-
ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်းကင်းမျှော်စင်—၂၀၁၅ | မတ် ၁၅
-
-
၄ ၁၈၈၁၊ ကင်းမျှော်စင် မှာ “လူသား” ဒါမှမဟုတ် “မင်းကြီး” ဟာ ယေရှုဖြစ်တယ်၊ မင်းကြီးရဲ့ ‘ညီတွေ’ ဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုးမယ့်သူတွေသာမက စုံလင်မှုပြန်ရရှိပြီးနောက် မြေကြီးပေါ်အသက်ရှင်မယ့် လူသားအားလုံးဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒီအပြင် လူတွေဟာ ခရစ်တော်ရဲ့ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းမှာ သိုးနဲ့ဆိတ်အဖြစ် ခွဲခြားခံရမယ်၊ ပြုမူလုပ်ဆောင်သမျှမှာ ဘုရားသခင့်မေတ္တာကို တုပသူတွေဟာ သိုးအဖြစ် သတ်မှတ်ခံရမယ်လို့လည်း ရှင်းပြတယ်။
၅။ ၁၉၂၃ မှာ ဘုရားသခင့်လူမျိုးဟာ ပုံဥပမာကို ဘယ်လိုနားလည်ခဲ့သလဲ။
၅ နောက်ပိုင်း ဒီပုံဥပမာကို ပိုရှင်းရှင်းလင်းလင်း နားလည်ဖို့ ယေဟောဝါ ကူညီပေးခဲ့တယ်။ ၁၉၂၃၊ အောက်တိုဘာ ၁၅၊ ကင်းမျှော်စင် မှာ “လူသား” ဟာ ယေရှုဖြစ်တယ်လို့ ဖော်ပြတယ်။ ဒါပေမဲ့ ပုံဥပမာမှာပါတဲ့ ‘ညီတွေ’ ဟာ ယေရှုနဲ့အတူ အုပ်စိုးမယ့်သူတွေကိုသာ ဆိုလိုတယ်၊ သူတို့အားလုံးဟာ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းမှာ ကောင်းကင်ကို ရောက်နေလိမ့်မယ်လို့ ကျမ်းချက်တွေသုံးပြီး ရှင်းပြတယ်။ သိုးတွေဟာ ယေရှုနဲ့ ညီတွေရဲ့ အုပ်ချုပ်မှုအောက် မြေကြီးပေါ်အသက်ရှင်မယ့်သူတွေကို ဆိုလိုတယ်လို့ ဆက်ရှင်းပြတယ်။ သိုးနဲ့ဆိတ် ခွဲခြားမယ့်အချိန်နဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုရှင်းပြသလဲ။ ခရစ်တော်ရဲ့ညီတွေဟာ အနှစ်တစ်ထောင်အတွင်းမှာ ခရစ်တော်နဲ့အတူ ကောင်းကင်ကနေ အုပ်ချုပ်နေမှာဖြစ်တဲ့အတွက် မြေကြီးအတန်းအစားက သူတို့ကို ကူညီတာဖြစ်စေ၊ ဥပေက္ခာပြုတာဖြစ်စေ မလုပ်နိုင်ဘူး။ ဒါကြောင့် သိုးနဲ့ဆိတ်ခွဲခြားခြင်းဟာ ယေရှုရဲ့ဘိသိက်ခံညီတွေ မြေကြီးပေါ်ရှိနေတုန်း၊ အနှစ်တစ်ထောင်အုပ်ချုပ်မှု မစခင်မှာ ဖြစ်ရမယ်လို့ ရှင်းပြတယ်။ လူတွေဟာ ယေရှုကို ယုံကြည်တဲ့အတွက်၊ နိုင်ငံတော်အားဖြင့် ပိုကောင်းမွန်တဲ့ ဘဝအသက်တာ ရရှိမယ်လို့ ယုံကြည်တဲ့အတွက် သိုးတွေအဖြစ် စီရင်ခံရမှာဖြစ်တယ်လို့လည်း ရှင်းပြတယ်။
-
-
ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်းကင်းမျှော်စင်—၂၀၁၅ | မတ် ၁၅
-
-
၇။ အခုအချိန်မှာ ပုံဥပမာကို ဘယ်လိုရှင်းရှင်းလင်းလင်း နားလည်ထားသလဲ။
၇ ဒီနေ့အချိန်မှာတော့ သိုးနဲ့ဆိတ်ပုံဥပမာကို ရှင်းရှင်းလင်းလင်း နားလည်နေပြီ။ “လူသား” ဒါမှမဟုတ် “မင်းကြီး” ဟာ ယေရှုဖြစ်တယ်။ မင်းကြီးရဲ့ ‘ညီတွေ’ ဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေ၊ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့်သူတွေ ဖြစ်တယ်။ (ရော. ၈:၁၆၊ ၁၇) “သိုး” နဲ့ “ဆိတ်” ဟာ လူမျိုးအသီးသီးထဲက လူတွေဖြစ်တယ်။ သူတို့ဟာ မကြာခင်စတင်တော့မယ့် ကြီးစွာသောဒုက္ခရဲ့အဆုံးပိုင်းနားမှာ တရားစီရင်ခံရပါလိမ့်မယ်။ မြေကြီးပေါ်ရှိနေသေးတဲ့ ဘိသိက်ခံတွေကို ဘယ်လိုဆက်ဆံတယ် ဆိုတဲ့အပေါ်မူတည်ပြီး လူတွေကို ယေရှု တရားစီရင်ပါလိမ့်မယ်။ ဒီပုံဥပမာနဲ့ မဿဲ အခန်းကြီး ၂၄ နဲ့ ၂၅ မှာပါတဲ့ တခြားပုံဥပမာတွေကို နားလည်ဖို့ နှစ်တွေတစ်လျှောက် ယေဟောဝါ ကူညီပေးခဲ့တဲ့အတွက် ကျွန်တော်တို့ သိပ်ကျေးဇူးတင်ပါတယ်။
-
-
ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်းကင်းမျှော်စင်—၂၀၁၅ | မတ် ၁၅
-
-
၉ အရင်ဆုံး၊ ယေရှုဟာ တစ်ခုခုသွန်သင်ပေးဖို့ ပုံဥပမာ သုံးတယ်ဆိုတာ သတိပြုပါ။ ဒီပုံဥပမာမှာ တကယ့်သိုးတွေ၊ ဆိတ်တွေအကြောင်း ပြောနေတာမဟုတ်ဘူး။ အဲဒီလိုပဲ၊ သိုးအဖြစ် တရားစီရင်ခံရမယ့်သူတိုင်းဟာ ဘိသိက်ခံတွေကို စားစရာတွေ၊ အဝတ်တွေ ပေးရမယ်၊ နေမကောင်းတဲ့အခါ ပြုစုရမယ်၊ ထောင်ကျတဲ့အခါ သွားတွေ့ရမယ်လို့ ပြောနေတာမဟုတ်ဘူး။ ယေရှုက သိုးတွေကို “ဖြောင့်မတ်သူ” တွေအဖြစ် ဖော်ပြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဘိသိက်ခံတွေကို ယေရှုရဲ့ ညီတွေအဖြစ် သဘောထားပြီး ခက်ခဲတဲ့ဒီနောက်ဆုံးကာလအတွင်း သူတို့အပေါ် သစ္စာစောင့်သိနေလို့ပဲ။—မ. ၁၀:၄၀-၄၂; ၂၅:၄၀၊ ၄၆; ၂ တိ. ၃:၁-၅။
၁၀။ သိုးတွေက ခရစ်တော်ရဲ့ညီတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။
၁၀ ဒုတိယအနေနဲ့ ဒီပုံဥပမာရဲ့ ရှေ့နောက်စကားတွေကို သုံးသပ်ကြည့်ပါ။ ယေရှုက ဆုံးခန်းကာလမှာ ဖြစ်မယ့်အရာတွေအကြောင်း ပြောနေချိန်မှာ သိုးနဲ့ဆိတ်ပုံဥပမာကို ပြောခဲ့တာဖြစ်တယ်။ (မ. ၂၄:၃) ဥပမာ၊ “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်” လို့ ယေရှုပြောတယ်။ (မ. ၂၄:၁၄) အဲဒီနောက် သိုးနဲ့ဆိတ်ပုံဥပမာကို မပြောခင်လေးမှာ တဲလင့်ပုံဥပမာကို ပြောခဲ့တယ်။ ဘိသိက်ခံတွေဟာ ဟောပြောခြင်းလုပ်ငန်းကို ကြိုးစားလုပ်ဆောင်ရမယ်ဆိုတာ သင်ပေးဖို့ တဲလင့်ပုံဥပမာကို ပြောခဲ့တယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ ဘိသိက်ခံတွေ နည်းနည်းလေးပဲ ကျန်တော့တယ်။ လုပ်စရာတော့ အများကြီးရှိသေးတယ်။ ဘိသိက်ခံတွေဟာ အဆုံးမရောက်ခင် “လူမျိုးအပေါင်း” ကို ဟောပြောဖို့ မိန့်မှာခံထားရတယ်။ ဒါပေမဲ့ သိုးနဲ့ဆိတ်ပုံဥပမာမှာ သိခဲ့ရတဲ့အတိုင်း “သိုး” တွေက ယေရှုရဲ့ ညီတွေကို ကူညီပေးတယ်။ ယေရှုရဲ့ ညီတွေကို ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းကတော့ ဟောပြောခြင်းလုပ်ငန်းမှာ ကူညီပေးခြင်းပဲ။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းအတွက် ငွေကြေးလှူဒါန်းရုံ၊ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ဘိသိက်ခံတွေကို အားပေးရုံနဲ့ လုံလောက်ပြီလား။
-