ဓာတ်ပုံ၊ ပန်းချီ၊ အသံတိတ်ဗီဒီယို၊ ကာတွန်းသရုပ်ဖော် ဗီဒီယိုတွေနဲ့ ကျမ်းစာမှတ်တမ်းပါ အသေးစိတ် အချက်အလက်တွေကို ရုပ်လုံးဖော်ပြတယ်။
ဂျေရုဆလင်မြို့အနီး၊ သံလွင်တောင်စောင်းမှာရှိတဲ့ ဗက်ဖာဂေရွာ
ဒီ ဗီဒီယိုတိုလေးက ဂျေရုဆလင်မြို့ အရှေ့ဘက်မှာရှိတဲ့ ကျမ်းစာခေတ်က ဗက်ဖာဂေရွာ၊ အခုခေတ် အက်တူရွာကနေ သံလွင်တောင်ရဲ့ အမြင့်ဆုံးအပိုင်းဆီသွားတဲ့ လမ်းတစ်လျှောက်ကို ဖော်ပြတယ်။ ဗက်ဖာဂေရွာရဲ့ အရှေ့ဘက်၊ သံလွင်တောင်ရဲ့ အရှေ့ဘက်တောင်စောင်းမှာ ဗေသနိရွာ တည်ရှိတယ်။ ဂျေရုဆလင်ကို ရောက်တဲ့အခါ ယေရှုနဲ့ သူ့တပည့်တွေဟာ ဗေသနိရွာမှာ ညအိပ်တတ်တယ်။ အဲဒီနေရာကို အာရဘီစကားနဲ့ အယ်-အာဇရိရေမြို့လို့ ခေါ်ပြီး “လာဇရု အရပ်” လို့ အဓိပ္ပာယ်ရှိတယ်။ ယေရှုက မာသ၊ မာရိနဲ့ လာဇရုအိမ်မှာ ညအိပ်ခဲ့မှာ သေချာတယ်။ (မ ၂၁:၁၇။ မာ ၁၁:၁၁။ လု ၂၁:၃၇။ ယဟ ၁၁:၁) သူတို့အိမ်ကနေ ဂျေရုဆလင်မြို့ကို ယေရှုသွားတဲ့အခါ ဗီဒီယိုမှာပါတဲ့ လမ်းအတိုင်း သွားခဲ့မှာပဲ။ အေဒီ ၃၃၊ နိသန် ၉ ရက်မှာ သံလွင်တောင်ပေါ်ကနေ ဂျေရုဆလင်ကို ယေရှု မြည်းစီးသွားတဲ့အခါ ဗက်ဖာဂေကနေ ဂျေရုဆလင်ကိုသွားတဲ့ ဒီလမ်းအတိုင်း သွားခဲ့တာ ဖြစ်နိုင်တယ်။
၁။ ဗေသနိကနေ ဗက်ဖာဂေကို သွားတဲ့လမ်း
၂။ ဗက်ဖာဂေ
၃။ သံလွင်တောင်
၄။ ကိဒြုန်ချိုင့်ဝှမ်း
၅။ ဗိမာန်တော် ရှိခဲ့တဲ့တောင်
ဖနောင့်ရိုးထဲ ဝင်နေတဲ့သံချောင်း
ဒီဓာတ်ပုံဟာ လူ့ဖနောင့်ရိုးထဲ ၄.၅ လက်မရှည်တဲ့ သံချောင်းဝင်နေတဲ့ ပုံဖြစ်တယ်။ မူလအရိုးကို ၁၉၆၈ ခုနှစ်က ဂျေရုဆလင်မြောက်ပိုင်းမှာ တူးဖော် တွေ့ရှိခဲ့တာဖြစ်ပြီး ရောမခေတ်ကလို့ သတ်မှတ်ကြတယ်။ လူတွေကို သစ်တိုင်တင်သတ်တဲ့အခါ သံရိုက်လေ့ရှိကြောင်း အဲဒါက သက်သေထူတယ်။ ရောမစစ်သားတွေ ယေရှုခရစ်ကို သစ်တိုင်တင်တဲ့အချိန်မှာလည်း အဲဒီလိုသံမျိုးတွေ အသုံးပြုခဲ့မှာပဲ။ အဲဒီအရိုးကို ကျောက်အရိုးအိုးထဲမှာ တွေ့ခဲ့တာဖြစ်တယ်။ ဒါက သစ်တိုင်ပေါ် အသတ်ခံရသူကို သင်္ဂြိုဟ်ခွင့်ပေးခဲ့တယ်ဆိုတာ ဖော်ပြတယ်။—မ ၂၇:၃၅။