ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ မတ် စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆဲန်ဟီဒရင်၌ လွှတ်အရာရှိတို့ စုဝေးကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ မတ် စာ. ၃၁
ဘာသာရေး ခေါင်းဆောင်တွေ ဖမ်းခိုင်းတဲ့ ဆန့်ကျင်သူ နှစ်ယောက်ကို ဂျူးဗိမာန်တော် အစောင့်ရဲမက်တွေ ဖမ်းဆီးလာစဉ်။

စာရှုသူများထံမှ မေးခွန်းလွှာ

ဂျူးဗိမာန်တော် အစောင့်ရဲမက်တွေဆိုတာ ဘယ်သူတွေလဲ။ သူတို့ရဲ့ တာဝန်က ဘာလဲ။

ပုရောဟိတ် မဟုတ်တဲ့ လေဝိအမျိုးသားတွေရဲ့ တာဝန်ထဲမှာ ဗိမာန်တော် အစောင့်ရဲမက်တာဝန်လည်း ပါတယ်။ သူတို့က ဗိမာန်တော်မှူးရဲ့ လက်အောက်မှာ ရှိတယ်။ အစောင့်ရဲမက်တွေရဲ့ တာဝန်နဲ့ပတ်သက်ပြီး ဂျူးစာရေးဆရာ ဖီလို ဒီလိုဖော်ပြတယ်– “တချို့က ဗိမာန်တော်ဝင်း ဝင်ပေါက်မှာ၊ တချို့ကတော့ သန့်ရှင်းရာ ဌာနရှေ့မှာ စောင့်ကြပ်ကြတယ်။ သန့်ရှင်းရာ ဌာနထဲ အခွင့်မရှိသူတွေ ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် မတော်တဆ ဝင်မလာစေဖို့ ဖြစ်တယ်။ တချို့က ဗိမာန်တော်ပတ်လည်ကို မနက်ည အလှည့်ကျ ကင်းလှည့်ရတယ်။”

ဂျူးတရားရုံးချုပ်က အစောင့်ရဲမက်တွေကို လိုအပ်သလို သုံးနိုင်တယ်။ သူတို့ဟာ လက်နက်ကိုင်ဆောင်ဖို့ ရောမအစိုးရက ခွင့်ပြုထားတဲ့ တစ်ခုတည်းသော ဂျူးအုပ်စု ဖြစ်တယ်။

“နေ့တိုင်း ဗိမာန်တော်မှာ သွန်သင်နေတုန်းကတော့ မဖမ်းကြဘူး ဆိုပြီး အဖမ်းခံရချိန်မှာ ယေရှု ပြောတဲ့စကားအရ (မ. ၂၆:၅၅) ယေရှုကို လာဖမ်းသူတွေဟာ ဗိမာန်တော် အစောင့်ရဲမက်တွေ ဖြစ်ကြောင်း ထင်ရှားတယ်” လို့ ကျမ်းပညာရှင် ဂျိုအေကင် ရေရီမီအက်စ် ပြောတယ်။ အဲဒီမတိုင်ခင် ယေရှုကို လာဖမ်းသူတွေဟာလည်း ဗိမာန်တော် အစောင့်ရဲမက်တွေ ဖြစ်တယ်လို့ စာရေးသူ ယူဆတယ်။ (ယော. ၇:၃၂၊ ၄၅၊ ၄၆) နောက်ပိုင်း ယေရှုတပည့်တွေကို ဖမ်းခေါ်လာဖို့ ဗိမာန်တော်မှူးနဲ့ ရဲမက်တချို့ကို ဂျူးတရားရုံးချုပ်က လွှတ်လိုက်တယ်။ တမန်တော် ပေါလုကို ဗိမာန်တော်ကနေ ဆွဲထုတ်တာလည်း ဗိမာန်တော် အစောင့်ရဲမက်တွေ ဖြစ်နိုင်တယ်။—တ. ၄:၁-၃။ ၅:၁၇-၂၇။ ၂၁:၂၇-၃၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ