ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၁၇ စာ. ၂၇၀-စာ. ၂၇၁ ပိုဒ်. ၃
  • သခင့်ညစာစားပွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သခင့်ညစာစားပွဲ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အောက်မေ့ဖွယ်ရာ ညစာစားပွဲ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • အထက်ခန်းမှာ ရှိနေကြတဲ့အခါ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ခရစ်တော် သစ္စာဖောက်အပ်နှံခံရပြီး အဖမ်းခံရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု၏ခွဲခွာခါနီးနှုတ်ဆက်စကားကို အလေးဂရုပြုခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၁၇ စာ. ၂၇၀-စာ. ၂၇၁ ပိုဒ်. ၃
ယေရှုက သစ္စာရှိတမန်တော် ဆယ့်တစ်ယောက်နဲ့အတူ သခင့်ညစာစားပွဲကို အစပြုကျင်းပ

အခန်း ၁၁၇

သခင့်ညစာစားပွဲ

မဿဲ ၂၆:၂၁-၂၉ မာကု ၁၄:၁၈-၂၅ လုကာ ၂၂:၁၉-၂၃ ယောဟန် ၁၃:၁၈-၃၀

  • ယုဒ သစ္စာဖောက်ဖြစ်ကြောင်း ဖော်ထုတ်ခံရ

  • အောက်မေ့ရာပွဲကို ယေရှု အစပြုကျင်းပ

ဒီညနေပိုင်းမှာ ယေရှုက တမန်တော်တွေရဲ့ခြေကို ဆေးပေးပြီး နှိမ့်ချမှုသင်ခန်းစာ သင်ပေးခဲ့တယ်။ အခု ပသခါညစာ စားပြီးနောက်မှာ “ငါယုံကြည်လို့ အတူလက်ဆုံစားတဲ့ ငါ့မိတ်ဆွေရင်းကတောင် ငါ့ကို ဖနောင့်နဲ့ ပေါက်တယ်” ဆိုတဲ့ ဒါဝိဒ်ရဲ့ ပရောဖက်ပြုစကားကို ကိုးကားပြီး “ခင်ဗျားတို့ထဲက တစ်ယောက် ကျွန်တော့်ကို သစ္စာဖောက်လိမ့်မယ်” လို့ပြောလိုက်တယ်။—ဆာလံ ၄၁:၉။ ယောဟန် ၁၃:၁၈၊ ၂၁။

တပည့်တွေလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး “သခင်၊ ကျွန်တော် မဟုတ်ပါဘူးနော်” လို့မေးကြတယ်။ ယုဒရှကာရုတ်တောင် မေးလိုက်သေးတယ်။ ယောဟန်က ယေရှုဘေးမှာ ထိုင်နေလို့ ပေတရုက သူ့ကိုအချက်ပြပြီး ဘယ်သူလဲလို့ မေးခိုင်းတယ်။ ဒါနဲ့ ယောဟန်က ယေရှုရဲ့ရင်ခွင်ကို ကျောမှီလိုက်ပြီး “သခင်၊ အဲဒါ ဘယ်သူလဲ” လို့မေးတယ်။—မဿဲ ၂၆:၂၂။ ယောဟန် ၁၃:၂၅။

ယေရှုက “ဒီမုန့်ကို ကျွန်တော် နှစ်ပြီး ပေးတဲ့သူပဲ” လို့ပြောပြီး မုန့်တစ်လုတ်စာကို ဟင်းခွက်ထဲ နှစ်လိုက်တယ်။ ပြီးတော့ ယုဒကို ပေးလိုက်တယ်။ “ကျမ်းစောင်မှာ ရေးထားတဲ့အတိုင်း လူသားက သွားရမှာပဲ။ ဒါပေမဲ့ လူသားကို သစ္စာဖောက်တဲ့သူကတော့ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ အဲဒီလူ မမွေးလာခဲ့ရင် ပိုကောင်းဦးမယ်” လို့ပြောတယ်။ (ယောဟန် ၁၃:၂၆။ မဿဲ ၂၆:၂၄) ဒီအခါ စာတန်က ယုဒရဲ့စိတ်ကို ကြိုးကိုင်ခြယ်လှယ်တော့တယ်။ နဂိုကတည်းက အကျင့်စာရိတ္တမကောင်းတဲ့ ယုဒဟာ အခု မာရ်နတ်ရဲ့ အလိုကို လိုက်ခြင်းအားဖြင့် “ပျက်စီးခြင်းရဲ့သား” ဖြစ်လာတယ်။—ယောဟန် ၆:၆၄၊ ၇၀။ ၁၂:၄။ ၁၇:၁၂။

ယေရှုက “လုပ်စရာရှိတာ မြန်မြန်လုပ်ပေတော့” လို့ ယုဒကိုပြောတယ်။ ယုဒဟာ ငွေသေတ္တာ ကိုင်ရတဲ့သူဆိုတော့ “ပွဲတော်အတွက် လိုအပ်တာတွေ ဝယ်ဖို့၊ နွမ်းပါးသူတွေကို ပေးကမ်းဖို့” ယေရှု ခိုင်းလိုက်တာလို့ တမန်တော်တချို့ ထင်နေကြတာ။ (ယောဟန် ၁၃:၂၇-၃၀) ယုဒကတော့ ယေရှုကို သစ္စာဖောက်အပ်နှံဖို့ ထွက်သွားတယ်။

ပသခါညစာစားတဲ့ အဲဒီညမှာပဲ ယေရှုက ညစာစားပွဲ အသစ်တစ်ခုကို အစပြု ကျင်းပတယ်။ မုန့်ကိုယူပြီး ကျေးဇူးတင်ချီးမွမ်းတယ်။ မုန့်ကိုဖဲ့ပြီးနောက် “ဒါဟာ ခင်ဗျားတို့အတွက် စွန့်လွှတ်တဲ့ ကျွန်တော့်ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်။ ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ကြပါ” လို့ပြောပြီး တမန်တော်တွေကို ဝေပေးတယ်။ (လုကာ ၂၂:၁၉) တမန်တော်တွေလည်း စားကြတယ်။

ယေရှုက ဝိုင်ခွက်ကိုလည်းယူပြီး ကျေးဇူးတင်ချီးမွမ်းတယ်။ ပြီးနောက် “ဒီခွက်ဟာ ကျွန်တော့်ရဲ့သွေးကို ကိုယ်စားပြုတယ်။ ဒါဟာ ခင်ဗျားတို့အတွက် သွန်းလောင်းမယ့် ကျွန်တော့်သွေးနဲ့ဖွဲ့တဲ့ ပဋိညာဉ်သစ်ပဲ” လို့ပြောပြီး ဝိုင်ခွက်ကို ကမ်းပေးတော့ တမန်တော်အားလုံး သောက်ကြတယ်။—လုကာ ၂၂:၂၀။

ဒီလိုနည်းနဲ့ ယေရှုက သူ့ရဲ့သေခြင်းကို အောက်မေ့ဖို့ ပွဲတော်ကျင်းပခဲ့ပြီး သူ့နောက်လိုက်တွေလည်း နှစ်စဉ် နိသန်လ ၁၄ ရက်ရောက်တိုင်း ကျင်းပရမှာဖြစ်တယ်။ ဒီပွဲတော်ဟာ ယုံကြည်သူတွေ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ ယေရှုနဲ့ သူ့ဖခင် လုပ်ပေးခဲ့ရာကို သတိရစေတယ်။ ဂျူးတွေကျင်းပတဲ့ ပသခါပွဲက အီဂျစ်ပြည်ကနေ လွတ်မြောက်လာတာကို အမှတ်ရစေတယ်။ ဒီပွဲတော်ကတော့ ယုံကြည်သူ လူသားတွေ ရရှိတဲ့ ပိုကြီးမားတဲ့ လွတ်မြောက်မှု အစစ်အမှန်ကို အမှတ်ရစေတယ်။

ယေရှုက သူ့သွေးကို “အပြစ်တွေ ခွင့်လွှတ်ခံရဖို့ လူအများအတွက် သွန်းလောင်း” တယ်လို့ ပြောတယ်။ အပြစ်ခွင့်လွှတ်ခံရတဲ့ လူအများထဲမှာ သစ္စာရှိ တမန်တော်တွေနဲ့ တခြား သစ္စာရှိတပည့်တွေ ပါဝင်တယ်။ သူတို့ဟာ အဖဘုရားရဲ့နိုင်ငံမှာ ယေရှုနဲ့အတူ ရှိနေမယ့်သူတွေ ဖြစ်တယ်။—မဿဲ ၂၆:၂၈၊ ၂၉။

  • မိတ်ဆွေနဲ့ ပတ်သက်ပြီး ဘယ်ကျမ်းစာ ပရောဖက်ပြုချက်ကို ယေရှု ကိုးကားသလဲ။ ပြည့်စုံချက်ကို ဘယ်လို ရှင်းပြသလဲ။

  • ယေရှုက ယုဒကို ဘာလုပ်ဖို့ ပြောသလဲ။ ဒါပေမဲ့ ကျန်တဲ့တမန်တော်တွေ ဘယ်လို နားလည်ကြသလဲ။

  • ဘယ်ပွဲတော်အသစ်ကို ယေရှု အစပြုကျင်းပသလဲ။ ဘာရည်ရွယ်ချက်နဲ့ ကျင်းပတာလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ