ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၄၉
  • “မျက်စိအတွက် မျက်စိ” ဆိုတာ ဘာအဓိပ္ပာယ်လဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မျက်စိအတွက် မျက်စိ” ဆိုတာ ဘာအဓိပ္ပာယ်လဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • “မျက်စိအတွက် မျက်စိ” စည်းမျဉ်းရဲ့ ရည်ရွယ်ချက်က ဘာလဲ
  • “မျက်စိအတွက် မျက်စိ” စည်းမျဉ်းဟာ ခရစ်ယာန်တွေနဲ့ သက်ဆိုင်သလား
  • “မျက်စိအတွက် မျက်စိ” နဲ့ပတ်သက်ပြီး ယူဆချက်အမှားများ
  • သင့်မျက်စိကို ရိုးရှင်းစေပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ကောင်းစွာကြည့်မြင်ဆက်သွယ်ခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • အထူးစည်းဝေးပွဲနေ့ ပြန်လည်သုံးသပ်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ရှေးအစ္စရေးလူမျိုးကို ဘုရားပေးတဲ့ပညတ်က တရားမျှတမှုရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၄၉
လူတစ်ယောက်ရဲ့ မျက်စိ

“မျက်စိအတွက် မျက်စိ” ဆိုတာ ဘာအဓိပ္ပာယ်လဲ

ကျမ်းစာအဖြေ

မောရှေကတစ်ဆင့် ရှေးအစ္စရေးလူမျိုးကို ပေးခဲ့တဲ့ ဘုရားပညတ်မှာ “မျက်စိအတွက် မျက်စိ” ဆိုတဲ့ စည်းမျဉ်း ပါတယ်။ ဒါကို ယေရှုက တောင်ပေါ်ဒေသနာမှာ ကိုးကားခဲ့တယ်။ (မဿဲ ၅:၃၈။ ထွက်မြောက်ရာ ၂၁:၂၄၊ ၂၅။ တရားဟောရာ ၁၉:၂၁) ပြစ်မှားသူတွေကို ပြစ်ဒဏ်စီရင်တဲ့အခါ ပြစ်မှုနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးသင့်တာကို ဆိုလိုတယ်။a

ဒီစည်းမျဉ်းဟာ သူတစ်ပါးကို တမင်တကာ ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်နဲ့လည်း သက်ဆိုင်တယ်။ တမင်တကာ ပြစ်မှုကျူးလွန်သူနဲ့ပတ်သက်ပြီး မောရှေပညတ်က ဒီလိုဆိုတယ်– “သူတစ်ပါးကို ဒဏ်ရာရအောင် လုပ်ရင် အရိုးကျိုးခြင်းအတွက် အရိုးကျိုးခြင်း၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွားစသဖြင့် အဲဒီအတိုင်း ပြန်ခံစေရမယ်။”—ဝတ်ပြုရာ ၂၄:၂၀။

  • “မျက်စိအတွက် မျက်စိ” စည်းမျဉ်းရဲ့ ရည်ရွယ်ချက်က ဘာလဲ

  • “မျက်စိအတွက် မျက်စိ” စည်းမျဉ်းဟာ ခရစ်ယာန်တွေနဲ့ သက်ဆိုင်သလား

  • “မျက်စိအတွက် မျက်စိ” နဲ့ပတ်သက်ပြီး ယူဆချက်အမှားများ

  • မှားယွင်းတဲ့အယူအဆကို ယေရှု တည့်မတ်ပေး

“မျက်စိအတွက် မျက်စိ” စည်းမျဉ်းရဲ့ ရည်ရွယ်ချက်က ဘာလဲ

“မျက်စိအတွက် မျက်စိ” စည်းမျဉ်းဟာ ကလဲ့စားချေခွင့်ပြုတဲ့စည်းမျဉ်း မဟုတ်ဘူး။ ခန့်အပ်ခံ တရားသူကြီးတွေအနေနဲ့ ပြစ်ဒဏ်စီရင်တဲ့အခါ ပြင်းထန်လွန်းခြင်း၊ လျှော့ပေါ့လွန်းခြင်း မရှိဘဲ ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးဖို့ ဖြစ်တယ်။

ဒီစည်းမျဉ်းက သူတစ်ပါးကို တမင်တကာ ထိခိုက်နာကျင်အောင် မပြုလုပ်ဖို့၊ မကြံစည်ဖို့လည်း ဟန့်တားပေးတယ်။ “လူတွေ [ဘုရားရဲ့ တရားမျှတမှုကို တွေ့မြင်နေရသူတွေ] ကြားတဲ့အခါ ကြောက်ရွံ့ပြီး ဒီလိုဆိုးတဲ့လုပ်ရပ်မျိုး ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး။”—တရားဟောရာ ၁၉:၂၀။

“မျက်စိအတွက် မျက်စိ” စည်းမျဉ်းဟာ ခရစ်ယာန်တွေနဲ့ သက်ဆိုင်သလား

မသက်ဆိုင်ပါဘူး။ ဒီစည်းမျဉ်းကို ခရစ်ယာန်တွေအတွက် ထုတ်ပေးထားတာ မဟုတ်ဘူး။ မောရှေပညတ်တရားထဲက ဖြစ်တယ်။ အဲဒီပညတ်တရားဟာ ခရစ်တော်ရဲ့ ပူဇော်သကာ သေခြင်းကြောင့် အဆုံးတိုင်သွားပြီ။—ရောမ ၁၀:၄။

ဒါပေမဲ့ ဒီစည်းမျဉ်းက ဘုရားရဲ့ တွေးတောပုံကို ထိုးထွင်းသိမြင်စေတယ်။ ဥပမာ၊ ဘုရားသခင်က တရားမျှတမှုကို တန်ဖိုးထားကြောင်း ဖော်ပြတယ်။ (ဆာလံ ၈၉:၁၄) ဘုရားရဲ့ တရားမျှတမှု စံနှုန်းကိုလည်း ဖော်ပြတယ်။ ပြစ်မှားသူတွေကို “တော်သင့်ရုံ” ဆုံးမသင့်ကြောင်း ဖော်ပြတယ်။—ယေရမိ ၃၀:၁၁။

“မျက်စိအတွက် မျက်စိ” နဲ့ပတ်သက်ပြီး ယူဆချက်အမှားများ

အမှား– “မျက်စိအတွက် မျက်စိ” စည်းမျဉ်းက ပြင်းထန်လွန်းတယ်။

အမှန်– ပြင်းထန်စွာ ပြစ်ဒဏ်စီရင်ရမယ်လို့ မဆိုလိုပါဘူး။ တော်မှန်စွာ ကျင့်သုံးရင် အရည်အချင်းပြည့်ဝတဲ့ တရားသူကြီးတွေက ပါဝင်ပတ်သက်နေတဲ့ အခြေအနေတွေကို ဦးဆုံး သုံးသပ်ပြီးနောက်မှသာ တမင်တကာ ကျူးလွန်ခဲ့တဲ့ပြစ်မှုပေါ် မူတည်ပြီး ပြစ်ဒဏ်စီရင်ကြတယ်။ (ထွက်မြောက်ရာ ၂၁:၂၈-၃၀။ တောလည်ရာ ၃၅:၂၂-၂၅) ဒါကြောင့် “မျက်စိအတွက် မျက်စိ” စည်းမျဉ်းက အလွန်အကျွံ ပြစ်ဒဏ်စီရင်ခြင်း မရှိအောင် ကူညီပေးတယ်။

အမှား– “မျက်စိအတွက် မျက်စိ” စည်းမျဉ်းကြောင့် ကလဲ့စားချေလို့ ပြီးတော့မှာ မဟုတ်ဘူး။

အမှန်– မောရှေပညတ်မှာ ဒီလိုဖော်ပြထားတယ်– “အချင်းချင်း လက်စားမချေနဲ့၊ အငြိုးမထားနဲ့။” (ဝတ်ပြုရာ ၁၉:၁၈) ကလဲ့စားချေဖို့ အားပေးနေခြင်း မဟုတ်ဘဲ ဘုရားကို ကိုးစားဖို့၊ မှားယွင်းမှုတွေကို မှန်မှန်ကန်ကန် စီရင်ပေးနိုင်တဲ့ တရားစီရင်ရေးစနစ်ကို ယုံကြည်ကိုးစားဖို့ ပညတ်တရားက အားပေးနေခြင်း ဖြစ်တယ်။—တရားဟောရာ ၃၂:၃၅။

မှားယွင်းတဲ့အယူအဆကို ယေရှု တည့်မတ်ပေး

တချို့က “မျက်စိအတွက် မျက်စိ” စည်းမျဉ်းကို တလွဲအနက်ဖွင့်ဆိုနေကြကြောင်း ယေရှု သိတယ်။ ဒါကြောင့် ယေရှု ဒီလိုတည့်မတ်ပေးခဲ့တယ်– “‘မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား ပြန်လျော်ပေးရမယ်’ ဆိုတဲ့စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ လူဆိုးကို အတိုက်အခံ မလုပ်ပါနဲ့။ တစ်ယောက်ယောက်က ခင်ဗျားရဲ့ ညာဘက်ပါးကို ရိုက်ရင် ဘယ်ဘက်ပါးကိုလည်း လှည့်ပေးလိုက်ပါ။”—မဿဲ ၅:၃၈၊ ၃၉။

“ခင်ဗျားတို့ ကြားဖူးပါတယ်” ဆိုတဲ့ ယေရှုရဲ့ အသုံးအနှုန်းကို သတိပြုပါ။ လက်တုံ့ပြန်ဖို့ သွန်သင်ပေးတဲ့ ဂျူးဘာသာရေးခေါင်းဆောင်တချို့ကို ရည်ညွှန်းပုံရတယ်။ ကျမ်းပညာရှင် အာဒမ် ကလာ့ခ် ဒီလိုပြောတယ်– “ဂျူးတွေက [မျက်စိအတွက် မျက်စိ] ပညတ်ကိုအကြောင်းပြုပြီး မကျေနပ်ချက်တွေကို ဖြေရှင်းကြတယ်။ အငြိုးအတေးထား ပြုမူကြတယ်။” အငြိုးသိုခြင်းကို အားပေးခြင်းအားဖြင့် ဘာသာရေးခေါင်းဆောင်တွေက မောရှေပညတ်ရဲ့ ရည်ရွယ်ချက်ကို ပျက်ပြားစေခဲ့ကြတယ်။—မာကု ၇:၁၃။

ယေရှုကတော့ ချစ်ခြင်းမေတ္တာဟာ ဘုရားပညတ်မှာ အနှစ်ချုပ် ဖြစ်တယ်လို့ အလေးပေးဖော်ပြခဲ့တယ်– “‘ယေဟောဝါဘုရားကို ... ချစ်ပါ။’ ဒီပညတ်ဟာ ပထမဆုံး၊ အရေးကြီးဆုံး ပညတ်ပဲ။ ပြီးတော့ ‘လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ’ ဆိုတဲ့ ဒုတိယပညတ်ဟာ ပထမပညတ်နဲ့ ဆင်တူတယ်။ ပညတ်ကျမ်းရော ပရောဖက်ကျမ်းရှိသမျှပါ အဲဒီပညတ်နှစ်ခုပေါ်မှာ အခြေခံထားတယ်။” (မဿဲ ၂၂:၃၇-၄၀) ကလဲ့စားချေခြင်းက မဟုတ်ဘဲ မေတ္တာက ယေရှုရဲ့ နောက်လိုက်စစ်ဖြစ်ကြောင်း ခွဲခြားသိမြင်စေတယ်လို့ ယေရှု သွန်သင်ပေးခဲ့တယ်။—ယောဟန် ၁၃:၃၄၊ ၃၅။

a ဒီတရားရေးအခြေခံစည်းမျဉ်းကို တစ်ခါတလေ လက်တင်လို lex talionis လို့ဖော်ပြပြီး ရှေးခေတ် တခြားလူ့အဖွဲ့အစည်းတွေရဲ့ ဥပဒေဖွဲ့စည်းပုံမှာလည်း တွေ့ရတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ