ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အနှစ်တစ်ထောင်အတွင်းသို့ကပ်ကျော်ဝင်ရောက်ရန် ဆက်လက်ဖွဲ့စည်းလျက်နေခြင်း
    ကင်းမျှော်စင်—၁၉၉၀ | စက်တင်ဘာ ၁
    • ၈။ မိမိရောက်ရှိခြင်းဆိုင်ရာပရောဖက်ပြုချက်ကို နိဂုံးချုပ်ရာတွင်ယေရှုအဘယ်ဥပမာ ဟောကြားတော်မူခဲ့သနည်း။ ယင်းကိုနားလည်ခြင်းနှင့်စပ်လျဉ်း၍ ၁၉၃၅ ခုဇွန်လ ၁ ရက်နေ့သည် အဘယ်သို့အရေးပါသနည်း။

      ၈ မဿဲခရစ်ဝင်ကျမ်းအရယေရှုသည် မိမိရောက်ရှိခြင်းဆိုင်ရာ နိမိတ်နှင့်ပတ်သက်သော ပရောဖက်ပြုချက်ကိုဥပမာတစ်ခုဖြင့် အဆုံးသတ်ထားသည်။ သိုးနှင့်ဆိတ်ဥပမာဟု အများအားဖြင့်ခေါ်ဆိုကြသည်။ တစ်ပါးအမျိုးသားကာလကုန်ဆုံးသည့် ၁၉၁၄ ခုနှစ်မှအစပြုသည့် ဤအစီအစဉ်စနစ် ဆုံးခန်းချိန်ဖြစ်သော ယခုအချိန်တွင် ၄င်းဥပမာပြည့်စုံလျက်ရှိသည်။ (မဿဲ ၂၅:၃၁-၄၆) ဥပမာထဲမှသိုးများမှာ လူအုပ်ကြီးဝင်များပင်ဖြစ်ကြောင်း သိရှိခြင်းနှင့်ပတ်သက်၍ ၁၉၃၅ခု၊ ဇွန်လ ၁ ရက်၊ စနေနေ့သည် အရေးပါသောနေ့ဖြစ်သည်။ ထိုနေ့၌ဝါရှင်တန်ဒီစီတွင် ယေဟောဝါသက်သေများ၏ စည်းဝေးပွဲကြီးတစ်ခု၌လူပေါင်း ၈၄၀ သည် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါထံအပ်နှံသည့် အထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံခဲ့ကြသည်။ ဤသူတို့အနက်မှအများမှာ ဗျာဒိတ် ၇:၉-၁၇ ပေါ်အခြေပြုသော ဂျေ၊ အက်(ဖ်) ရပ်သဖော့ဒ်၏ဟောပြောချက်အပြီး၌ အထက်ပါအတိုင်းချက်ချင်း တုံ့ပြန်ခဲ့ကြခြင်းဖြစ်သည်။ ကောင်းသောသိုးထိန်း၏ အခြားသိုးများမှလူအုပ်ကြီးအဝင်ဖြစ်ရေးမှာ သူတို့၏ဆန္ဒပင်ဖြစ်သည်။ ဤသို့ဖြင့်နီးကပ်လာနေသည့် ကြီးစွာသောဒုက္ခကိုကျော်၍ ဤစနစ်၏အဆုံးကို အရှင်လတ်လတ်ဖြတ်သန်းကာ သိုးထိန်း—ရှင်ဘုရင် ယေရှုခရစ်၏အနှစ်တစ်ထောင် စိုးစံရာကာလအတွင်းသို့ ဝင်ရောက်မည့်အခွင့်အရေး ရရှိကြမည်။ နောက်ဆုံးတွင် ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ရရှိကြမည်။—မဿဲ ၂၅:၄၆။ လုကာ ၂၃:၄၃။

      ၉။ သိုးများအား “[သူတို့] အဖို့ပြင်ဆင်ထားသောနိုင်ငံကို” အမွေခံရန် အဘယ်ကြောင့်ဖိတ်ခေါ်သနည်း။ သူတို့သည် မင်းကြီး၏ညီတော်များအား ကောင်းမှုပြုရန်အဘယ်သို့သော အကောင်းဆုံးအနေအထား၌ ရှိသနည်း။

      ၉ သိုးကဲ့သို့သော ဤသူတို့အား “ဤလောကတည်သည်ကာလက [သူတို့] အဖို့ပြင်ဆင်ထားသောနိုင်ငံကိုလာ၍ အမွေခံကြလော့” ဟုအဘယ်ကြောင့်ခေါ်ဖိတ်ခံရသနည်း။ (NW) မင်းကြီးကသူတို့သည် မိမိ “ညီတော်များ” အားကောင်းမှုပြုခြင်းဖြင့် မိမိအားပြုရာရောက်သောကြောင့် ဖြစ်သည်ဟုမိန့်တော်မူ၏။ “ညီတော်များ” ဟူသောအသုံးအနှုန်းအားဖြင့် ဤအစီအစဉ်စနစ်၏ဆုံးခန်းချိန်၌ မိမိ၏ဝိညာဏညီတော်များမှ အကြွင်းအကျန်များသည် မြေကြီးပေါ်တွင် ကျန်ရှိနေဦးမည်ဟုဆိုလိုသည်။ သိုးထိန်းကဲ့သို့သောသူတို့သည် သိုးထိန်း-ရှင်ဘုရင် ယေရှုခရစ်၏ညီတော်များနှင့်အတူ သိုးအုပ်တစ်အုပ်တည်းဖြစ်နေသဖြင့် ထိုသူတို့မှအကြွင်းအကျန်တို့နှင့် ရင်းနှီးစွာပေါင်းသင်းနိုင်သည့်ပြင် သူတို့အားကောင်းမှုပြုနိုင်သည့် အကောင်းဆုံးအနေအထား၌ရှိကြသည်။ တည်ထောင်ပြီးဖြစ်သော နိုင်ငံတော်သတင်းတရားကို အဆုံးမတိုင်မီကမ္ဘာချီဟောပြောရာတွင် ယေရှု၏ညီတော်များကို ရုပ်ပစ္စည်းအားဖြင့်လည်း ထောက်မကူညီပေးကြသည်။ ဤနေရာတွင်သိုးများသည် သိုးထိန်းတစ်ပါးတည်းလက်အောက်တွင် သိုးအုပ်တစ်အုပ်အဖြစ် အကြွင်းအကျန်တို့နှင့်အတူ ဆက်လက်၍ပူးပေါင်းဖွဲ့စည်းခြင်းအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားကြသည်။

  • အနှစ်တစ်ထောင်အတွင်းသို့ကပ်ကျော်ဝင်ရောက်ရန် ဆက်လက်ဖွဲ့စည်းလျက်နေခြင်း
    ကင်းမျှော်စင်—၁၉၉၀ | စက်တင်ဘာ ၁
    • ၁၁။ သိုးများသည်နိုင်ငံတော်ဘက်ရပ်တည်ကြောင်း အဘယ်သို့ပြသနည်း။ ယင်းအတွက်ကြောင့်အဘယ် ကောင်းချီးခံစားရကြသနည်း။

      ၁၁ သိုးကဲ့သို့သောသူများသည် ပုံဆောင်ရာဆိတ်များနှင့်မတူဘဲ နိုင်ငံတော်ဘက်ရပ်တည်ကြောင်း သံသယကင်းစွာပြသကြသည်။ အဘယ်သို့အားဖြင့်နည်း။ အပြောအားဖြင့်သာမဟုတ်ဘဲ အလုပ်အားဖြင့်ပြသကြသည်။ မင်းကြီးသည်ကောင်းကင်ဘုံတွင် သူတို့မမြင်နိုင်သောအရှင်ဖြစ်သောကြောင့် နိုင်ငံတော်ကိုထောက်ခံသည့်အနေနှင့် ကိုယ်တော်အားတိုက်ရိုက်ကောင်းမှု မပြုနိုင်ကြချေ။ ထို့ကြောင့်မြေကြီးပေါ်တွင် ကျန်ကြွင်းလျက်ရှိသော ကိုယ်တော်၏ဝိညာဏညီတော်များအား ကောင်းမှုပြုကြသည်။ ဤသို့ကောင်းမှုပြုခြင်းကြောင့် ဆိတ်တို့၏မုန်းတီးမှု၊ ဆန့်ကျင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ခံရကြစေကာမူမိမိတို့သည် “ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံရသောသူတို့” ဖြစ်ကြောင်းမင်းကြီးထံမှသိရကြ၏။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ