ရန် ယေရှု ‘ဘုန်းအာနုဘော်ရှိသောပလ္လင်တော်ပေါ်မှာ ထိုင်ခြင်း’ သည် လူမျိုးအပေါင်းတို့ကို ဤတန်ခိုးကြီးမားသောဘုရင်စစ်ကြောစီရင်မည့် အနာဂတ်အချိန်ကို ညွှန်ပြနေခြင်းဖြစ်ကြောင်းဆိုလိုသည်။ မှန်ပေသည်၊ ယေရှုတရားစီရင်ခြင်းနှင့်ပတ်သက်သော မဿဲ ၂၅:၃၁-၃၃၊ ၄၆ ပါ မြင်ကွင်းသည် ဒံယေလ အခန်းကြီး ၇ ပါတရားသူကြီးအဖြစ် မိမိ၏ကဏ္ဍကိုလုပ်ဆောင်ရန် ရာဇပလ္လင်တော်အပေါ် ထိုင်တော်မူသည့် နန်းထိုင်တော်မူသောရှင်ဘုရင်၊ အသက်ကြီးသောသူ၏မြင်ကွင်းနှင့် နှိုင်းယှဉ်နိုင်သည်။
၂၆။ ထိုပုံဥပမာ၏ အဘယ်ရှင်းလင်းချက်အသစ်ကို သိရှိရသနည်း။
၂၆ သိုးနှင့်ဆိတ်ပုံဥပမာကို ဤနည်းအတိုင်း နားလည်ထားခြင်းက သိုးနှင့်ဆိတ်အပေါ် တရားစီရင်ခြင်းအမှုသည် အနာဂတ်တွင်ဖြစ်မည်အကြောင်း တင်ပြပါသည်။ ယင်းသည် မဿဲ ၂၄:၂၉၊ ၃၀ တွင်ဖော်ပြထားသည့် “ဒုက္ခဆင်းရဲခြင်း” ဖြစ်ပြီးနောက် လူသားသည် ‘ဘုန်းတော်နှင့်တကွ ကြွလာတော်မူသောအခါ’ တွင်ဖြစ်ပျက်လိမ့်မည်။ (မာကု ၁၃:၂၄-၂၆ နှိုင်းယှဉ်။) ထိုအခါ ဆိုးသွမ်းသောအစီအစဉ်တစ်ခုလုံး နိဂုံးချုပ်ပြီဖြစ်ရာ ယေရှုသည် တရားစီရင်ရန် စုရုံးလျက် တရားစီရင်တော်မူလိမ့်မည်။—ယောဟန် ၅:၃၀; ၂ သက်သာလောနိတ် ၁:၇-၁၀။
-
-
သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်းကင်းမျှော်စင်—၁၉၉၅ | အောက်တိုဘာ ၁၅
-
-
၃။ ယေရှု၏ဟောပြောချက်အစောပိုင်းတွင် ကြီးစွာသောဒုက္ခဆင်းရဲခြင်း ဖြစ်ပွားပြီးနောက် ရုတ်ခနဲ အဘယ်အရာဖြစ်မည်ဟု ကိုယ်တော်ဟောတော်မူသနည်း။
၃ ကြီးစွာသောဒုက္ခဆင်းရဲခြင်း ဖြစ်ပွားသည်နှင့် “ရုတ်ခနဲ” ထူးခြားသောအဖြစ်အပျက်များ ဖြစ်မည့်အကြောင်း ယေရှုကြိုတင်ဟောထားတော်မူရာ ယင်းတို့ကို ကျွန်ုပ်တို့ငံ့လင့်နေကြသည်။ ထိုအခါ “လူသား၏နိမိတ်လက္ခဏာသည်” ကောင်းကင်တွင် ထင်ရှားလိမ့်မည်ဟု ကိုယ်တော်ဆိုထားသည်။ ယင်းက “လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြ” မည့် “မြေကြီးပေါ်မှာ လူအပေါင်းတို့” ကိုအကြီးအကျယ်ထိခိုက်မည်ဖြစ်သည်။ လူသားနှင့်အတူ “ကောင်းကင်တမန်များ” ခြံရံ၍ ကြွရောက်လာမည်ဖြစ်သည်။ (မဿဲ ၂၄:၂၁၊ ၂၉-၃၁)aသိုးနှင့်ဆိတ်ပုံဥပမာကော မည်သို့နည်း။ ခေတ်ပေါ် သမ္မာကျမ်းစာများက ယင်းပုံဥပမာကို အခန်းကြီး ၂၅ တွင်ထည့်ထားသော်လည်း ယင်းသည် ယေရှု၏အဖြေတွင်ပါဝင်သည်။ ဘုန်းအာနုဘော်တော်နှင့် ကိုယ်တော်ကြွလာပြီး “လူမျိုးအပေါင်းတို့” ကိုတရားစီရင်မည့် အကြောင်းအရာပေါ်အာရုံပြုကာ ထပ်ဆင့်၍ အသေးစိတ်ဖော်ပြနေခြင်းဖြစ်သည်။—မဿဲ ၂၅:၃၂။
ပုံဥပမာပါ တင်စားချက်များ
၄။ သိုးနှင့်ဆိတ်ပုံဥပမာ၏နိဒါန်းတွင် ယေရှုအကြောင်း အဘယ်သို့ပြောသနည်း။ အခြားမည်သူတို့ကို ဖော်ပြသေးသနည်း။
၄ ယေရှုသည် ပုံဥပမာကို ဤနည်းဖြင့်စတင်သည်– “လူသားသည် . . . ကြွလာတော်မူသောအခါ။” “လူသား” သည် မည်သူဖြစ်ကြောင်း သင်သိပေမည်။ ခရစ်ဝင်ကျမ်းရေးသူများက ထိုအသုံးအနှုန်းကို ယေရှုအားရည်ညွှန်းလေ့ရှိသည်။ ယေရှုကိုယ်တော်တိုင်ပင် ထို့အတူပြုခဲ့ပြီး ဒံယေလ၏ရူပါရုံ၌ “နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ” ရန် အသက်ကြီးသောသူ၏အထံတော်သို့ ရောက်လာသော “လူသားနှင့်တူသောသူတစ်ဦး” အကြောင်းစိတ်ထဲရှိနေမည်မှာအမှန်။ (ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၂၆:၆၃၊ ၆၄; မာကု ၁၄:၆၁၊ ၆၂) ဤရူပါရုံတွင် ယေရှုသည် အဓိကပုဂ္ဂိုလ်ဖြစ်သော်လည်း ကိုယ်တော်တစ်ဦးတည်းသာမဟုတ်ပါ။ မဿဲ ၂၄:၃၀၊ ၃၁ တွင်ဖော်ပြထားသည့်အတိုင်း ဤဟောပြောချက်၏အစောပိုင်း၌ ကိုယ်တော်က လူသားသည် ‘ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် ကြွလာ’ သည့်အခါ မိမိ၏ကောင်းကင်တမန်များသည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြမည်ဟု မိန့်တော်မူခဲ့သည်။ ထိုနည်းတူ သိုးနှင့်ဆိတ်ပုံဥပမာတွင် ယေရှုသည် တရားစီရင်ရန် “ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်” တော်မူသောအခါ ကိုယ်တော်နှင့် ကောင်းကင်တမန်များ ရှိနေသည်ဟု ဖော်ပြထားသည်။ (မဿဲ ၁၆:၂၇ နှိုင်းယှဉ်။) သို့သော် တရားသူကြီးနှင့် ကိုယ်တော်၏တမန်များသည် ကောင်းကင်တွင် ရှိတော်မူသည်ဖြစ်ရာ ပုံဥပမာတွင် ဆွေးနွေးတင်ပြထားသော လူသားများလည်း ထို့အတူပင်ဖြစ်သလော။
-
-
သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်းကင်းမျှော်စင်—၁၉၉၅ | အောက်တိုဘာ ၁၅
-
-
တူညီချက်များကို သတိပြုပါ
ကြီးစွာသောဒုက္ခဆင်းရဲခြင်းစတင်ပြီးနောက် လူသားကြွလာတော်မူ၏ လူသားကြွရောက်လာတော်မူ၏
ဘုန်းအာနုဘော်ကိုဆောင်လျက် ကြွရောက်လာတော်မူ၏
-
-
သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်းကင်းမျှော်စင်—၁၉၉၅ | အောက်တိုဘာ ၁၅
-
-
ကိုယ်တော်နှင့်အတူ ကောင်းကင်တမန်များရှိနေ၏ ကောင်းကင်တမန်များခြံရံ၍ ကိုယ်တော်ကြွလာတော်မူ၏
-