-
ဘုရားအမြင်မှာ သန့်ရှင်းစင်ကြယ်နိုင်ပုံပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၄။ အကျင့်ဆိုးတွေကို ဖြတ်ပါ
အကျင့်ဆိုးတွေ ဖြတ်ဖို့ ယေဟောဝါ ကူညီပေးနိုင်
ဆေးလိပ်၊ မူးယစ်ဆေးတွေ အပျော်သဘောနဲ့ သုံးနေတယ်ဆိုရင် ဒီအကျင့်ဆိုးကို ဖြတ်ဖို့ အလွန်ခက်မှန်း သိမှာပဲ။ ဘာက ကူညီနိုင်သလဲ။ ဒီအကျင့်ဆိုးက သင့်ကို ဘယ်လို ထိခိုက်စေသလဲ သုံးသပ်ပါ။ မဿဲ ၂၂:၃၇-၃၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီအချက်တွေကို သုံးသပ်ပါ။ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေး သုံးတာက
ယေဟောဝါနဲ့ ဆက်ဆံရေးကို ဘယ်လို ထိခိုက်စေသလဲ။
မိသားစုနဲ့ တခြားသူတွေကို ဘယ်လို ထိခိုက်စေသလဲ။
အကျင့်ဆိုးကို ဖြတ်ဖို့ စီစဉ်ပါ။a ဗီဒီယို ဖွင့်ပါ။
ဖိလိပ္ပိ ၄:၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
ပုံမှန် ဆုတောင်းတာ၊ ကျမ်းစာလေ့လာတာ၊ အစည်းအဝေးတွေ တက်တာက အကျင့်ဆိုးကို ဖြတ်ဖို့ ဘယ်လို ခွန်အားပေးနိုင်သလဲ။
၅။ မသန့်ရှင်းတဲ့အတွေးနဲ့ အကျင့်တွေကို ပြုပြင်ပါ
ကောလောသဲ ၃:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
ညစ်ညမ်းရုပ်ပုံစာပေ ကြည့်တာ၊ လိင်စိတ်ကြွစေတဲ့ ရုပ်ပုံနဲ့ စာတွေကို ဖုန်းနဲ့ပို့တာ၊ တစ်ကိုယ်ရေ အာသာဖြေတာတွေဟာ ယေဟောဝါအမြင်မှာ မသန့်ရှင်းကြောင်း ဘယ်လို သိရသလဲ။
စာရိတ္တသန့်ရှင်းနေဖို့ ယေဟောဝါ တောင်းဆိုတာက လက်တွေ့ကျတယ်လို့ ထင်သလား။ ဘာကြောင့်လဲ။
မသန့်ရှင်းတဲ့ အတွေးတွေ တိုက်ထုတ်နိုင်ပုံကို ရှာကြည့်ပါ။ ဗီဒီယို ဖွင့်ပါ။
စာရိတ္တသန့်ရှင်းဖို့ ပြတ်ပြတ်သားသား လုပ်သင့်ကြောင်း ယေရှု ဥပမာပေးပြီး ရှင်းပြတယ်။ မဿဲ ၅:၂၉၊ ၃၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
ယေရှုက ကိုယ်ခန္ဓာ အနာတရဖြစ်အောင် လုပ်ခိုင်းနေခြင်း မဟုတ်ဘဲ ပြတ်ပြတ်သားသားလုပ်ဖို့ လိုကြောင်း ပြောနေခြင်းဖြစ်တယ်။ မသန့်ရှင်းတဲ့အတွေး မတွေးမိအောင် ဘာလုပ်ရမလဲ။b
မသန့်ရှင်းတဲ့ အတွေးတွေ တိုက်ထုတ်ဖို့ ကြိုးစားတာကို ယေဟောဝါ တန်ဖိုးထားတယ်။ ဆာလံ ၁၀၃:၁၃၊ ၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
အကျင့်ဆိုးကို ဖြတ်ဖို့ ကြိုးစားနေရင် ဒီကျမ်းပိုဒ်က ဘယ်လို အားရှိစေနိုင်သလဲ။
အကျင့်ဆိုး ပြန်လုပ်မိရင် လက်မလျှော့နဲ့
‘မအောင်မြင်လို့ လက်လျှော့လိုက်ချင်ပြီ’ ဆိုပြီး တွေးမိနိုင်တယ်။ ဒါပေမဲ့ အပြေးသမားတစ်ယောက် ခလုတ်တိုက်လဲသွားရင် ရှုံးသွားပြီ၊ အစကနေ ပြန်ပြေးရမယ်လို့ မဆိုလိုဘူး။ အလားတူပဲ။ အကျင့်ဆိုး ပြန်လုပ်မိတာက ဒီအကျင့် မဖျောက်နိုင်တော့ဘူး၊ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပြီလို့ မဆိုလိုဘူး။ အကျင့်ဆိုး ပြန်လုပ်မိတာမျိုးက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ လက်မလျှော့ပါနဲ့။ ယေဟောဝါအကူအညီနဲ့ အောင်မြင်နိုင်ပါတယ်။
-
-
အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
-
-
၆။ အလွန်အကျွံ မသောက်မိအောင် ထိန်းနိုင်ပုံ
အရက်သမားတစ်ဦး အရက် ပြတ်သွားပုံကို ကြည့်လိုက်ပါ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။
ဒီဗီဒီယိုမှာ ဒီမီထရီ အရက်မူးလာရင် ဘာလုပ်သလဲ။
သူ ချက်ချင်း အရက်ဖြတ်နိုင်ခဲ့သလား။
အရက်စွဲနေတာကို ဘယ်လို ဖြတ်နိုင်ခဲ့သလဲ။
၁ ကောရိန္သု ၆:၁၀၊ ၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။
အရက်မူးတာ ဘယ်လောက် အပြစ်ကြီးသလဲ။
အရက်သမားတွေ ပြောင်းလဲနိုင်ကြောင်း ဘယ်လို သိရသလဲ။
မဿဲ ၅:၃၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
လက်ကို ဖြတ်တယ်ဆိုတာ ယေဟောဝါ နှစ်သက်မှုရဖို့ တစ်ခုခု စွန့်လွှတ်တာကို ဆိုလိုတယ်။ သင် အရက်စွဲနေရင် ဘာလုပ်နိုင်သလဲ။a
၁ ကောရိန္သု ၁၅:၃၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။
အရက်သောက်ကြူးသူတွေနဲ့ ပေါင်းရင် ဘာဖြစ်နိုင်သလဲ။
-