ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၁၂/၁ စာ. ၈
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လက်သမား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အလုပ်လုပ်ဖို့ လိုအပ်ရတဲ့အကြောင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှုကို ယောဟန်နှစ်ခြင်းပေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “ခရစ်တော်၏စိတ်” ကိုသိကျွမ်းလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၁၂/၁ စာ. ၈

သင်သိပါသလော

ယေရှုသည် လက်သမားတစ်ဦးအနေဖြင့် မည်သည့်အလုပ်မျိုး လုပ်ခဲ့မည်နည်း။

ယေရှု၏မွေးစားဖခင်သည် လက်သမားတစ်ဦးဖြစ်သည်။ ထို့ကြောင့် ယေရှုသည် လက်သမားပညာ သင်ယူတတ်မြောက်ခဲ့ပေမည်။ ယေရှုဓမ္မအမှုစတင်ချိန် အသက် “သုံးဆယ်ခန့်” တွင် လူတို့သည် ကိုယ်တော်ကို “လက်သမားသား” အဖြစ်သာမက “လက်သမား” တစ်ဦးအဖြစ်လည်း ယူမှတ်ခဲ့ကြသည်။—လုကာ ၃:၂၃; မဿဲ ၁၃:၅၅; မာကု ၆:၃။

ယေရှု၏မွေးရပ်ဇာတိတွင် လူတို့သည် သစ်သားဖြင့်ပြုလုပ်သည့် ထယ်နှင့်ထမ်းပိုးကဲ့သို့သော လယ်ယာသုံးပစ္စည်းများ လိုအပ်ပေမည်။ လက်သမားများပြုလုပ်သော အခြားပရိဘောဂပစ္စည်းများတွင် စားပွဲ၊ ကုလားထိုင်၊ ခွေးခြေနှင့်သေတ္တာတို့အပြင် တံခါး၊ ပြတင်းပေါက်၊ သစ်သားသော့အိမ်နှင့် ထုပ်တန်းတို့လည်း ပါဝင်သည်။ ထို့ပြင် လက်သမားအလုပ်တွင် ဆောက်လုပ်ခြင်းလည်းပါဝင်သည်။

ဥပမာတစ်ခုတွင် နှစ်ခြင်းဆရာယောဟန်သည် ယေရှုနှင့် အခြားလက်သမားတို့ အသုံးပြုလေ့ရှိသော သစ်ပင်ခုတ်လှဲသည့် ပုဆိန်အကြောင်းဖော်ပြခဲ့သည်။ ထိုသို့ခုတ်လှဲပြီးနောက် နေရာတွင်ပင် ထိုသစ်ကိုခွဲလျှင်ခွဲ၊ မခွဲလျှင် အလုပ်ရုံသို့ သယ်လာလေ့ရှိသည်။ ထိုသို့လုပ်ဆောင်ရန် အတော်ပင်ခွန်အားစိုက်ရမည်မှာ သေချာသည်။ (မဿဲ ၃:၁၀) ဟေရှာယက သူ့ခေတ်ရှိလက်သမားများ အသုံးပြုသော အခြားကိရိယာများကို ဖော်ပြခဲ့သည်– “လက်သမားသည် မျဉ်းချလျက် စူးနှင့်မှတ်သား၍ လက်သမားတန်ဆာနှင့်လုပ်ပြီးလျှင် . . . ကွန်ပါနှင့်ရေးသား . . . တတ်၏။” (ဟေရှာယ ၄၄:၁၃) ကျမ်းစာခေတ်တွင် သံလွှများ၊ ကျောက်တူများနှင့် ကြေးနီသံချောင်းများကို အသုံးပြုကြောင်း ရှေးဟောင်းသုတေသနတွေ့ ရှိချက်များက အတည်ပြုသည်။ (ထွက်မြောက်ရာ ၂၁:၆; ဟေရှာယ ၁၀:၁၅; ယေရမိ ၁၀:၄) ထို့ကြောင့် ယေရှုလည်း ထိုကိရိယာများကို အသုံးပြုခဲ့ပေမည်။

ပုံဥပမာတစ်ခုတွင် ယေရှုဖော်ပြခဲ့သော “ပွဲစား” ဟူသည် မည်သူနည်း၊ သူတို့၏လုပ်ငန်းကား မည်သို့နည်း။

ယေရှုသည် အသုံးမကျသောကျွန်ကို ပြစ်တင်ကြိမ်းမောင်းနေသော သခင်တစ်ဦးအကြောင်း ဤသို့ပြောသည်– “ငါ့ငွေကို ပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကို ရနိုင်၏။”—မဿဲ ၂၅:၂၇။

ယေရှုခေတ်တွင် ယနေ့ခေတ်ကဲ့သို့ ငွေအမြောက်အမြားဖြင့် လုပ်ငန်းလည်ပတ်သည့်ဘဏ်များ မရှိချေ။ သို့သော် ယေရှုမြေကြီးပေါ်သို့မကြွလာမီ ကြာမြင့်စွာကပင် ငွေချေးစားသူတို့သည် အတိုးဖြင့်ငွေချေးယူပြီး ထိုငွေကိုပင် ပိုများသောအတိုးနှုန်းဖြင့် အခြားသူတို့ကို ပြန်ချေးပေးကြသည်။ အတိုးဖြင့်ငွေချေးသည့်လုပ်ငန်းသည် ဘီစီလေးရာစုတွင် ဂရိနိုင်ငံ၌ အများသိလုပ်ငန်းတစ်ခုဖြစ်ကြောင်း အဘိဓာန်တစ်အုပ် (The Anchor Bible Dictionary) ကဆိုသည်။ ထို့ပြင် ရောမတို့အုပ်ချုပ်စဉ် ငြိမ်းချမ်းသည့်ကာလအတွင်းတွင် ရောမအင်ပါယာတစ်ခွင်၌ ချေးငွေအတွက် နှစ်စဉ်အတိုးနှုန်းသည် ၄ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်းကြား ရှိတတ်သည်။

မောရှေပညတ်တွင် ဆင်းရဲသောဣသရေလလူများကို အတိုးဖြင့်ငွေချေးပေးခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။ (ထွက်မြောက်ရာ ၂၂:၂၅) ထိုပညတ်သည် အထူးသဖြင့် ဆင်းရဲသားများကို ငွေချေးပေးသောအခါလိုက်နာရန် ဖြစ်ဟန်တူသည်။ သို့သော် ယေရှုပုံဥပမာတွင် ဖော်ပြထားသည့်အတိုင်း ငွေချေးစားသူ သို့မဟုတ် “ပွဲစား” ကို ငွေချေးသောအခါတွင်မူ အတိုးယူနိုင်သည်။ ထို့ကြောင့် ယေရှုသည် နားထောင်နေသူတို့ရင်းနှီးကျွမ်းဝင်သည့် အကြောင်းအရာကိုသာ အသုံးပြုခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ