ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁၁/၁၅ စာ. ၂၁-၂၃
  • တလိုတလားစိတ်ဖြင့် ဘုရားသခင့်အမှုတော်ကိုထမ်းလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တလိုတလားစိတ်ဖြင့် ဘုရားသခင့်အမှုတော်ကိုထမ်းလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုဆောင်ဖို့သူတို့လုံးလုံးငြင်းပယ်
  • တလိုတလားအမှုဆောင်ရန်လို
  • စိတ်မပါသည့်အမှုဆောင်ခြင်းကော အသို့နည်း
  • ဘုရားသခင့်အလိုတော်ကိုဆောင်ရန် နှစ်သက်မွေ့လျော်
  • “စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်”
  • ယေရှု၏မေတ္တာတော်ကိုသင်တုံ့ပြန်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆက်၍အသက်ရှင်ရန် အဘယ်အရာကို သင် ပေးဆက်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “သင်တို့သည် အဖိုးမပေးဘဲခံရကြသည်ဖြစ်၍ အဖိုးမခံဘဲပေးကမ်းကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁၁/၁၅ စာ. ၂၁-၂၃

တလိုတလားစိတ်ဖြင့် ဘုရားသခင့်အမှုတော်ကိုထမ်းလော့

“သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှာ ငါသည်ကိုယ့်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း အလွန်ဝမ်းမြောက်သောစိတ်နှင့်ကုန်စေမည်” ဟုတမန်တော်ပေါလုရေးသားခဲ့သည်။ (၂ ကောရိန္သု ၁၂:၁၅၊ သမ) ဤစကားများက ယေဟောဝါ၏ကျေးကျွန်များ ကြိုးစားမွေးမြူသင့်သော အမြင်၊ သဘောထားတို့နှင့်စပ်လျဉ်း၍ သင့်အား ဘာပြောသနည်း။ ကျမ်းပညာရှင်တစ်ဦး၏အဆိုအရ ကောရိန္သုမြို့ရှိ ခရစ်ယာန်များထံ ထိုစကားများကိုပေါလုရေးသောအခါ သူဤသို့ဆိုနေခြင်းဖြစ်သည်– “ဖခင်တစ်ဦးသည် မိမိ၏သားသမီးများအတွက် မငြိုမငြင်လုပ်ဆောင်ပေးသကဲ့သို့ သင်တို့၏ကောင်းကျိုးအတွက် ငါ၏ခွန်အား၊ အချိန်၊ အသက်နှင့် ငါ၌ရှိသမျှကို ကုန်စေခြင်းငှာ တလိုတလားရှိ၏။” ပေါလုသည် မိမိ၏ခရစ်ယာန်အမှုဆောင်ခြင်းကို ကျေပွန်စေရန်အတွက် လိုအပ်မည်ဆိုလျှင် “ကိုယ်ကို . . . ကုန်စေ” ရန် သို့မဟုတ် “အမောခံအပင်ပန်းခံ” ရန်အသင့်ပင်။

ထို့ပြင် ပေါလုသည် ဤအရာအားလုံးကို “အလွန်ဝမ်းမြောက်သောစိတ်” ဖြင့်လုပ်ဆောင်ခဲ့သည်။ ထိုသို့ပြုရန် သူသည် “အလွန်တလိုတလားရှိ” ခဲ့သည်ဟု ဂျေရုဆလင်ကျမ်းစာကဆို၏။ အသင်ကော။ ထိုသို့ပြုခြင်းက တစ်ခါတစ်ရံ “အမောခံအပင်ပန်းခံ” ရမည်ဆိုလျှင်ပင် ယေဟောဝါဘုရားသခင်နှင့် သူတစ်ပါးအကျိုးဆောင်ရန် သင်၏အချိန်၊ ခွန်အား၊ ပင်ကိုစွမ်းရည်နှင့် ဥစ္စာအင်ခွင်တို့ကိုကုန်ခန်းစေရန် တလိုတလားရှိပါသလော။ ယင်းကို “အလွန်ဝမ်းမြောက်သောစိတ်” ဖြင့် သင်လုပ်ဆောင်မည်လော။

အမှုဆောင်ဖို့သူတို့လုံးလုံးငြင်းပယ်

လူအများစုမှာ ဘုရားသခင်အားအမှုဆောင်လိုသည့်ဆန္ဒမရှိရုံမျှမက ထိုသို့အမှုဆောင်ရန် ပြတ်ပြတ်သားသားငြင်းပယ်ကြသည်။ သူတို့၏စိတ်ဓာတ်မှာ ကျေးဇူးမသိတတ်၊ တစ်ကိုယ်ကောင်းဆန်ဆန်အမှီအခိုကင်းလိုပြီး ပုန်ကန်သည့်စိတ်မျိုးပင်ဖြစ်သည်။ ထိုကဲ့သို့တွေးခေါ်ရန် အာဒံနှင့်ဧဝတို့ကို စာတန်သွေးဆောင်ဖြားယောင်းခဲ့သည်။ စာတန်က သူတို့သည် “ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြ” မည်ဟု မှားယွင်းစွာဆိုခဲ့သည်—အမှားအမှန်ကို သူတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃:၁-၅) ယနေ့ အလားတူစိတ်ဓာတ်ရှိသူတို့က ဘုရားသခင်ကိုထည့်တွက်ရန် သို့မဟုတ် ကိုယ်တော်၏စွက်ဖက်မှု စိုးစဉ်းမျှမလိုဘဲ မိမိတို့ဆန္ဒရှိရာကိုအတိအကျပြုလုပ်ဖို့ အပြည့်အဝလွတ်လပ်မှုရှိသင့်သည်ဟုယူဆကြသည်။ (ဆာလံ ၈၁:၁၁၊ ၁၂) မိမိတို့ပိုင်ဆိုင်သမျှကို မိမိတို့ကိုယ်ကျိုးရှာဖွေခြင်းအတွက် အသုံးပြုလိုကြသည်။—သု. ၁၈:၁။

ဤအစွန်းရောက်သည့်အမြင် သင်၌ရှိချင်မှရှိမည်။ သင်ယခုမွေ့လျော်နေသော အသက်ဆုနှင့် မြေကြီးပရဒိသုပေါ် ထာဝစဉ်အသက်ရှင်ခြင်းဆိုင်ရာ သာ၍ပင်အံ့ဖွယ်ကောင်းသောအလားအလာကို သင်အမှန်ပင် တန်ဖိုးထားလေးမြတ်ပေမည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဗျာဒိတ် ၂၁:၁-၄) သင့်အပေါ် ကိုယ်တော်၏ကောင်းမြတ်မှုအတွက် ယေဟောဝါကိုသင်အလွန်ကျေးဇူးတင်ပေမည်။ သို့သော် စာတန်သည် ကျွန်ုပ်တို့၏အမှုဆောင်ခြင်းကို ဘုရားသခင်လက်မခံနိုင်စရာ အမှန်ဖြစ်လာနိုင်သည့်နည်းဖြင့် ကျွန်ုပ်တို့၏အတွေးအခေါ်ကိုလွဲမှားစေနိုင်သောအန္တရာယ်ကို ကျွန်ုပ်တို့အားလုံးသတိရှိဖို့လိုသည်။ (၂ ကောရိန္သု ၁၁:၃) မည်သို့ဖြစ်လာနိုင်သနည်း။

တလိုတလားအမှုဆောင်ရန်လို

ယေဟောဝါသည် တလိုတလား၊ စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ခြင်းကို အလိုရှိတော်မူ၏။ ကိုယ်တော်၏အလိုတော်ကိုဆောင်ရန် ကျွန်ုပ်တို့ကိုတစ်ခါမျှအတင်းအကျပ်မပြုပါ။ မိမိ၏အလိုကိုလုပ်ဆောင်ဖို့ လူတို့ကိုဖိအားပေးရန် သို့မဟုတ် သွေးဆောင်ရန် ဘာမဆိုပြုလုပ်မည့်သူမှာ စာတန်ဖြစ်သည်။ ဘုရားသခင်၏အမှုဆောင်ခြင်းနှင့်စပ်လျဉ်း၍ ကျမ်းစာထဲတွင် တာဝန်၊ မိန့်မှာချက်များ၊ တောင်းဆိုချက်များစသည့်အကြောင်းများကို ဖော်ပြထားသည်။ (ဒေ. ၁၂:၁၃; လုကာ ၁:၆) သို့တိုင် ဘုရားသခင်အားအမှုဆောင်ရသည့် ကျွန်ုပ်တို့၏အဓိကရည်ရွယ်ချက်မှာ ကိုယ်တော်အားချစ်ခြင်းကြောင့်ဖြစ်သည်။—ထွက်မြောက်ရာ ၃၅:၂၁; တရားဟောရာ ၁၁:၁။

ဘုရားသခင်အားအမှုဆောင်ခြင်း၌ မိမိကိုယ်ကိုမည်မျှအသုံးပြုပါစေ ‘သူ၌မေတ္တာမရှိခဲ့လျှင်’ ဘာမျှအဓိပ္ပာယ်ရှိမည်မဟုတ်ကြောင်း ပေါလုသိထားသည်။ (၁ ကောရိန္သု ၁၃:၁-၃) ကျမ်းရေးသူများက ခရစ်ယာန်များကို ဘုရားသခင့်ကျေးကျွန်များအဖြစ်ရည်ညွှန်းသောအခါ အတင်းအကျပ်စေခိုင်းခံရသည့် နိမ့်ကျသောကျွန်ဘဝကို သူတို့ရည်ညွှန်းနေကြခြင်းမဟုတ်ပါ။ (ရောမ ၁၂:၁၁; ကောလောသဲ ၃:၂၄) ဆိုလိုသည့်အရာမှာ ဘုရားသခင်နှင့် ကိုယ်တော့်သားတော် ယေရှုခရစ်တို့ကို နှစ်နှစ်ကာကာချစ်သည့်မေတ္တာပေါ်အခြေပြုသော တလိုတလားလက်အောက်ခံခြင်းဖြစ်သည်။—မဿဲ ၂၂:၃၇; ၂ ကောရိန္သု ၅:၁၄; ၁ ယောဟန် ၄:၁၀၊ ၁၁။

ဘုရားသခင်ထံကျွန်ုပ်တို့အမှုဆောင်ခြင်းသည် လူတို့ကိုအလွန်ချစ်ကြောင်းကိုလည်း ထင်ဟပ်ပြရမည်။ ပေါလုက ‘နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏’ ဟုသက်သာလောနိတ်မြို့ရှိအသင်းတော်သို့ ရေးသားခဲ့သည်။ (၁ သက်သာလောနိတ် ၂:၇-၈) ယနေ့ နိုင်ငံများစွာတွင် မိမိတို့သားသမီးများကို ပြုစုစောင့်ရှောက်ရန် မိခင်များ၌ ဥပဒေအရတာဝန်ရှိသည်။ သို့သော် မိခင်အများစုမှာ ဥပဒေကိုနာခံရုံသက်သက်အတွက် ထိုသို့ပြုနေကြခြင်းလော။ မဟုတ်ပါ။ သူတို့ပြုစုကြခြင်းမှာ မိမိတို့ရင်သွေးများကို မြတ်နိုးကြသောကြောင့်ဖြစ်၏။ ထို့ကြောင့် နို့ထိန်းမိခင်သည် မိမိ၏ကလေးများအတွက် ကြီးမားသောစွန့်လွှတ်မှုများကို ဝမ်းမြောက်စွာပြုကြခြင်းပင်! သူအလုပ်အကျွေးပြုခဲ့သူများအပေါ် ပေါလုသည် အလားတူ ‘ချစ်ခင်စုံမက်’ ခြင်းရှိခဲ့သောကြောင့် သူတို့ကိုကူညီပေးရာ၌ မိမိ၏အသက်ကိုပင်ပေးရန် “စေတနာစိတ်” (“တလိုတလား၊” ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်; “နှစ်ထောင်းအားရ၊” အပြည်ပြည်ဆိုင်ရာဘာသာပြန်ကျမ်းသစ်) ရှိခဲ့သည်။ (၁ သက်သာလောနိတ် ၂:၈) မေတ္တာက ပေါလု၏ပုံသက်သေကိုအတုခိုးရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။—မဿဲ ၂၂:၃၉။

စိတ်မပါသည့်အမှုဆောင်ခြင်းကော အသို့နည်း

မှန်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်လူတို့ကိုချစ်ခြင်းထက် မိမိကိုယ်ကိုပိုမချစ်စေရပါ။ သို့မဟုတ်ပါက နှလုံးတစ်ဝက်တစ်ပျက်ဖြင့်သာ စိတ်မပါဘဲအမှုဆောင်သည့် တကယ့်အန္တရာယ်ရှိသည်။ မိမိတို့ဆန္ဒရှိသည့်အတိုင်း မနေနိုင်ရကား ကျွန်ုပ်တို့တွင် မကျေမနပ်၊ ဝမ်းနည်းမှုကို စတင်၍ပင်ဖြစ်ပေါ်စေနိုင်သည်။ တာဝန်အရ ကိုယ်တော်၏အမှုတော်ကို အတော်အတန်ဆောင်ရွက်နေကြသော်လည်း ဘုရားသခင်အားချစ်သည့်မေတ္တာ ပျောက်ခဲ့ကြသည့် ဣသရေလလူအချို့၌ ဤသို့ဖြစ်ပျက်ခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ ဘုရားသခင်ထံအမှုဆောင်ခြင်းသည် သူတို့အတွက် “ပင်ပန်း” စရာဖြစ်လာခဲ့သည်။—မာလခိ ၁:၁၃။

ဘုရားသခင်အားပြုသည့် မည်သည့်ပူဇော်သကာမဆို အမြဲတစေ “ကြန်အင်စုံ၊” အနာအဆာမပါဘဲ ရရှိနိုင်သော “အကောင်းဆုံး” အရာဖြစ်သင့်သည်။ (ဝတ်ပြုရာ ၂၂:၁၇-၂၀၊ သမ; ထွက်မြောက်ရာ ၂၃:၁၉) သို့သော် မာလခိလက်ထက်မှလူတို့သည် သူတို့၏အကောင်းဆုံးတိရစ္ဆာန်များကို ယေဟောဝါအားပေးမည့်အစား သူတို့ကိုယ်တိုင်အမှန်မလိုချင်သောအရာများကို စတင်ပူဇော်ကြ၏။ ယေဟောဝါ၏တုံ့ပြန်မှုကားအဘယ်နည်း။ ယဇ်ပုရောဟိတ်များကို ကိုယ်တော်ဤသို့မိန့်ဆိုခဲ့သည်– ‘မျက်စိကန်းသောအကောင်ကို ယဇ်ပူဇော်ရန် ဆက်သသောအခါ– ‘မဆိုးပါဘူး။’ ခြေဆွံ့သောအကောင်နှင့် နာသောအကောင်ကို ဆက်သသောအခါ– ‘မဆိုးပါဘူး’ [သင်ဆို၏]။ မြို့ဝန်မင်းအားဆက်ပါလော့။ မင်း၏စိတ်နှင့်တွေ့လိမ့်မည်လော။ သင့်မျက်နှာကိုထောက်လိမ့်မည်လော။ . . . လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာသောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သောပူဇော်သကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရမည်လော။’—မာလခိ ၁:၈၊ ၁၃၊ ကဘ။

ယင်းသည် ကျွန်ုပ်တို့တစ်ဦးဦး၌ မည်သို့ဖြစ်နိုင်သနည်း။ အမှန်ပင်တလိုတလားရှိသောစိတ်နှလုံးမရှိပါက ကျွန်ုပ်တို့၏ပူဇော်အနစ်နာခံရာများသည် ကျွန်ုပ်တို့အတွက် “ပင်ပန်း” စရာဖြစ်လာပေမည်။ (ထွက်မြောက်ရာ ၃၅:၅၊ ၂၁၊ ၂၂; ဝတ်ပြုရာ ၁:၃; ဆာလံ ၅၄:၆; ဟေဗြဲ ၁၃:၁၅၊ ၁၆) ဥပမာ ယေဟောဝါအတွက် ကျွန်ုပ်တို့၏အချိန် အကျန်အကြွင်းကိုသာ ပေးနေသလော။

စိတ်ရင်းကောင်းသောမိသားစုဝင်တစ်ဦး သို့မဟုတ် စိတ်ထက်သန်သောလေဝိသားတစ်ဦးက တလိုတလားစိတ်မရှိသော ဣသရေလတစ်ဦးကို သူအမှန်တကယ်မပူဇော်ချင်ဘဲနှင့် သူ၏အကောင်းဆုံးတိရစ္ဆာန်ကိုပူဇော်ရန် တစ်နည်းနည်းဖြင့်အတင်းရွေးခိုင်းမည်ဆိုလျှင် ဘုရားသခင်လက်ခံစရာဖြစ်မည်ဟု တစ်စုံတစ်ယောက်သည် အလေးအနက်ယူဆနိုင်မည်လော။ (ဟေရှာယ ၂၉:၁၃; မဿဲ ၁၅:၇၊ ၈) ယင်းသို့သောပူဇော်သကာများ နောက်ဆုံးတွင် ၎င်းတို့ကိုပူဇော်သူတို့ကိုပါ ယေဟောဝါငြင်းပယ်တော်မူခဲ့၏။—ဟောရှေ ၄:၆; မဿဲ ၂၁:၄၃။

ဘုရားသခင့်အလိုတော်ကိုဆောင်ရန် နှစ်သက်မွေ့လျော်

ဘုရားသခင်နှစ်သက်လက်ခံမည့်အမှုဆောင်ခြင်းကိုပေးဆက်ရန် ကျွန်ုပ်တို့သည် ယေရှုခရစ်၏ပုံသက်သေကိုလိုက်ရပေမည်။ “ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏” ဟုကိုယ်တော်ဆိုခဲ့သည်။ (ယောဟန် ၅:၃၀) ယေရှုသည် ဘုရားသခင်အားတလိုတလားအမှုထမ်းရာ၌ ပျော်ရွှင်မှုများစွာရရှိခဲ့သည်။ ယေရှုသည် ဒါဝိဒ်၏ဤပရောဖက်ပြုစကားများကို ပြည့်စုံစေခဲ့သည်– “အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။”—ဆာလံ ၄၀:၈။

ယေရှုသည် ယေဟောဝါ၏အလိုတော်ကိုဆောင်ရာ၌ အားရဝမ်းမြောက်ခဲ့သော်လည်း ယင်းသည် အမြဲမလွယ်ကူခဲ့ပါ။ ကိုယ်တော်အားဖမ်းဆီး၊ စစ်ဆေးကာ ကွပ်မျက်ခြင်းမပြုမီလေးတွင် ဖြစ်ပျက်ခဲ့သည့်အရာကို သုံးသပ်ကြည့်ပါ။ ဂေသရှေမန်ဥယျာဉ်၌ရှိစဉ် ယေရှုသည် “စိတ်နှလုံးအလွန်ညှိုးငယ်” ခဲ့ပြီး “ပြင်းစွာသောဝေဒနာ” ကိုခံခဲ့ရသည်။ စိတ်လှုပ်ရှားမှုဆိုင်ရာဖိစီးမှုမှာ ပြင်းထန်လွန်းလှသဖြင့် ကိုယ်တော်ဆုတောင်းနေစဉ် “ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။”—မဿဲ ၂၆:၃၈; လုကာ ၂၂:၄၄။

ယေရှုသည် ထိုသို့သောဝေဒနာကို အဘယ်ကြောင့်ခံစားခဲ့ရသနည်း။ ကိုယ်ကျိုးအတွက်ကြောင့် သို့မဟုတ် ဘုရားသခင့်အလိုတော်ကိုဆောင်ရန် စိတ်မပါသောကြောင့်မဟုတ်သည်မှာ သေချာသည်။ ကိုယ်တော်သည် သေဖို့အသင့်ပြင်ထားခဲ့ပြီး “သခင်၊ ကိုယ်တော်၌ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌မရောက်ရာ” ဟူသောပေတရု၏စကားများကိုပင် အပြင်းအထန်ဆန့်ကျင်ခဲ့သည်။ (မဿဲ ၁၆:၂၁-၂၃) ရွံမုန်းဖွယ်ရာဇဝတ်သားတစ်ဦးအဖြစ် မိမိ၏သေခြင်းက ယေဟောဝါနှင့် ကိုယ်တော်၏သန့်ရှင်းသောနာမတော်အပေါ် မည်သို့ထိခိုက်မည်ကို ယေရှုစိုးရိမ်ပူပန်ခဲ့ခြင်းဖြစ်သည်။ မိမိချစ်မြတ်နိုးသောသားတော် ဤသို့ရက်ရက်စက်စက်ပြုမူခံရသည်ကိုတွေ့မြင်ရသော မိမိခမည်းတော်မှာ အလွန်နာကျင်စွာခံစားရမည်ကို ယေရှုသိရှိထားသည်။

ယေဟောဝါ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာ၌ မိမိသည် အရေးပါသောအချိန်သို့ ချဉ်းကပ်နေကြောင်းကိုလည်း ယေရှုသိနားလည်ထားသည်။ ဘုရားသခင့်ပညတ်တော်များကို သစ္စာရှိရှိစွဲကိုင်ခြင်းက အလားတူရွေးချယ်မှုကို အာဒံပြုလုပ်နိုင်ခဲ့ကြောင်း သံသယဝင်စရာ တစိုးတစိမျှမရှိချေ။ ယေရှု၏သစ္စာရှိမှုက လူသားတို့သည် စမ်းသပ်မှုအောက်တွင် ဘုရားသခင့်အား တလိုတလား၊ သစ္စာရှိရှိအမှုထမ်းမည်မဟုတ်ဟူသော စာတန်၏အခိုင်အမာယိုးစွပ်မှုသည် လုံးဝမှားကြောင်း သိသာထင်ရှားစေမည်။ ယေဟောဝါသည် ယေရှုအားဖြင့် စာတန်ကိုလုံးဝချေမှုန်းကာ သူ၏ပုန်ကန်မှုအကျိုးဆက်များကို ဖယ်ရှားပစ်ပါလိမ့်မည်။—ကမ္ဘာဦး ၃:၁၅။

ယေရှု၏ပခုံးပေါ်သို့ ကြီးမားသောတာဝန်ကျရောက်ခြင်းပါတကား! ကိုယ်တော့်ခမည်းတော်၏နာမ၊ စကြဝဠာကြီး အေးချမ်းငြိမ်သက်မှုနှင့် လူ့မိသားစုအတွက်ကယ်တင်ခြင်းခပ်သိမ်းသည် ယေရှု၏သစ္စာရှိမှုအပေါ်တွင် မူတည်နေသည်။ ယင်းကိုသိရှိလျက် ကိုယ်တော်ဤသို့ဆုတောင်းခဲ့သည်– “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။” (မဿဲ ၂၆:၃၉) ယေရှုသည် အပြင်းထန်ဆုံးဖိစီးမှုအောက်၌ပင် ခမည်းတော်၏အလိုတော်ကိုလိုက်နာရန် တလိုတလားရှိခြင်းတွင် တစ်ခါမျှမတွန့်ဆုတ်ခဲ့ပါ။

“စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်”

ယေရှုသည် ယေဟောဝါအားအမှုဆောင်နေစဉ် ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာဖိစီးမှုကို ခံခဲ့ရသည်ကိုထောက်လျှင် ဘုရားသခင့်ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့ကိုလည်း ဖိအားပေးဖို့ စာတန်ကြိုးပမ်းမည်ဟု မျှော်လင့်နိုင်ပါသည်။ (ယောဟန် ၁၅:၂၀; ၁ ပေတရု ၅:၈) ထို့ထက်ကား ကျွန်ုပ်တို့သည် မစုံလင်ကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား တလိုတလားအမှုထမ်းလျှင်ပင် ထိုသို့ပြုရန် ကျွန်ုပ်တို့အတွက်လွယ်မည်မဟုတ်ပါ။ မိမိတောင်းဆိုသမျှကို ပြုလုပ်ရန် မိမိ၏တမန်တော်များ မည်မျှရုန်းကန်လှုပ်ရှားရကြောင်း ယေရှုသိမြင်ထားသည်။ ထို့ကြောင့် ကိုယ်တော်က “စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်” ဟုမိန့်ဆိုခဲ့၏။ (မဿဲ ၂၆:၄၁) ကိုယ်တော်၏စုံလင်သောလူ့အသွေးအသားတွင် မွေးရာပါအားနည်းမှုမရှိပါ။ သို့သော် တပည့်တော်များ၏အသွေးအသားအားနည်းမှု၊ မစုံလင်သောအာဒံထံမှ သူတို့အမွေရခဲ့သော မစုံလင်မှုကို ကိုယ်တော်စိတ်ထဲထားကာ မိန့်ဆိုခြင်းဖြစ်သည်။ အမွေခံခဲ့ရသောမစုံလင်မှုနှင့် အကျိုးဆက်ဖြစ်သည့် လူ့အကန့်အသတ်ရှိမှုများကြောင့် ယေဟောဝါ၏အမှုတော်၌ မိမိတို့လုပ်လိုသမျှကိုလုပ်ဆောင်ရန် သူတို့ရုန်းကန်ရမည်ဖြစ်ကြောင်း ယေရှုသိထားတော်မူ၏။

သို့ဖြစ်၍ မစုံလင်မှုက ဘုရားသခင်အားအပြည့်အဝအမှုထမ်းဖို့ သူ၏စွမ်းရည်ကို အတားအဆီးဖြစ်စေသောအခါ အလွန်စိတ်ဆင်းရဲခဲ့သူ တမန်တော်ပေါလုကဲ့သို့ ကျွန်ုပ်တို့ခံစားရနိုင်သည်။ “ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်” ဟုပေါလုရေးသားခဲ့သည်။ (ရောမ ၇:၁၈) ကျွန်ုပ်တို့လည်း မိမိတို့ပြုလုပ်လိုသော ကောင်းမွန်ရာအားလုံးကို အပြည့်အဝမလုပ်ဆောင်နိုင်ကြောင်း တွေ့ရှိရကြသည်။ (ရောမ ၇:၁၉) ယင်းက ကျွန်ုပ်တို့ဘက်မှ စိတ်မပါသောကြောင့်မဟုတ်ပါ။ သွေးသားအားနည်းမှုက ကျွန်ုပ်တို့၏အကောင်းဆုံးကြိုးပမ်းမှုများကိုပင် အဟန့်အတားဖြစ်စေသောကြောင့်သာတည်း။

စိတ်မပျက်ကြစို့နှင့်။ ကျွန်ုပ်တို့လုပ်ဆောင်နိုင်သမျှကို နှလုံးပါစွာလုပ်ဆောင်ရန်အသင့်ရှိပါက ဘုရားသခင်သည် ကျွန်ုပ်တို့၏အမှုဆောင်ခြင်းကို အမှန်ပင်လက်ခံတော်မူမည်။ (၂ ကောရိန္သု ၈:၁၂) ဘုရားသခင့်အလိုတော်ကို အကြွင်းမဲ့နာခံခြင်းဆိုင်ရာ ယေရှု၏စိတ်ဓာတ်ကိုတုပရန် “အစွမ်းကုန်ကြိုးစားအားထုတ်” ကြပါစို့။ (၂ တိမောသေ ၂:၁၅၊ သတင်းကောင်း; ဖိလိပ္ပိ ၂:၅-၇; ၁ ပေတရု ၄:၁၊ ၂) ထိုသို့သောတလိုတလားရှိသည့်စိတ်ဓာတ်ကို ယေဟောဝါဆုချ၍ ထောက်မပေးပါလိမ့်မည်။ ကျွန်ုပ်တို့၏အားနည်းမှုများအတွက် အစားဖြည့်ပေးရန် “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကိုကိုယ်တော်ပေးပါလိမ့်မည်။ (၂ ကောရိန္သု ၄:၇-၁၀၊ ကဘ) ယေဟောဝါ၏အကူအညီဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏မွန်မြတ်လှသောလုပ်ငန်းတော်၌ ပေါလုကဲ့သို့ “ကိုယ့်ဥစ္စာကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း အလွန်ဝမ်းမြောက်သောစိတ်နှင့်ကုန်စေ” ကြမည်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ပေါလုသည် သူ၏စွမ်းရည်ရှိသမျှဖြင့် ဘုရားသခင်အားတလိုတလားအမှုထမ်းခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အပြင်းထန်ဆုံးဖိစီးမှုအောက်၌ပင် ခမည်းတော်၏အလိုတော်ကို ယေရှုလုပ်ဆောင်ခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ