ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
    • ယေရှုက သူရောက်ရှိချိန်နဲ့ ဒီလောကစနစ် နိဂုံးပိုင်းရဲ့ နိမိတ်အကြောင်း တမန်တော်တွေ မေးတာကို အဖြေပေးနေတယ်။ အခု ယေရှုက နောက်ပုံဥပမာတစ်ခု ပြောပြပြီး သူတို့ကို သတိပေးတယ်။ ဒီပုံဥပမာရဲ့ ပြည့်စုံချက်ကို ယေရှု ရောက်ရှိချိန်အတွင်း အသက်ရှင်တဲ့သူတွေ မြင်တွေ့ရမှာ ဖြစ်တယ်။

      ယေရှုက ပုံဥပမာကို အခုလို အစပြုတယ်– “ကောင်းကင်နိုင်ငံကို မီးခွက်ကိုယ်စီကိုင်ပြီး သတို့သားကို ထွက်ကြိုတဲ့ အပျိုစင်ဆယ်ယောက်နဲ့ ခိုင်းနှိုင်းနိုင်တယ်။ အပျိုစင်ငါးယောက်က ဉာဏ်မရှိဘူး။ ကျန်တဲ့ငါးယောက်ကတော့ သတိပညာရှိတယ်။”—မဿဲ ၂၅:၁၊ ၂။

      ကောင်းကင်နိုင်ငံတော်ကို အမွေရကြမယ့် တပည့်တွေထဲမှာ တစ်ဝက်က ဉာဏ်မရှိဘူး၊ တစ်ဝက်ကတော့ အမြော်အမြင်ရှိတယ်လို့ ယေရှုပြောနေတာ မဟုတ်ဘူး။ တပည့်တစ်ယောက်စီဟာ နိုင်ငံတော်နဲ့ ပတ်သက်လာရင် နိုးနိုးကြားကြား ရှိနေမလား ဒါမှမဟုတ် အာရုံပျံ့လွင့်သွားမလားဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်တယ်လို့ ပြောနေတာ။ ဒါပေမဲ့ ယေရှုဟာ သူ့ကျေးကျွန်တစ်ယောက်စီဟာ ဆက်သစ္စာရှိပြီး အဖဘုရားရဲ့ ကောင်းချီးတွေကို ခံစားရမယ်ဆိုတာ အပြည့်အဝ ယုံကြည်တယ်။

      ဒီပုံဥပမာမှာ အပျိုစင်ဆယ်ယောက်ဟာ သတို့သားကို ကြိုဆိုဖို့၊ ဧည့်ခံကျွေးမွေးချိန်မှာ ပါဝင်ဆင်နွှဲဖို့ ထွက်လာကြတယ်။ သတို့သားရောက်လာပြီး သတို့သမီးကို အသင့်ပြင်ထားတဲ့အိမ်ဆီ ခေါ်သွားတဲ့အခါ အပျိုစင်တွေက လမ်းတစ်လျှောက်လုံး လင်းနေအောင် သူတို့ရဲ့ မီးခွက်တွေကို ထွန်းပြီး သတို့သားကို ဂုဏ်ပြုကြမယ်။ အဲဒီအတိုင်း ဖြစ်ခဲ့သလား။

  • နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
    • ယေရှုက သူ့ကိုယ်သူ သတို့သားနဲ့ ခိုင်းနှိုင်းဖူးလို့ သတို့သားဟာ ယေရှုကိုပုံဆောင်မှန်း တမန်တော်တွေ သိကြတယ်။ (လုကာ ၅:၃၄၊ ၃၅) ဒါဆို သတိပညာရှိတဲ့ အပျိုစင်တွေကကော ဘယ်သူ့ကို ရည်ညွှန်းသလဲ။ ယေရှုက နိုင်ငံတော်အမွေခံရမယ့် “သိုးစုငယ်” အကြောင်းပြောတဲ့အခါ “ခါးကိုစည်းပြီး အသင့်ရှိနေပါ။ မီးခွက်တွေကို ထွန်းထားကြပါ” လို့ပြောခဲ့တယ်။ (လုကာ ၁၂:၃၂၊ ၃၅) ဒါကြောင့် တမန်တော်တွေက သူတို့လို သစ္စာရှိတပည့်တွေကို ယေရှု ရည်ညွှန်းနေမှန်း သဘောပေါက်ကြတယ်။ ယေရှုက ဒီပုံဥပမာကိုသုံးပြီး ဘာသင်ခန်းစာ သင်ပေးသလဲ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ