ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နောက်ဆုံးသောကာလ၏ပုဗ္ဗနိမိတ်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • မင်္ဂလာဆောင်လုလင်၏နှောင့်နှေးခြင်းသည် ဘုရင်အဖြစ်အုပ်စိုးရန် ယေရှု၏ရောက်ရှိခြင်းမှာ ဝေးလံသေးကြောင်း တင်ပြခြင်းဖြစ်သည်။ နောက်ဆုံး ၁၉၁၄ ခုနှစ်တွင် ကိုယ်တော်ရောက်ရှိခဲ့သည်။ ထိုအချိန်မတိုင်မီ ရှည်လျားသောညတာကာလအတွင်း အပျိုကညာတို့သည်အိပ်ပျော်ကြသွားကြ၏။ ယင်းအတွက်သူတို့ကိုအပြစ်မတင်ချေ။ မိုက်သောအပျိုကညာတို့သည် သူတို့၏မီးခွက်အတွက်ဆီမပါသဖြင့် အပြစ်တင်ခံရ၏။ မင်္ဂလာဆောင်လုလင်မရောက်မီ အပျိုကညာတို့မည်သို့နိုးထလာကြကြောင်းယေရှုရှင်းပြသည်။ “သန်းခေါင်ယံ၌ ‘မင်္ဂလာဆောင်လုလင်လာပြီ၊ ခရီးဦးကြိုပြုခြင်းငှာထွက်သွားကုန်’ ဟုကြွေးကြော်လျှင် ထိုအပျိုကညာအပေါင်းတို့သည် ထ၍မီးခွက်များကိုပြင်ဆင်ကြ၏။ မိုက်သောအပျိုကညာတို့က ‘ငါတို့ဆီမီးသေပါပြီ၊ သင်တို့ဆီကို အနည်းငယ်ပေးပါ’ ဟုပညာရှိသောသူတို့အားတောင်းကြ၏။ ပညာရှိသောသူတို့ကလည်း ‘သင်တို့အဖို့နှင့်ငါတို့အဖို့ ဆီမလောက်။ ထိုကြောင့်ဆီရောင်းသောသူရှိရာသို့သွား၍ ကိုယ်သုံးဖို့ဝယ်လျှင်သာ၍ကောင်းသည်’ ဟုပြန်ပြောကြ၏။”

      ဆီသည် ခရစ်ယာန်စစ်များအား အလင်းဆောင်သူများအဖြစ် ထွန်းလင်းနေစေသည့်အရာကို ပုံဆောင်သည်။ ယင်းသည် မှုတ်သွင်းခံဘုရားသခင်နှုတ်ကပါဌ်တော်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့်အတူ ယင်းကိုခရစ်ယာန်များသည် စွဲမြဲစွာဆုပ်ကိုင်ထားပြီး၊ ထိုနှုတ်ကပါဌ်တော်ကိုသူတို့နားလည်ရန် ယင်းကကူညီပေးသည်။ ထိမ်းမြားစားသောက်ပွဲသို့သွားရာလမ်းတွင် လာနေသောမင်္ဂလာဆောင်လုလင်ကို ကြိုဆို၍ ဝိညာဏဆီသည် သတိရှိသောအပျိုကညာများအား ထွန်းလင်းနိုင်စေခဲ့သည်။ မိုက်သောအပျိုကညာအတန်းအစားမှာမူ မီးခွက်၌လိုအပ်သောဝိညာဏဆီမရှိချေ။ ထိုကြောင့် ယေရှုက အဖြစ်အပျက်ကို ဤသို့ဖော်ပြသည်–

  • နောက်ဆုံးသောကာလ၏ပုဗ္ဗနိမိတ်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
    • ကောင်းကင်နိုင်ငံတော်သို့ ခရစ်တော်ရောက်ရှိပြီးနောက် သတိရှိသောအပျိုကညာအတန်းအစား ဘိသိက်ခံခရစ်ယာန်စစ်တို့သည် ပြန်ကြွလာသောသတို့သားကိုချီးမွမ်းခြင်းငှာ ဤမှောင်မိုက်လောက၌ အလင်းဖြာခွင့်ကို နိုးကြားစွာဆောင်ရွက်သည်။ သို့သော် မိုက်သောအပျိုကညာပုံဆောင်သောသူများသည် ဤကြိုဆိုချီးမွမ်းခြင်းကိုပြုရန် အသင့်မရှိကြချေ။ ထိုကြောင့် အချိန်တန်သော် ခရစ်တော်သည် သူတို့အား ကောင်းကင်ထိမ်းမြားပွဲသို့ တံခါးကို မဖွင့်ပေးချေ။ အပြင်လောက၏အမှောင်မိုက်ဆုံးည၌ အခြားအဓမ္မလူများနှင့်အတူ သူတို့ပျက်စီးစေရန်ထားရစ်သည်။ “သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်အချိန်နာရီကို သင်တို့သည် မသိသောကြောင့် စောင့်နေကြလော့” ဟုယေရှုနိဂုံးချုပ်သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ