-
“ဤယောက်ျားကိုကြည့်ကြလော့”ကင်းမျှော်စင်—၁၉၉၁ | ဇန်နဝါရီ ၁
-
-
မိမိသိရှိထားသည့် အမှန်တရားအတိုင်း လုပ်ဆောင်မည့်အစားပိလတ်မင်းသည် လူအုပ်ကျေနပ်စေရန် သူတို့၏တောင်းဆိုချက်များနှင့်အညီ ဗာရဗ္ဗကိုလွှတ်ပေးခဲ့သည်။ ယေရှုကိုယူပြီး အဝတ်တော်ကိုချွတ်ကာရိုက်နှက်ဒဏ်ပေးခဲ့သည်။ ယင်းသည်သာမန်ရိုက်နှက်ခြင်း မဟုတ်ပါ။ ရောမလူမျိုးတို့၏ ရိုက်နှက်ဒဏ်ပေးပုံကို The Journal of the American Medical Association ကဤသို့ဖော်ပြသည်။
“အများအားဖြင့်အသုံးပြုသောအရာမှာ ကြာပွတ်တို (ရိုက်တုတ်) ဖြစ်သည်။ အရှည်အတိုမညီသောသားရေကြာပွတ်ကြိုးများဖြင့် ကျစ်ထားပြီး ကြိုးများစပ်ကြားတွင် သံလုံးလေးများနှင့်ချွန်ထက်သော သိုးအရိုးများချည်ထားသည်။ . . . ရောမစစ်သားများသည် ရိုက်ဒဏ်သင့်သောသူ၏ကျောကို တအားဆင့်ကာရိုက်သောအခါ ကြိုးတွင်းရှိသံလုံးများသည် နက်ရှိုင်းစွာအတွင်းကြေဖြစ်စေပြီး သိုးအရိုးများသည် အသားနှင့်အတွင်းရှိအသားမျှင်များကိုကြေမွစုတ်ပဲ့စေသည်။ ဆက်လက်ရိုက်စဉ် အတွင်းပိုင်းရှိအရိုးပေါ်တွင်ကပ်နေသောကြွက်သားများအထိ စုတ်ပြတ်စေကာ သွေးသံရဲရဲနှင့်ဆတ်ဆတ်တုန်နေသော အသားမြောင်းများဖြစ်ပေါ်စေသည်။”
-
-
“ဤယောက်ျားကိုကြည့်ကြလော့”ကင်းမျှော်စင်—၁၉၉၁ | ဇန်နဝါရီ ၁
-
-
ထုထောင်းရိုက်နှက်ခံရသော်လည်း ဤတွင်ရပ်နေသူသည် သမိုင်းတစ်လျှောက်တွင် အထူးခြားဆုံးနှင့်အသက်ရှင်ခဲ့သူများထဲတွင် အမှန်ပင်အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ မှန်ပါသည်၊ ယေရှုသည်သိက္ခာရှိရှိအေးဆေးတည်ငြိမ်မှုကို ပြသခဲ့သောကြောင့် ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ပိလတ်ကိုယ်တိုင် အသိအမှတ်ပြုခဲ့ရသည်။ အကြောင်းမှာသူ၏စကားများတွင် လေးစားမှုနှင့်စာနာသနားမှု ရောယှက်နေကြောင်းထင်ရှားသည်။ ယောဟန် ၁၈:၃၉–၁၉:၅။ မဿဲ ၂၇:၁၅-၁၇၊ ၂၀-၃၀။ မာကု ၁၅:၆-၁၉။ လုကာ ၂၃:၁၈-၂၅။
-