ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၄၇
  • ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ ဘာလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ ဘာလုပ်ရမလဲ
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံဖို့ အသင့်ဖြစ်၊ မဖြစ် ဘယ်လို သိနိုင်မလဲ
  • ယေဟောဝါသက်သေတွေရဲ့ သားသမီးတွေကော ဒီအဆင့်တွေ လုပ်ဆောင်ဖို့ လိုအပ်သလား
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုရန် ရည်မှန်းချက်ပန်းတိုင်ထားပါ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခရစ်ယာန်နှစ်ခြင်းအတွက် တောင်းဆိုချက်များကို ပြည့်မီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • နှစ်ခြင်းဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၄၇
ယေဟောဝါသက်သေနှစ်ယောက် နှုတ်ဆက်နေစဉ်

ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ ဘာလုပ်ရမလဲ

ယေဟောဝါသက်သေတစ်ယောက် ဖြစ်ဖို့ လုပ်ရမယ့် အဆင့်တွေအကြောင်း ယေရှုကိုယ်တိုင် မိန့်မှာခဲ့ပြီး မဿဲ ၂၈:၁၉၊ ၂၀ မှာ တွေ့နိုင်ပါတယ်။ ခရစ်တော်တပည့် ဖြစ်လိုသူဟာ ယေဟောဝါဘုရားအကြောင်း တခြားသူတွေကို ပြောပြဖို့၊ သက်သေခံဖို့ လိုတယ်လို့ အဲဒီကျမ်းချက်မှာ ဖော်ပြတယ်။

အဆင့် ၁– ကျမ်းစာသွန်သင်ရာတွေကို သင်ယူပါ။ ယေရှုက “ကျွန်တော့်တပည့် ဖြစ်လာအောင် . . . သွန်သင်ပေးကြပါ” လို့ နောက်လိုက်တွေကို မိန့်မှာတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) “တပည့်” ဆိုတဲ့ စကားလုံးက “သင်ယူသူ” လို့ အဓိပ္ပာယ်ရတယ်။ ကျမ်းစာမှာ အထူးသဖြင့် ယေရှုခရစ်ရဲ့ သွန်သင်ချက်တွေကို တွေ့ရတယ်။ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ဘဝ ပိုင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ လမ်းညွှန်ချက်တွေကိုလည်း ဖော်ပြထားတယ်။ (၂ တိမောသေ ၃:​၁၆၊ ၁၇) ယေဟောဝါသက်သေတွေ လုပ်ပေးနေတဲ့ အခမဲ့ ကျမ်းစာလေ့လာမှု အစီအစဉ်ကနေ ကျမ်းစာသွန်သင်ရာတွေကို သင်ယူနိုင်ပါတယ်။​—မဿဲ ၁၀:​၇၊ ၈။ ၁ သက်သာလောနိတ် ၂:​၁၃။

အဆင့် ၂– သင်ယူသိရှိရာတွေကို လက်တွေ့ကျင့်သုံးပါ။ သင်ယူသူတွေဟာ ယေရှု “မိန့်မှာထားသမျှကို လိုက်နာ” ရမယ်။ (မဿဲ ၂၈:၂၀) ဒါကြောင့် ကျမ်းစာ လေ့လာတယ်ဆိုတာ အသိပညာ ရဖို့လောက်ပဲ မဟုတ်ဘူး။ ကိုယ့်အတွေးအခေါ်၊ အပြုအမူတွေကို သိသိသာသာ ပြောင်းလဲရမယ်။ (တမန်တော် ၁၀:၄၂။ ဧဖက် ၄:​၂၂–​၂၉။ ဟီဘရူး ၁၀:၂၄၊ ၂၅) ယေရှုရဲ့ မိန့်မှာချက်တွေကို လိုက်နာသူတွေဟာ ဘဝကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး ယေရှုနောက် လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။​—မဿဲ ၁၆:၂၄။

အဆင့် ၃– နှစ်ခြင်းခံပါ။ (မဿဲ ၂၈:၁၉) ကျမ်းစာမှာ နှစ်ခြင်းခံတာကို သင်္ဂြိုဟ်ခံရတာနဲ့ ခိုင်းနှိုင်းထားတယ်။ (ရောမ ၆:​၂–၄ နဲ့ နှိုင်းယှဉ်ပါ။) အဲဒါက ဘဝလမ်းစဉ်အဟောင်း သေဆုံးသွားပြီး ဘဝအသစ် စတင်လာတယ်ဆိုတဲ့ အမှတ်အသားပါပဲ။ နှစ်ခြင်းခံတာက ယေရှု မိန့်မှာခဲ့တဲ့ ဦးဆုံး အဆင့် ၂ ဆင့်ကို လုပ်ဆောင်ပြီးကြောင်း၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရဖို့ ဘုရားသခင်ဆီ တောင်းခံနေကြောင်း လူအများရှေ့ ဖော်ပြရာရောက်တယ်။​—ဟီဘရူး ၉:​၁၄။ ၁ ပေတရု ၃:​၂၁။

နှစ်ခြင်းခံဖို့ အသင့်ဖြစ်၊ မဖြစ် ဘယ်လို သိနိုင်မလဲ

အသင်းတော် အကြီးအကဲတွေကို ပြောပြပါ။ သူတို့က နှစ်ခြင်းခံခြင်းမှာ ဘာတွေပါဝင်တယ်ဆိုတာ သင် သဘောပေါက်သလား၊ သင်ယူသိရှိရာတွေကို လက်တွေ့ ကျင့်သုံးသလား၊ စိတ်လိုကိုယ်လျောက် ဘုရားထံ ဆက်ကပ်အပ်နှံပြီးပြီလားဆိုတာ သေချာအောင် ကူညီပေးပါလိမ့်မယ်။​—တမန်တော် ၂၀:၂၈။ ၁ ပေတရု ၅:​၁–၃။

ယေဟောဝါသက်သေတွေရဲ့ သားသမီးတွေကော ဒီအဆင့်တွေ လုပ်ဆောင်ဖို့ လိုအပ်သလား

လိုအပ်ပါတယ်။ ယေဟောဝါသက်သေတွေက မိမိတို့ကလေးတွေကို ‘ယေဟောဝါ မိန့်မှာတဲ့အတိုင်း ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်’ ကြတယ်။ (ဧဖက် ၆:၄) ကလေးတွေ အရွယ်ရောက်လာတဲ့အခါမှာတော့ ကျမ်းစာသွန်သင်ရာတွေကို သင်ယူပြီး လက်တွေ့ကျင့်၊ မကျင့်ဆိုတာ နှစ်ခြင်းမခံခင် ကိုယ်တိုင် ဆုံးဖြတ်ချက် ချရတယ်။ (ရောမ ၁၂:၂) ဘုရားကို ဝတ်ပြုတာ၊ ဝတ်မပြုတာက တစ်ဦးစီ ကိုယ်ပိုင် ဆုံးဖြတ်ရမယ်။​—ရောမ ၁၄:၁၂။ ဂလာတိ ၆:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ