ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၁၃ စာ. ၁၂-၁၃
  • သုံးပါးပေါင်းတစ်ဆူကို ယုံကြည်သင့်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သုံးပါးပေါင်းတစ်ဆူကို ယုံကြည်သင့်သလား
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုက ဘုရားသခင်လား
  • ဘာကြောင့် အရေးကြီးသလဲ
  • အပိုင်း ၄ — သုံးပါးတစ်ဆူအယူသည် အဘယ်အချိန်နှင့် အဘယ်နည်းဖြင့် စပေါ်ပေါက်လာသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သုံးပါးပေါင်းတစ်ဆူအယူဝါဒ မည်သို့ပေါ်ပေါက်လာသနည်း
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
  • အပိုင်း ၁ - ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များသည် သုံးပါးတစ်ဆူအယူဝါဒကို သွန်သင်ခဲ့သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယင်းသည် အမှန်ပင် ကျမ်းစာသွန်သင်ချက်ဖြစ်သလော
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၈/၁၃ စာ. ၁၂-၁၃
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သုံးပါးပေါင်းတစ်ဆူကို ယုံကြည်သင့်သလား

ခရစ်ယာန်လို့ အမည်ခံတဲ့သူတွေ သန်းနှစ်ထောင်ကျော်ရှိတယ်။ အဲဒီထဲက အများစုက ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့ဟာ သုံးပါးပေါင်း ဘုရားတစ်ဆူ ဖြစ်တယ်လို့ သွန်သင်တဲ့ချာ့ချ်တွေရဲ့ အသင်းသားတွေဖြစ်ကြတယ်။ သုံးပါးပေါင်းတစ်ဆူ အယူဝါဒက တရားဝင်အယူဝါဒ ဘယ်လိုဖြစ်လာတာလဲ။ ပိုအရေးကြီးတာက ဒီသွန်သင်ချက်က သမ္မာကျမ်းစာနဲ့ညီသလား။

ပထမရာစုမှာ ကျမ်းစာကို ရေးသားပြီးစီးခဲ့ပါတယ်။ ကျမ်းစာရေးပြီး နှစ်ပေါင်းနှစ်ရာကျော်အကြာ အေဒီ ၃၂၅ မှာ အာရှမိုင်းနား၊ နိုင်စီယာမြို့၊ အခု တူရကီနိုင်ငံ လင်းနစ်မှာ ကျင်းပတဲ့ ကောင်စီစည်းဝေးကနေ သုံးပါးပေါင်းတစ်ဆူ အယူဝါဒဖြစ်တည်လာဖို့ အကြောင်းဖန်လာတယ်။ စွယ်စုံကျမ်း တစ်ခု (New Catholic Encyclopedia) အရ ဘုရားသခင်၊ ခရစ်တော်နဲ့ပတ်သက်ပြီး ချာ့ချ်တွေရဲ့ တရားဝင် သွန်သင်ချက်က နိုင်စီယာကောင်စီကနေ စတင်တယ်။ ကျမ်းစာရေးပြီးလို့ ရာစုနှစ်နဲ့ချီကြာပြီးတဲ့နောက်မှ ဘုရားသခင်နဲ့ခရစ်တော်ကို သတ်မှတ်အနက်ဖွင့်ဖို့ လိုအပ်တယ်လို့ ဘာကြောင့်ယူဆခဲ့တာလဲ။ ဒီအရေးကြီးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတာ မရှင်းလင်းလို့လား။

ယေရှုက ဘုရားသခင်လား

ကွန်စတင်တိုင်းဟာ ရောမအင်ပါယာမှာ တစ်ဦးတည်းသော ဧကရာဇ်မင်းဖြစ်လာချိန်မှာ ခရစ်ယာန်လို့ အမည်ခံတဲ့သူတွေထဲမှာ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ ဆက်နွယ်ပုံနဲ့ပတ်သက်ပြီး အယူအဆကွဲနေတယ်။ ယေရှုက ဘုရားသခင်လား။ ဘုရားသခင် ဖန်ဆင်းထားတဲ့သူလား။ ဒါကို ဖြေရှင်းဖို့ ကွန်စတင်တိုင်းက ချာ့ချ်ခေါင်းဆောင်တွေကို နိုင်စီယာကို ဆင့်ခေါ်ခဲ့တယ်။ အမှန်တရားကို ရှာဖွေချင်လို့ မဟုတ်ဘဲ သူ့ရဲ့ အင်ပါယာကို ဘာသာရေးကြောင့် မပြိုကွဲစေချင်လို့ ဒီလိုဆင့်ခေါ်ခဲ့ခြင်းဖြစ်တယ်။

“ခမည်းတော် ဘုရားသခင် တစ်ပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။” —၁ ကောရိန္သု ၈:၆၊ သမ္မာကျမ်း။

တက်ရောက်လာကြတဲ့ ရာနဲ့ချီတဲ့ ဂိုဏ်းအုပ်တွေကို ကွန်စတင်တိုင်းက တစ်ညီတညွတ်တည်း သဘောတူဆုံးဖြတ်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ သူ့တောင်းဆိုချက်က အရာမရောက်ဘူး။ ဒါကြောင့် ကွန်စတင်တိုင်းက ယေရှုခရစ်နဲ့ ခမည်းတော်ဟာ “ဇာတိတော်တူညီတယ်” ဆိုတဲ့ မရေရာတဲ့ အယူအဆကို လက်ခံလိုက်ကြဖို့ အဆိုပြုခဲ့တယ်။ ကျမ်းစာပေါ်မဟုတ်ဘဲ ဂရိအတွေးအခေါ်ပေါ်အခြေပြုထားတဲ့ သုံးပါးပေါင်းတစ်ဆူ အယူဝါဒဟာ နောက်ပိုင်းမှာ ချာ့ချ်ရဲ့အယူဝါဒ ဖြစ်လာတယ်။ အေဒီ ၄ ရာစုအဆုံးပိုင်းရောက်တော့ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဒီနေ့အချိန်လက်ခံထားတဲ့ သုံးပါးပေါင်းတစ်ဆူရဲ့ တတိယပုဂ္ဂိုလ်အနေနဲ့ ပါဝင်လာတယ်။

ဘာကြောင့် အရေးကြီးသလဲ

‘ဝတ်ပြုကိုးကွယ်သူတို့သည် ခမည်းတော်အား အမှန်စင်စစ်ဖြစ်တော်မူသည့်အတိုင်း မှန်ကန်စွာ ဝတ်ပြုကိုးကွယ်ရမည်’ လို့ယေရှုပြောခဲ့တယ်။ (ယောဟန် ၄:၂၃၊ ခမ) ဘယ်လိုမှန်ကန်စွာ ကိုးကွယ်ရမယ်ဆိုတာကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါတယ်။ (ယောဟန် ၁၇:၁၇) သမ္မာကျမ်းစာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တို့ဟာ သုံးပါးပေါင်းဘုရားတစ်ဆူဖြစ်တယ်လို့ သွန်သင်သလား။

ပထမ၊ သမ္မာကျမ်းစာမှာ “သုံးပါးပေါင်းတစ်ဆူ” ဆိုတဲ့စကားလုံး မရှိပါဘူး။ ဒုတိယ၊ ယေရှုက သူ့ကိုယ်သူ ဘုရားသခင်နဲ့တန်းတူဖြစ်တယ်လို့ တစ်ခါမှမပြောခဲ့ဘူး။ အဲဒီအစား ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခဲ့တယ်။ (လုကာ ၂၂:၄၁-၄၄) တတိယအချက်ကတော့ ယေရှုနဲ့ သူ့နောက်လိုက်တွေရဲ့ ဆက်ဆံရေးမှာ တွေ့နိုင်တယ်။ ယေရှုသေဆုံးပြီး နာမ်ဝိညာဉ်သားအနေနဲ့ ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာ နောက်လိုက်တွေကို “ငါ့ညီအစ်ကိုတို့” လို့ခေါ်ခဲ့တယ်။ (မဿဲ ၂၈:၁၀) သူတို့ဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ညီအစ်ကိုတွေလား။ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့သားဦး ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခမည်းတော်တစ်ပါးတည်းရဲ့ သားတွေဖြစ်လာတယ်။ (ဂလာတိ ၃:၂၆) နိုင်စီယာ အစည်းအဝေးက ချမှတ်တဲ့အယူအဆနဲ့ ဖော်ပြထားတဲ့ ကျမ်းချက်တွေကို နှိုင်းယှဉ်ကြည့်ပါ။

နိုင်စင်းအယူဝါဒ (Nicene Creed) ပြောဆိုရာ-

“တစ်ဆူတည်းဖြစ်တဲ့ ခရစ်တော်ယေရှုဟာ ဘုရားမှဘုရား၊ အလင်းမှအလင်း၊ မုချဘုရားမှမုချဘုရား ဖြစ်တဲ့ခမည်းတော်နဲ့ တစ်ဇာတိတည်းဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်တယ်။”

သမ္မာကျမ်းစာ ပြောဆိုရာ-

  • “ငါ့ခမည်းတော်သည် ငါ့[ယေရှု]ထက်သာ၍ ကြီးမြတ်တော်မူ၏။”—ယောဟန် ၁၄:၂၈၊ သမ္မာကျမ်း။

  • “ငါ၏ခမည်းတော် တည်းဟူသော သင်တို့၏ ခမည်းတော်၊ ငါ၏ဘုရားသခင် တည်းဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ ငါ[ယေရှု]တက်ရမည်။”—ယောဟန် ၂၀:၁၇၊ သမ္မာကျမ်း။

  • “ခမည်းတော် ဘုရားသခင် တစ်ပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။”—၁ ကောရိန္သု ၈:၆၊ သမ္မာကျမ်း။

  • “ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။”—၁ ပေတရု ၁:၃၊ သမ္မာကျမ်း။

  • “ဤသြဝါဒသည် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ အပေါင်းတို့၏ မူလအစဖြစ်တော်မူသော . . . အာမင်[ယေရှု] ထံမှဖြစ်၏။”—ဗျာဒိတ် ၃:၁၄၊ ခမ။a

a “ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ” ဆိုတာနဲ့ “ယေရှုခရစ်က ဘယ်သူလဲ” ဆိုတဲ့အကြောင်းတွေကို သမ္မာကျမ်းစာလေ့လာရာမှာ အထောက်အကူပြုတဲ့ သမ္မာကျမ်းစာအမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်မှာ ပါရှိပါတယ်။ ယေဟောဝါသက်သေတွေဆီကနေ အဲဒီစာအုပ်ရနိုင်ပါတယ်။ ဒါမှမဟုတ် www.jw.org/mya ဝက်ဘ်ဆိုက်မှာ ဖတ်ရှုနိုင်ပါတယ်။

အချက်အလက်အကျဉ်း-

  • “နိုင်စင်း အယူဝါဒက ပထမဆုံးအကြိမ် နိုင်စီယာကောင်စီအစည်းအဝေး (အေဒီ ၃၂၅) မှာထုတ်ပြန်တာမဟုတ်ဘဲ ပထမအကြိမ် ကောန်စတန်တီနိုပဲလ်အစည်းအဝေး (အေဒီ ၃၈၁) မှာထုတ်ပြန်တဲ့ အယူအဆဖြစ်တယ်။” —The New Westminster Dictionary of Church History.

  • “အေဒီ ၃၂၅ မှာကျင်းပတဲ့ နိုင်စီယာကောင်စီက ခမည်းတော်နဲ့သားတော်ဟာ ဇာတိတော်တူညီတယ်လို့ ထုတ်ပြန်ခြင်းအားဖြင့် သုံးပါးပေါင်းတစ်ဆူရဲ့ ရှေ့ပြေးအယူဝါဒအနေနဲ့ ဖြစ်လာခဲ့တယ်။—Encyclopædia Britannica.

ပထမဆုံးအကြိမ် ကျင်းပတဲ့ နိုင်စီယာကောင်စီ (ပန်းချီသရုပ်ဖော်ပုံ) က သုံးပါးပေါင်းတစ်ဆူသွန်သင်ချက်ကို လမ်းဖွင့်ပေးခဲ့

“ဓမ္မသစ်ကျမ်းအပါအဝင် ခရစ်ယာန်သမ္မာကျမ်းစာမှာ သုံးပါးပေါင်းတစ်ဆူ ဆိုတဲ့ဖော်ပြချက် ဒါမှမဟုတ် သုံးပါးတစ်ဆူလို့ ယူဆစေတဲ့ ဖော်ပြချက်တွေ မပါဘူး။” —Encyclopædia Britannica.

“သုံးပါးပေါင်းတစ်ဆူ အယူဝါဒက ကနဦးခရစ်ယာန်ခေတ်မှာ ပေါ်လာတာမဟုတ်ဘူး။ ဒုတိယ ရာစုအကုန်ပိုင်းအထိ သုံးပါးပေါင်းတစ်ဆူ ဆိုပြီး ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။”—Library of Early Christianity—Gods and the One God.

“သုံးပါးပေါင်းတစ်ဆူအယူဝါဒကို သွန်သင်ဖို့ ချာ့ချ်က အတွေးအခေါ်ပညာတွေလွှမ်းမိုးထားတဲ့ အထူးအသုံးအနှုန်းတွေနဲ့ ရှင်းပြချက်တွေကို ထွင်ပြီး အသုံးပြုခဲ့တယ်။” —Catechism of the Catholic Church.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ