ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၄ စာ. ၁၄-၁၅
  • သွေးဆောင်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွေးဆောင်မှု
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေးဆောင်မှုဆိုတာ ဘာလဲ
  • သွေးဆောင်ခံရချိန်မှာ ချက်ချင်း တွန်းလှန်တာက ဘာကြောင့် ပညာရှိသလဲ
  • သွေးဆောင်မှုကို တွန်းလှန်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို အားရှိစေနိုင်သလဲ
  • သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပုံ
    နိုးလော့!—၂၀၁၄
  • လူ့အားနည်းချက်အပေါ် အနိုင်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သွေးဆောင်မှုတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ
    လူငယ်များအမေး
  • သွေးဆောင်မှုကို သင် တွန်းလှန်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၄ စာ. ၁၄-၁၅
ပြိုင်ကား၊ စီးကရက်၊ အစားအစာ၊ မိန်းမနဲ့ ပိုက်ဆံရဲ့ သွေးဆောင်မှု ခံနေရတဲ့ အမျိုးသား

သမ္မာကျမ်းစာရှုထောင့်

သွေးဆောင်မှု

အိမ်ထောင်ပြိုကွဲခြင်း၊ ဖျားနာခြင်း၊ သိစိတ်အနှောင့်အယှက်ပေးခြင်း စတာတွေဟာ သွေးဆောင်မှုကို အလျှော့ပေးလိုက်လို့ ခံစားရတဲ့ ဆိုးကျိုးတွေပဲ။ ဒီထောင်ချောက်ကို ဘယ်လို ရှောင်နိုင်သလဲ။

သွေးဆောင်မှုဆိုတာ ဘာလဲ

သွေးဆောင်ခံရတယ်ဆိုတာ တစ်ခုခု၊ အထူးသဖြင့် မှားယွင်းတဲ့အရာ တစ်ခုခုဆီ ဆွဲဆောင်ခံရတာကို ဆိုလိုတယ်။ ဥပမာ၊ သင် ဈေးဝယ်ထွက်ရင်း လိုချင်တဲ့ပစ္စည်းတစ်ခုကို တွေ့သွားတယ် ဆိုပါစို့။ ဘယ်သူမှမသိအောင် ခိုးယူဖို့ အတွေးပေါ်လာတယ်။ ဒါပေမဲ့ အမှားအမှန်သိစိတ်က မဖြစ်ဘူးလို့ ပြောတယ်။ ဒါနဲ့ အဲဒီအတွေးကို ဖျောက်လိုက်တယ်။ ဒီအခြေအနေမှာ သွေးဆောင်မှုကို သင် အနိုင်ယူလိုက်နိုင်ပြီ။

သမ္မာကျမ်းစာ ပြောဆိုရာ

မကောင်းတဲ့သူမို့လို့ သွေးဆောင်ခံရတာ မဟုတ်ပါဘူး။ လူတိုင်း သွေးဆောင်ခံရကြတယ်လို့ ကျမ်းစာ ပြောတယ်။ (၁ ကောရိန္သု ၁၀:၁၃) သွေးဆောင်မှုကို တုံ့ပြန်ပုံကသာ အရေးကြီးတာပါ။ တချို့က မသင့်တော်တဲ့ ဆန္ဒကို ကြာရှည် စဉ်းစားနေလို့ မကြာခင်မှာပဲ အလျှော့ပေးလိုက်မိတယ်။ တချို့ကတော့ မှားတဲ့အရာကို အတွေးထဲကနေ ချက်ချင်း ဖျောက်ပစ်လိုက်တယ်။

“ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ။” —ယာကုပ် ၁:၁၄။

သွေးဆောင်ခံရချိန်မှာ ချက်ချင်း တွန်းလှန်တာက ဘာကြောင့် ပညာရှိသလဲ

အမှားလုပ်ဖို့ ဦးတည်ပေးတဲ့ အဆင့်တွေကို ကျမ်းစာ ဖော်ပြတယ်။ “[မှားယွင်းတဲ့] အလိုဆန္ဒက ကြီးထွား [“သန္ဓေတည်၊” အောက်ခြေမှတ်ချက်] လာရင် အပြစ်ကို လုပ်မိစေတယ်” လို့ ယာကုပ် ၁:၁၅ ပြောတယ်။ ရိုးရိုးလေးပြောရရင် မကောင်းတာကို ကြာရှည်စဉ်းစားနေတဲ့အခါ လက်တွေ့လုပ်ဆောင်တဲ့အဆင့်ထိ ရောက်သွားတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး မလွဲမသွေ သားဖွားသလိုပေါ့။ ဒါပေမဲ့ မကောင်းတဲ့ဆန္ဒနောက် မလိုက်မိအောင် ရှောင်နိုင်ပါတယ်။ အဲဒီဆန္ဒကို ထိန်းချုပ်နိုင်ပါတယ်။

ကျမ်းစာ ကူညီပေးနိုင်ပုံ

စိတ်ထဲမှာ မကောင်းတဲ့ဆန္ဒ ကိန်းအောင်းနိုင်သလို ဖျောက်ဖျက်လို့လည်း ရပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ အလုပ်တစ်ခုခုလုပ်နေခြင်း၊ မိတ်ဆွေနဲ့ စကားပြောခြင်း၊ ကောင်းတာကို တွေးနေခြင်းအားဖြင့် အာရုံလွဲထားနိုင်ပါတယ်။ (ဖိလိပ္ပိ ၄:၈) သွေးဆောင်မှုနောက် လိုက်ခြင်းကြောင့် စိတ်ပိုင်း၊ ခန္ဓာပိုင်း၊ ဝတ်ပြုရေးပိုင်း ထိခိုက်နိုင်တယ်ဆိုတာ စဉ်းစားခြင်းကလည်း အထောက်အကူပြုတယ်။ (တရားဟောရာ ၃၂:၂၉) ဆုတောင်းခြင်းကလည်း တကယ် အကူအညီဖြစ်စေတယ်။ “သွေးဆောင်မှုနောက် ပါမသွားအောင် သတိနဲ့စောင့်ပြီး အမြဲဆုတောင်းနေကြပါ” လို့ ယေရှုခရစ် ပြောတယ်။—မဿဲ ၂၆:၄၁။

“လှည့်စားမခံကြပါနဲ့။ ဘုရားသခင်ကို မခန့်လေးစားလုပ်လို့ မရဘူး။ လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။”—ဂလာတိ ၆:၇။

သွေးဆောင်မှုကို တွန်းလှန်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို အားရှိစေနိုင်သလဲ

အခြေအနေမှန်

မိုက်မဲသူ၊ ဆင်ခြင်ဉာဏ်ကင်းမဲ့သူ၊ သတိမဲ့သူကို အန္တရာယ်ကျရောက်စေတဲ့ ဆွဲဆောင်ဖြားယောင်းမှုအဖြစ် သွေးဆောင်မှုကို အမှန်အတိုင်း ရှုမြင်ပါ။ (ယာကုပ် ၁:၁၄) အထူးသဖြင့် လိင်အကျင့်ယိုယွင်းစေတဲ့ သွေးဆောင်မှုတွေဟာ ဆိုးကျိုးတွေ ခံစားရစေနိုင်တယ်။—ပညာအလိမ္မာ ၇:၂၂၊ ၂၃။

ကျမ်းစာ ကူညီပေးနိုင်ပုံ

“ကိုယ့်ရဲ့ ညာဘက်မျက်စိက အပြစ်ကျူးလွန်စေတယ်ဆိုရင် အဲဒီမျက်စိကို ထုတ်ပြီး လွှင့်ပစ်လိုက်ပါ” လို့ ယေရှုခရစ် ပြောတယ်။ (မဿဲ ၅:၂၉) အဲဒီအတိုင်း တကယ်လုပ်ဖို့ ယေရှု ပြောနေတာ မဟုတ်ပါဘူး။ ဘုရားမျက်နှာသာနဲ့ ထာဝရအသက် ရချင်တယ်ဆိုရင် အမှားပြုကျင့်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေဖို့ဖြစ်တယ်။ (ကောလောသဲ ၃:၅) ဆိုလိုတာက သွေးဆောင်မှုကို ပြတ်ပြတ်သားသား ငြင်းဆန်ရမှာဖြစ်တယ်။ “အချည်းနှီးဖြစ်တဲ့ အရာတွေကို မကြည့်မိအောင် ကျွန်တော့်မျက်စိကို လွှဲပေးပါ” လို့ ဘုရားအပေါ် သစ္စာရှိသူတစ်ယောက် ဆုတောင်းခဲ့တယ်။—ဆာလံ ၁၁၉:၃၇။

ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းဖို့ ခက်နိုင်ပါတယ်။ အဲဒီအပြင် “ကိုယ်ခန္ဓာက အားနည်းတယ်။” (မဿဲ ၂၆:၄၁) ဒါကြောင့် ကျွန်တော်တို့ အမှားလုပ်မိနိုင်တယ်။ ဒါပေမဲ့ တကယ် နောင်တရဝမ်းနည်းပြီး အမှားလုပ်တဲ့အကျင့်ကို ဖျောက်ပစ်မယ်ဆိုရင် ဖန်ဆင်းရှင် ယေဟောဝါဘုရားက ကျွန်တော်တို့အပေါ် “ကရုဏာရှိပြီး သနားစာနာ” မှု ပြပါတယ်။ (ဆာလံ ၁၀၃:၈) အားရှိစရာပါပဲ။

“အို ယေဟောဝါ၊ ယေဟောဝါ၊ ကိုယ်တော်သာ အမှားတွေကို စောင့်ကြည့်နေရင် ဘယ်သူ ခံရပ်နိုင်မှာလဲ။”—ဆာလံ ၁၃၀:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ