ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၂၆
  • “ဤသူသည်ဘုရားသခင့်သားတော် မှန်ပေ၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဤသူသည်ဘုရားသခင့်သားတော် မှန်ပေ၏”
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဤသူသည်ဘုရားသခင်သားတော်မှန်ပေ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “သေချာတယ်၊ သူဟာ ဘုရားရဲ့သားပဲ”
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု၏လူ့ဘဝနောက်ဆုံးနေ့ရက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဝမ်းနည်းကြေကွဲမှုကို ကျော်လွှားနိုင်ခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၂၆

အခန်း ၁၂၆

“ဤသူသည်ဘုရားသခင့်သားတော် မှန်ပေ၏”

ယေရှုသစ်တိုင်ပေါ်ရောက်ပြီးမကြာမီ နေ့လည်ချိန်တွင် သုံးနာရီကြာအံ့ဖွယ်မှောင်အတိဖုံးလွှမ်းသည်။ ယင်းက နေကြတ်ခြင်းမဖြစ်နိုင်။ လဆန်းနေ့များတွင်သာ နေကြတ်လေ့ရှိပြီး ပသခါပွဲခံချိန်တွင်လပြည့်နေသည်။ ထို့ပြင်နေကြတ်လျှင် မိနစ်အနည်းငယ်သာကြာသဖြင့် ဤအမှောင်ထုသည် ဘုရားသခင့်တန်ခိုးတော်ဖြစ်ရမည်။ ယင်းကြောင့် ယေရှုအားကဲ့ရဲ့သရော်မှုများ၊ ထေ့ငေါ့ပြောဆိုမှုများ ခေတ္တရပ်တန့်သွားပေမည်။

မိမိအဖော်ကိုလူဆိုးတစ်ဦးဆုံးမပြီး မိမိအားသတိရရန် ယေရှုကိုအသနားခံချိန်မတိုင်မီ အမှောင်ထုဖုံးလွှမ်းခဲ့လျှင် ဤဖြစ်ရပ်ကြောင့် ထိုလူဆိုးနောင်တရခဲ့ပေမည်။ ဤအမှောင်ထုဖုံးလွှမ်းချိန်အတွင်း ယေရှု၏မိခင်၊ သူ၏ညီအစ်မရှာလုံ၊ မာဂဒလမာရိနှင့် တမန်တော်ယာကုပ်ငယ်၏မိခင်မာရိတို့သည် သစ်တိုင်နားသို့ချဉ်းကပ်ခဲ့ပုံရှိသည်။ ယေရှု၏အချစ်ဆုံးတမန်တော်ယောဟန်လည်း သူတို့နှင့်အတူရှိနေသည်။

မိမိမွေးမြှူးပြုစုခဲ့သောသား ယခုသစ်တိုင်ပေါ်ချိတ်ဆွဲလျက် ပြင်းစွာဝေဒနာခံရသောအဖြစ်ကိုကြည့်နေရသောမိခင် မာရိအဖို့ မည်မျှ ‘နှလုံးသည်းပွတ်နာကျင်’ နေမည်တကား။ ယေရှုသည် မိမိ၏နာကျင်မှုကိုမစဉ်းစားဘဲ၊ မိခင်ဖြစ်သူ၏အကျိုးကိုစဉ်းစားတော်မူသည်။ ကြီးစွာအားထုတ်လျက် ယောဟန်ဘက်လှည့်ကာ မိခင်ဖြစ်သူအား “အချင်းမိန်းမ၊ သင်၏သားကိုကြည့်ပါ” ဟုဆိုပြီး မာရိဘက်သို့လှည့်၍ယောဟန်အား “သင်၏မိခင်ကိုကြည့်ပါ” ဟုမိန့်တော်မူ၏။

ဤနည်းဖြင့်ယေရှုသည် ယခုမုဆိုးမဖြစ်နေဟန်ရှိသည့်မိခင်အား စောင့်ရှောက်ခြင်းတာဝန်ကို အထူးချစ်တော်မူသောတမန်တော်အားအပ်နှင်းလေသည်။ ဤသို့ပြုခြင်းမှာ၊ မာရိ၏အခြားသားများသည် ကိုယ်တော်ကိုမယုံကြည်ကြသေး၍ဖြစ်မည်။ မိခင်၏ကာယရေးလိုအပ်ချက်အပြင် ဝိညာဉ်ရေးအတွက်ပါစီစဉ်ပေးခြင်းဖြင့် ကောင်းသောပုံသက်သေပြတော်မူသည်။

မွန်းလွဲသုံးနာရီအချိန်ခန့်တွင်ယေရှုက “ရေငတ်သည်” ဟုမိန့်တော်မူသည်။ ကိုယ်တော်၏သမာဓိအဆုံးစွန် စမ်းသပ်မှုခံစေရန်၊ ခမည်းတော်၏ကာကွယ်မှုရုတ်သိမ်းထားကြောင်းခံစားရ၍ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟုကြီးသောအသံနှင့်ကြွေးကြော်၏။ ထိုတွင်ရပ်နေသူတစ်ချို့က “သူသည်ဧလိယကိုခေါ်သည်” ဟုဆိုကြ၏။ လူတစ်ဦးသည် ချက်ချင်းပြေး၍ရေမှိုတစ်ထွေးနှင့်ပုံးရည်စုတ်ယူလာပြီး ကျူလုံးဖျား၌တပ်၍ ကိုယ်တော်အားသောက်ရန်ပေးလေ၏။ ကြွင်းသောသူတို့က “ရှိစေတော့။ ဧလိယသည်သူ့ကိုကယ်တင်ခြင်းငှာလာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟုဆိုကြ၏။”

ပုံးရည်ကိုယေရှုရပြီးမှ “အမှုပြီးပြီ” ဟုကြွေးကြော်သည်။ မြေကြီးပေါ်၌ပြုလုပ်ရန် ခမည်းတော်စေခိုင်းသည့်အမှုကိုပြီးစီးလေပြီ။ အဆုံးတွင် “အိုအဘ၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကိုယ်တော်အားအပ်ပါ၏” ဟုမိန့်ဆို၏။ ဤနည်းဖြင့် ဘုရားသခင်ထံတော်မှ မိမိအသက်ကိုပြန်ရမည်ဟုယုံကြည်စိတ်ချစွာ ကိုယ်တော့်အသက်ကိုဘုရားသခင်ထံအပ်လေ၏။ ထိုနောက်ခေါင်းတော်ကိုညွတ်၍ အသက်တော်စွန့်၏။

ယေရှု၏နောက်ဆုံးထွက်သက်တွင် မြေငလျင်ကြီးစွာလှုပ်၍ကျောက်များကွဲကြ၏။ မြေငလျင်သည်အလွန်ပြင်းထန်သောကြောင့် ယေရုရှလင်မြို့အပြင်ဘက်ရှိသင်္ချိုင်းတွင်းတို့သည် ကွဲအက်ပွင့်လှစ်၍အလောင်းကောင်များသည်ပြင်သို့လွင့်စင်ကြကုန်၏။ အနားမှဖြတ်သန်းသွားလာသူများသည် လွင့်စင်နေသောအလောင်းကောင်များကိုမြင်၍ မြို့ထဲသို့ဝင်ကာသတင်းကြားပြောကြ၏။

ထို့ပြင်ယေရှုသေဆုံးချိန်၌ ဘုရားသခင့်ဗိမာန်တော်ရှိ သန့်ရှင်းရာဌာနနှင့်အလွန်သန့်ရှင်းရာဌာနကို ပိုင်းခြားသောကန့်လန့်ကာကြီးသည် အပေါ်မှအောက်အထိစုတ်ကွဲသွားသည်။ အလွန်လှပစွာမွမ်းမံချယ်သထားသော ထိုကန့်လန့်ကာသည်ပေ ၆၀ ခန့်မြင့်ပြီးအလွန်လေးသည်။ ဤအံ့ဖွယ်ဖြစ်ရပ်သည် သားတော်ကိုသတ်သူတို့ကို ဘုရားသခင်အမျက်ထွက်တော်မူကြောင်းထင်ရှားပြသည့်အပြင် အလွန်သန့်ရှင်းရာဌာနဖြစ်သောကောင်းကင်ထဲသို့ဝင်ရန် ယခုယေရှု၏သေခြင်းအားဖြင့် ဖြစ်နိုင်ပြီဟူ၍ဖေါ်ပြသည်။

မြေငလျင်နှင့်ဖြစ်ပျက်သမျှကို ကြုံတွေ့ရသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။ ကွပ်မျက်ရန်တာဝန်ခံတပ်မှူးသည် ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်း၍ “ဤသူသည်ဘုရားသခင်သားတော်မှန်ပေ၏” ဟုကြွေးကြော်လေသည်။ ပိလတ်ရှေ့ယေရှုအစစ်ခံရချိန်၌ မိမိသည်ဘုရားသားတော်ဖြစ်ကြောင်း ယေရှုအဆိုကိုဆွေးနွေးစဉ်က သူရှိခဲ့ပေမည်။ ယေရှုသည်ဘုရားသားတော်ဖြစ်ကြောင်း၊ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်ကြောင်း ယခုသူကောင်းစွာသဘောပေါက်ပြီ။

ဤအံ့ဖွယ်ရာများကိုတွေ့မြင်သောအခြားသူများလည်း အလွန်ဝမ်းနည်းကြေကွဲရှက်ကြောက်စွာဖြင့် ရင်ဘတ်ကိုထုလျက်အိမ်သို့ပြန်သွားကြ၏။ ယေရှု၏တပည့်တော်မ အများသည် ဤအရေးပါသောအဖြစ်အပျက်များကို အဝေးမှရပ်ကြည့်ပြီး အလွန်ဝမ်းနည်းနေကြသည်။ တမန်တော်ယောဟန်လည်း ထိုတွင်ရှိသည်။ မဿဲ ၂၇:၄၅-၅၆။ မာကု ၁၅:၃၃-၄၁။ လုကာ ၂၃:၄၄-၄၉၊ ၂:၃၄၊ ၃၅။ ယောဟန် ၁၉:၂၅-၃၀။

▪ သုံးနာရီကြာအမှောင်ထုဖုံးလွှမ်းမှုသည် နေကြတ်ခြင်းကြောင့်အဘယ်ကြောင့်မဖြစ်နိုင်သနည်း။

▪ ယေရှုမသေဆုံးမီ သက်ကြီးရွယ်အိုမိဘများအတွက်စီမံပေးမှုနှင့်ပတ်သက်ပြီး အဘယ်ပုံသက်သေကောင်းတင်ပြသနည်း။

▪ မသေဆုံးမီ ယေရှုပြောသွားသော ပြောဆိုချက်လေးရပ်ကားအဘယ်နည်း။

▪ မြေငလျင်လှုပ်ခြင်းက အဘယ်အရာကိုဖြစ်စေပြီး၊ ဗိမာန်တော်ကန့်လန့်ကာ နှစ်ခြမ်းစုတ်ကွဲသွားခြင်း၏အဓိပ္ပာယ်ကားအဘယ်နည်း။

▪ အံ့ဖွယ်ဖြစ်ရပ်များသည် အဆုံးစီရင်ရန်တာဝန်ခံတပ်မှူးအား မည်သို့ဖြစ်စေသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ