-
“နေ့ရက်၊ အချိန်နာရီကို သင်တို့မသိ”ကင်းမျှော်စင်—၂၀၁၂ | စက်တင်ဘာ ၁၅
-
-
“နေ့ရက်၊ အချိန်နာရီကို သင်တို့မသိ”
“သို့ဖြစ်၍ နေ့ရက်၊ အချိန်နာရီကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” —မ. ၂၅:၁၃။
-
-
“နေ့ရက်၊ အချိန်နာရီကို သင်တို့မသိ”ကင်းမျှော်စင်—၂၀၁၂ | စက်တင်ဘာ ၁၅
-
-
၁-၃။ (က) ယေရှုရဲ့ပုံဥပမာတွေထဲက နှစ်ခုရဲ့သင်ခန်းစာကို နားလည်နိုင်ဖို့ ဘယ်အခြေအနေတွေက ကူညီပေးနိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေရဲ့ အဖြေကို သိဖို့လိုသလဲ။
အရာရှိတစ်ဦးက အရေးကြီးတဲ့ချိန်းဆိုမှုတစ်ခုကိုသွားဖို့ ကားမောင်းပို့ပေးပါလို့ သင့်ကို တာဝန်ပေးထားတယ် ဆိုပါစို့။ အရာရှိဆီသွားခါနီး မိနစ်အနည်းငယ်အလိုကျမှ သင့်ကားမှာ ဓာတ်ဆီအလုံအလောက်မရှိဘူးဆိုတာ သတိထားမိတယ်။ ဓာတ်ဆီဝယ်ဖို့ သင် အလောတကြီးသွားလိုက်တယ်။ သင် ဆီသွားဖြည့်နေတဲ့အချိန်မှာ အရာရှိရောက်လာတယ်။ အရာရှိက သင့်ကိုလှည့်ပတ်ရှာပေမဲ့ မတွေ့ဘူး။ ဒါနဲ့ သူမစောင့်နိုင်တော့လို့ တခြားတစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်တယ်။ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သင် ပြန်ရောက်လာချိန်မှာ အရာရှိထွက်သွားပြီဆိုတာ သိလိုက်ရတယ်။ သင် ဘယ်လိုခံစားရမလဲ။
၂ အခု သင့်ကိုသင် အဲဒီအရာရှိလို့ မြင်ယောင်ကြည့်ပါ။ သင် ခရီးမထွက်ခင်မှာ အရေးကြီးတဲ့အလုပ်တချို့လုပ်ဖို့ လူသုံးယောက်ကို တာဝန်ပေးခဲ့တယ်။ သင်က အလုပ်အကြောင်း ရှင်းပြပြီး သူတို့သုံးယောက်စလုံးက တာဝန်ကို လိုလိုလားလား လက်ခံတယ်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာလို့ သင်ပြန်ရောက်လာချိန်မှာ နှစ်ယောက်ကပဲ သင်ခိုင်းထားတဲ့အတိုင်းလုပ်တာကို တွေ့ရတယ်။ အလုပ်မလုပ်တဲ့တစ်ယောက်က ဆင်ခြေတွေပေးတယ်။ တကယ်တော့ သူက အလုပ်ကိုတောင် စမ်းလုပ်ကြည့်တာမဟုတ်ဘူး။ သင် ဘယ်လိုခံစားရမလဲ။
၃ အခု ကျွန်ုပ်တို့သုံးသပ်ခဲ့တဲ့ အခြေအနေတွေက ယေရှုရဲ့ပုံဥပမာတွေထဲက အပျိုကညာတွေနဲ့ တဲလင့် ပုံဥပမာတွေနဲ့ဆင်တူတယ်။ ပုံဥပမာနှစ်ခုစလုံးက ဆုံးခန်းကာလအကြောင်းဖော်ပြပြီး ကောင်းကင်အတန်းအစားတချို့က သစ္စာနဲ့သတိပညာရှိပြီး တခြားသူတွေက ဘာကြောင့် မရှိသလဲဆိုတာ ဖော်ပြတယ်။a (မ. ၂၅:၁-၃၀) ယေရှုက “သို့ဖြစ်၍ နေ့ရက်၊ အချိန်နာရီကို သင်တို့မသိသောကြောင့် စောင့်နေကြလော့” လို့ပြောပြီး အဲဒီပုံဥပမာတွေရဲ့သင်ခန်းစာကို အလေးပေးခဲ့တယ်။ စာတန့်လောကကို ဖျက်ဆီးမယ့်အချိန်အတိအကျကို တပည့်တွေသိရမှာမဟုတ်ဘူးလို့ ယေရှု ပြောနေခြင်းဖြစ်တယ်။ (မ. ၂၅:၁၃) ကျွန်ုပ်တို့လည်း “စောင့်နေကြ” ရမယ်။ ယေရှုမိန့်မှာတဲ့အတိုင်း လုပ်ဆောင်ခြင်းက ကျွန်ုပ်တို့အတွက် ဘာကြောင့်ကောင်းသလဲ။ ဘယ်သူတွေက ဆက်စောင့်နေသလဲ။ ဆက်စောင့်နေနိုင်ဖို့ အခုအချိန်မှာ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။
-