ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb18 မတ် စာ. ၇
  • “သတိနဲ့ စောင့်နေကြပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သတိနဲ့ စောင့်နေကြပါ”
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် “စောင့်နေ” မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သတိပေးချက်တွေကို အာရုံစိုက်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • တည်ကြည်သောကျွန် စမ်းသပ်မှုအောင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
mwb18 မတ် စာ. ၇
ယေရှုရဲ့ အပျိုစင် ဆယ်ယောက် ပုံဥပမာ

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၂၅

“သတိနဲ့ စောင့်နေကြပါ”

၂၅:၁-၁၂

ယေရှုရဲ့ အပျိုစင် ၁၀ ယောက် ပုံဥပမာက ဘိသိက်ခံနောက်လိုက်တွေကို ရည်ရွယ်ပေမဲ့ ဆိုလိုရင်းကတော့ ခရစ်ယာန်အားလုံးနဲ့ သက်ဆိုင်တယ်။ (က၁၅ ၃/၁၅ ၉-၁၄) “ဒါကြောင့် အဲဒီနေ့၊ အဲဒီအချိန်ကို ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့စောင့်နေကြပါ။” (မ ၂၅:၁၃) ယေရှုရဲ့ ပုံဥပမာကို ရှင်းပြနိုင်မလား။

  • သတို့သား (အခန်းငယ် ၁)—ယေရှု

  • သတိပညာနဲ့ ကြိုတင်ပြင်ဆင်မှုရှိတဲ့ အပျိုစင်များ (အခန်းငယ် ၂)—တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ဖို့ ကြိုတင်ပြင်ဆင်ပြီး အလင်းဆောင်သူတွေအဖြစ် အဆုံးအထိ ထွန်းလင်းနေတဲ့ ဘိသိက်ခံ ခရစ်ယာန်များ (ဖိ ၂:၁၅)

  • အော်သံ– “သတို့သား လာနေပြီ။” (အခန်းငယ် ၆) —ယေရှုရောက်ရှိခြင်း အထောက်အထား

  • ဉာဏ်မရှိတဲ့ အပျိုစင်များ (အခန်းငယ် ၈)—သတို့သားကို တွေ့ဖို့သွားပေမဲ့ နိုးနိုးကြားကြားမရှိ၊ သမာဓိ မစောင့်ထိန်းတဲ့ ဘိသိက်ခံ ခရစ်ယာန်များ

  • ဆီပေးဖို့ သတိပညာရှိအပျိုစင်တွေ ငြင်းဆို (အခန်းငယ် ၉)—နောက်ဆုံးတံဆိပ်ခတ်ပြီးနောက်မှာ သစ္စာမရှိသူတွေကို ကူညီဖို့ သစ္စာရှိသူ ဘိသိက်ခံတွေအတွက် သိပ်နောက်ကျသွား

  • “သတို့သား ရောက်လာ” (အခန်းငယ် ၁၀)—ကြီးစွာသောဒုက္ခ အဆုံးပိုင်းနားမှာ တရားစီရင်ဖို့ ယေရှု ရောက်လာ

  • သတိပညာရှိတဲ့ အပျိုစင်တွေက သတို့သားနဲ့အတူ ဧည့်ခံကျွေးမွေးတဲ့နေရာကို ဝင်သွား၊ အဲဒီနောက် တံခါးပိတ်သွား (အခန်းငယ် ၁၀) —ယေရှုက သစ္စာရှိဘိသိက်ခံတွေကို ကောင်းကင်ကို စုသိမ်း၊ သစ္စာမဲ့သူတွေကတော့ ကောင်းကင်ဆုကျေးဇူး ဆုံးရှုံး

ဘိသိက်ခံ အတော်များများ သစ္စာဖောက်သွားမယ်၊ သူတို့နေရာမှာ အစားထိုးရမယ်လို့ ပုံဥပမာက မဆိုလိုပါဘူး။ အဲဒီအစား အသင့်ပြင်ဆင်ပြီး နိုးနိုးကြားကြား ရှိနေမလား၊ မိုက်မဲပြီး သစ္စာမဲ့တဲ့ လမ်းစဉ်လိုက်မလားဆိုတာကို ဘိသိက်ခံ တစ်ဦးစီ ရွေးချယ်ရမယ်ဆိုတဲ့ သတိပေးချက်ဖြစ်တယ်။ “အသင့်ရှိနေကြပါ” လို့ ယေရှု တိုက်တွန်းခဲ့တယ်။ (မ ၂၄:၄၄) ကျွန်တော်တို့မှာ ဘာမျှော်လင့်ချက်ပဲ ရှိပါစေ အမှုဆောင်လုပ်ငန်းမှာ သစ္စာရှိရှိ ပါဝင်ဖို့ စိတ်နှလုံး ပြင်ဆင်ထားပါ၊ နိုးနိုးကြားကြား ရှိပါလို့ ကျွန်တော်တို့ အားလုံးကို ယေရှု တောင်းဆိုတယ်။

နိုးနိုးကြားကြား ရှိနေမှန်း ဘယ်လို ပြနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ