ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁/၁ စာ. ၁၃
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံတော်အာဏာရထားတ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သမ္မာကျမ်းစာခေတ်က လူနေမှုဘဝပုံစံ—သိုးထိန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင်သည် မိမိအား ဝတ်ပြုသူတွေကို ဆုချသောအရှင်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁/၁ စာ. ၁၃

သင် သိပါသလား

ကျမ်းစာထဲမှာသုံးနှုန်းထားတဲ့ “မိန်းမစိုး” ဆိုတာ ဘာအဓိပ္ပာယ်ရှိသလဲ

တစ်ခါတလေ၊ သင်းကွပ်ထားတဲ့ အမျိုးသားကို မိန်းမစိုးလို့ ခေါ်တယ်။ ကျမ်းစာခေတ်မှာ တချို့အမျိုးသားတွေကို အပြစ်ပေးတဲ့အနေနဲ့၊ သုံ့ပန်းအနေနဲ့၊ ကျွန်အနေနဲ့ သင်းကွပ်ကြတယ်။ အပျိုတော်နန်းဆောင်တွေ၊ မောင်းမနန်းဆောင်တွေကို ကြီးကြပ်ကွပ်ကဲဖို့ သင်းကွပ်ထားတဲ့အမျိုးသားတွေကို ယုံကြည်စိတ်ချစွာ အပ်နှင်းထားတယ်။ ဥပမာ၊ မိန်းမစိုးဟေဂဲနဲ့ ရှာရှဂါဇတို့ဟာ ဇခ်စိဇ် ၁ ဖြစ်ပုံရတဲ့ ပါးရှားဘုရင် အာရွှေရုရဲ့ အပျိုတော်တွေနဲ့ ဒုတိယအပျိုတော်တွေကို အုပ်ထိန်းသူတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတယ်။—ဧသတာ ၂:၃၊ ၁၄။

ဒါပေမဲ့ ကျမ်းစာမှာပါတဲ့ မိန်းမစိုးအားလုံးဟာ သင်းကွပ်ထားတဲ့သူတွေ မဟုတ်ပါဘူး။ မိန်းမစိုးဆိုတဲ့စကားလုံးကို အဓိပ္ပာယ်အမျိုးမျိုးနဲ့ သုံးကြတယ်။ တစ်ခါတလေ၊ နန်းတွင်းအရာရှိတွေကိုလည်း မိန်းမစိုးလို့ခေါ်တယ်ဆိုပြီး ကျမ်းပညာရှင်တချို့ ပြောကြတယ်။ အဲဒီသဘောမျိုးနဲ့ ယေရမိရဲ့အပေါင်းအဖော်ဖြစ်သူ ဧဗဒမေလက်အပြင် ဖိလိပ္ပုဟောပြောခဲ့တဲ့ အမည်မသိ အီသီယိုးပီးယားလူကိုပါ မိန်းမစိုးလို့ သုံးနှုန်းထားတာဖြစ်တယ်။ ဧဗဒမေလက်က ဘုရင်ဇေဒကိကို တိုက်ရိုက်စကားပြောခွင့်ရလို့ ရာထူးကြီးတဲ့နန်းတွင်းအရာရှိ ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ (ယေရမိ ၃၈:၇၊ ၈) ဒါ့အပြင် “ဂျေရုဆလင်မြို့ကို သွား၍ ဝတ်ပြု” တဲ့ အီသီယိုးပီးယားလူကိုလည်း နန်းတွင်းဘဏ္ဍာထိန်းဖြစ်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။—တမန်တော် ၈:၂၇။

ကျမ်းစာခေတ်က သိုးထိန်းတွေဟာ သိုးနဲ့ဆိတ်ကို ဘာကြောင့်ခွဲထားတာလဲ

အနာဂတ် တရားစီရင်ချိန်နဲ့ပတ်သက်ပြီး ယေရှု ဒီလိုဥပမာပေးခဲ့တယ်– ‘လူသားသည် မိမိဘုန်းတော်ကိုဆောင်လျက် ကြွလာတော်မူသောအခါ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို ခွဲခြားသကဲ့သို့ လူတို့ကို ခွဲခြားလိမ့်မည်။’ (မဿဲ ၂၅:၃၁၊ ၃၂) သိုးထိန်းတွေက သိုးနဲ့ဆိတ်ကို ဘာလို့ခွဲထားရတာလဲ။

ပုံမှန်အားဖြင့် နေ့ဘက်တွေမှာ သိုးနဲ့ဆိတ်ကို အတူတူထားပြီး စားကျက်မှာ ထိန်းကျောင်းကြတယ်။ ညဘက်မှာ သားရဲတိရစ္ဆာန်တွေနဲ့ သူခိုးတွေရဲ့ရန်ကနေ၊ အအေးဒဏ်ကနေ သိုးနဲ့ဆိတ်ကို ကာကွယ်ဖို့ ခြံဝင်းထဲ ပြန်မောင်းသွင်းကြတယ်။ (ကမ္ဘာဦး ၃၀:၃၂၊ ၃၃; ၃၁:၃၈-၄၀) ခြံဝင်းထဲရောက်တဲ့အခါ ယဉ်ပါးပြီးနုနယ်တဲ့သိုးတွေ၊ အထူးသဖြင့် သိုးမတွေနဲ့ သိုးကလေးတွေကို ရန်လိုတဲ့ဆိတ်တွေ အန္တရာယ်ပြုမှာစိုးလို့ သူတို့ကို သီးသန့်ခွဲထားရတယ်။ ဒါ့အပြင် “သားပေါက်ချိန်၊ နို့ညှစ်ချိန်နဲ့ သိုးမွေးညှပ်ချိန်” တွေမှာ သိုးနဲ့ဆိတ်ကို ခွဲထားတယ်လို့ (All Things in the Bible) စာအုပ်ထဲမှာ ဖော်ပြထားတယ်။ ရှေးအစ္စရေးလူတွေဟာ သိုးတွေကို မြင်နေကျ၊ ထိန်းကျောင်းနေကျဖြစ်လို့ သိုးနဲ့ဆိတ်ဥပမာကို ယေရှု သုံးလိုက်တာဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ