ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၁၄
  • အောက်မေ့ဖွယ်ရာ ညစာစားပွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်မေ့ဖွယ်ရာ ညစာစားပွဲ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင့်ညစာစားပွဲ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ခရစ်တော် သစ္စာဖောက်အပ်နှံခံရပြီး အဖမ်းခံရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သစ္စာဖောက်ခြင်းနှင့် ဖမ်းဆီးခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • “ယုဒ ခရစ်ဝင်ကျမ်း” ဆိုတာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၁၄

အခန်း ၁၁၄

အောက်မေ့ဖွယ်ရာ ညစာစားပွဲ

တမန်တော်များ၏ခြေကိုဆေးပေးပြီးနောက် ယေရှုသည် ဆာလံ ၄၁:၉ ကိုကိုးကားလျက် “ငါ့မုန့်ကိုစားသောအဆွေခင်ပွန်းသည် ငါ့ကိုခြေနှင့်ကျောက်သတည်း” ဟုမိန့်ဆိုသည်။ ထိုနောက်စိတ်အနှောင့်အယှက်ဖြစ်လျက် “တစ်စုံတစ်ယောက်သည်ငါ့ကိုအပ်နှံလိမ့်မည်” ဟုမိန့်တော်မူ၏။

တမန်တော်တို့သည်ဝမ်းနည်း၍ ယေရှုအား “အကျွန်ုပ်လော။ အကျွန်ုပ်လော” ဟုတစ်ယောက်ပြီးတစ်ယောက်မေးကြ၏။ ယုဒရှကာရုတ်ပင်မေးမြန်းသည်။ ယေရှု၏ဘေးတွင်လဲလျောင်းနေသောယောဟန်သည် ကိုယ်တော်၏ရင်ခွင်ကိုမှီ၍ “သခင်အဘယ်သူနည်း” ဟုမေး၏။

“တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူပန်းကန်တွင်နှိုက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်” ဟုယေရှုဖြေ၏။ “ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည်အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်” ဟုမိန့်ဆို၏။ ယုဒ၏ဆိုးယုတ်သောနှလုံးကိုအခွင့်ကောင်းယူ၍ သူ့အထဲသို့စာတန်ဝင်ပြန်၏။ ထိုညနောက်ပိုင်းတွင် ယေရှုကယုဒအား “ပျက်စီးခြင်း၏သား” ဟုလျောက်ပတ်စွာခေါ်ဆိုသည်။

ယခုယေရှုက ယုဒအား “သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့” ဟုမိန့်ဆို၏။ယေရှုဘာဆိုလိုသည်ကို တမန်တော်တစ်ပါးမျှနားမလည်ချေ။ အချို့က ယုဒသည်ငွေအိတ်ကိုဆောင်သောကြောင့် ယေရှုကသူ့အား “ဤပွဲ၌ငါတို့သုံးစရာအဖို့ကိုဝယ်လော့” သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုသွားပေးရန်မှာသည်ဟု ထင်ကြ၏။

ယုဒထွက်သွားပြီးနောက် သစ္စာရှိတမန်တော်များနှင့် မကျင်းပဖူးသေးသောအထိမ်းအမှတ်ပွဲတစ်ခုကိုစတင်ပြုလုပ်သည်။ ကိုယ်တော်သည်မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ တပည့်များအားဖဲ့၍ပေးကာ “ယူ၍စားလော့” ဟုမိန့်မှာ၏။ “ဤမုန့်ကား သင်တို့အဖို့အလို့ငှာ စွန့်သောငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုကိုယ်တော်ရှင်းပြ၏။

မုန့်ကိုကိုယ်စီစားကြပြီးနောက် ယေရှုသည်ပသခါပွဲတွင်အသုံးပြုသည့် စတုတ္ထစပျစ်ရည်ခွက်ကိုယူလေသည်။ ကျေးဇူးတော်ချီးမွမ်းပြီးနောက် သောက်သုံးရန်ခွက်ကိုကမ်းပေး၍ “ဤခွက်ကား သင်တို့အဖို့အလို့ငှာသွန်းသော ငါ၏အသွေး၌တည်သောပဋိညာဉ်တရားသစ်ဖြစ်၏” ဟုမိန့်ဆို၏။

ထိုကြောင့်ယင်းသည် ယေရှု၏သေခြင်းကိုအောက်မေ့သည့်ပွဲဖြစ်၏။ နှစ်စဉ်နိသန်လ ၁၄ ရက်၌ ယေရှုပြောသည့်အတိုင်း ကိုယ်တော်အားသတိရဖို့ ယင်းကိုထပ်မံပြုလုပ်နေရန်ဖြစ်သည်။ ယင်းသည် လူတို့အားသေခြင်းကျိန်ဒဏ်အောက်မှလွတ်မြောက်စေရန် ယေရှုနှင့်ကိုယ်တော်၏ကောင်းကင်ခမည်းတော်လုပ်ဆောင်ပေးခဲ့သည့်အရာကို ပွဲတော်ကျင်းပသူများအားသတိရစေမည်။ ခရစ်တော်၏နောက်လိုက်ဖြစ်လာသူဂျူးများအတွက် ထိုပွဲသည် ပသခါကိုအစားထိုးပေမည်။

ယေရှုသွန်းလောင်းသောအသွေးအားဖြင့် တရားဝင်လာသောပဋိညာဉ်သစ်သည် ပညတ်ပဋိညာဉ်ဟောင်းနေရာကိုယူလိုက်သည်။ ယေဟောဝါဘုရားနှင့် ၁၄၄,၀၀၀ သောဝိညာဉ်တော်ဖွားခရစ်ယာန်များစပ်ကြားဖွဲ့သောဤပဋိညာဉ်ကို ယေရှုခရစ်အတည်ပြုပေးသည်။ ဤပဋိညာဉ်သည် အပြစ်လွှတ်ခြင်းကိုလုပ်ဆောင်ပေးရုံမကဘဲ ဘုရင်–ယဇ်ပုရောဟိတ်တို့၏ကောင်းကင်ဆိုင်ရာလူမျိုးကိုလည်းဖြစ်ပေါ်စေသည်။ မဿဲ ၂၆:၂၁-၂၉။ မာကု ၁၄:၁၈-၂၅။ လုကာ ၂၂:၁၉-၂၃။ ယောဟန် ၁၃:၁၈-၃၀၊ ၁၇:၁၂။ ၁ ကောရိန္သု ၅:၇။

▪ ယေရှုသည် အပေါင်းအဖော်တစ်ဦးနှင့်စပ်လျဉ်း၍ အဘယ်သမ္မာကျမ်းပရောဖက်ပြုချက်ကိုကိုးကားသနည်း။ ယင်း၏ပြည့်စုံချက်ကို ကိုယ်တော်မည်သို့ဖော်ထုတ်သနည်း။

▪ တမန်တော်များသည် အဘယ်ကြောင့်အလွန်အမင်းကြေကွဲကြသနည်း။ သူတို့တစ်ဦးစီ ဘာမေးကြသနည်း။

▪ ယေရှုက ယုဒကိုဘာပြုလုပ်ရန်မိန့်ဆိုပြီး၊ အခြားတမန်တော်များက ယင်းညွှန်ကြားချက်ကို မည်သို့အဓိပ္ပာယ်ကောက်သနည်း။

▪ ယေရှုသည် ယုဒထွက်သွားပြီးနောက်အဘယ်ပွဲတော်ကို အစပြုသနည်း။ မည်သည့်ရည်ရွယ်ချက်အတွက်နည်း။

▪ ပဋိညာဉ်သစ်တွင်မည်သူများပါဝင်၍ ပဋိညာဉ်က ဘာကိုဖြစ်မြောက်စေသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ