ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၄/၁ စာ. ၉
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အန္နထံ၊ ထိုနောက်ကယာဖထံခေါ်ဆောင်သွား
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှုအားတရားစီရင်ခဲ့သည့် ယဇ်ပုရောဟိတ်မင်းကြီး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အာနတ်ဆီ၊ ဒီနောက် ကယာဖဆီခေါ်သွား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၄/၁ စာ. ၉

သင် သိပါသလား

နှစ်မိုင်လိုက်သွားဦးလော့ ဆိုတဲ့စကားကို ယေရှု ဘာအဓိပ္ပာယ်နဲ့ ပြောခဲ့တာလဲ။

▪ ကျော်ကြားတဲ့ တောင်ပေါ်တရားတော်ကို ယေရှု ဟောပြောခဲ့တုန်းက “အာဏာရှိသူတစ်ဦးက သင့်ကို အနိုင်အထက်ပြု၍ ခရီးတစ်မိုင် ခေါ်သွားလျှင် ထိုသူနှင့် နှစ်မိုင်လိုက်သွားဦးလော့” ဆိုပြီး ပြောခဲ့တယ်။ (မဿဲ ၅:၄၁) အာဏာရှိသူတစ်ဦး တောင်းဆိုတဲ့အလုပ်ကို မဖြစ်မနေ လုပ်ပေးရတဲ့ သူတစ်ယောက်အကြောင်း ယေရှု ပြောနေတာဖြစ်တယ်လို့ တောင်ပေါ်တရားတော်ကို ကြားနာနေတဲ့ပရိသတ် နားလည်နိုင်ဖွယ်ရှိပါတယ်။

ပထမရာစုအတွင်းမှာ အစ္စရေးတိုင်းပြည်ဟာ ရောမလက်အောက် ကျရောက်နေပါတယ်။ ရောမလူတွေဟာ သူတို့ရဲ့လုပ်ငန်း မြန်မြန်ပြီးအောင် အစ္စရေးလူတွေ ဒါမှမဟုတ် တိရစ္ဆာန်တွေကို ခိုင်းစားဖို့၊ လိုအပ်တယ်လို့ သူတို့ထင်တဲ့ အရာမှန်သမျှကို သိမ်းယူဖို့ ဝန်မလေးတဲ့သူတွေ ဖြစ်ကြတယ်။ ဥပမာ၊ ရောမစစ်သားတွေဟာ ရှိမုန်လို့ခေါ်တဲ့ ကုရေနေမြို့သားတစ်ယောက်ကို ယေရှုရဲ့သစ်တိုင်ကို ယေရှုကိုသတ်မယ့်နေရာအထိ အတင်းအကျပ် ထမ်းသွားစေခဲ့ပါတယ်။ (မဿဲ ၂၇:၃၂) အဲဒီလို အနိုင်ကျင့်မှုတွေက လွန်လွန်းအားကြီးတဲ့အတွက် ဂျူးတွေက ခါးခါးသီးသီး နာကြည်းခဲ့ကြတယ်။

ဂျူးတွေဟာ ဝန်တွေကို ဘယ်လောက်အကွာအဝေးအထိ ကူထမ်းပေးရတယ်ဆိုတာတော့ မသိနိုင်ပါဘူး။ ဒါပေမဲ့ ရောမလူတွေ အတိအကျ တောင်းဆိုတာထက် ဂျူးတွေ ပိုပြီးလုပ်ပေးချင်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ယေရှုက နားထောင်နေတဲ့သူတွေကို နှစ်မိုင်လိုက်သွားဦးလော့လို့ တိုက်တွန်းတဲ့အခါ အာဏာပိုင်တွေ တရားဝင်တောင်းဆိုတဲ့ အလုပ်တွေကို ကြည်ကြည်ဖြူဖြူ လုပ်ဆောင်ပေးဖို့ ပြောနေခြင်းဖြစ်ပါတယ်။—မာကု ၁၂:၁၇။

ယေရှုကို ရုံးတင်စစ်ဆေးချိန်မှာ အန္နတ်ဆိုတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲ။

▪ ယေရှုကို ရုံးတင်စစ်ဆေးချိန်မှာ အန္နတ် (အာနနိ) ကို “ယဇ်ပုရောဟိတ်ကြီး” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (လုကာ ၃:၂; ယောဟန် ၁၈:၁၃; တမန်တော် ၄:၆) တကယ်တော့ အန္နတ်ဟာ အစ္စရေးယဇ်ပုရောဟိတ်မင်း ကယာဖရဲ့ ယောက္ခမဖြစ်ပါတယ်။ အန္နတ်ကိုယ်တိုင်ကလည်း ခရစ်နှစ် ၆ ခု ဒါမှမဟုတ် ၇ ခုမှာ ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုထမ်းခဲ့ပြီး ခရစ်နှစ် ၁၅ ခုမှာ သူ့ကို ရောမဘုရင်ခံ ဗလဲရီးယပ်စ် ဂရာတပ်စ်က ရာထူးဖြုတ်ချလိုက်ပါတယ်။ ဒါပေမဲ့လည်း ယဇ်ပုရောဟိတ်မင်း လုပ်ခဲ့ဖူးတဲ့ အန္နတ်ဟာ အစ္စရေးလူတွေအပေါ် ဆက်ပြီး ဩဇာညောင်းနေဆဲဖြစ်တယ်။ သူ့ရဲ့သား ငါးယောက်နဲ့ သားမက် ယဇ်ပုရောဟိတ်မင်း ဖြစ်တဲ့အချိန်ထိပါပဲ။

အစ္စရေးတိုင်းပြည်ဟာ လွတ်လပ်တဲ့နိုင်ငံ ဖြစ်နေသမျှကာလပတ်လုံး ယဇ်ပုရောဟိတ်မင်းရဲ့အာဏာက တစ်သက်လုံးတည်သွားမှာဖြစ်တယ်။ (တောလည်ရာ ၃၅:၂၅) ဒါပေမဲ့ အစ္စရေးတိုင်းပြည် ရောမလက်အောက် ရောက်သွားတဲ့အခါမှာတော့ ယဇ်ပုရောဟိတ်မင်းဟာ ရောမဘုရင်ခံတွေနဲ့ ဧကရာဇ်ဘုရင်တွေရဲ့ အလိုကျ အမှုထမ်းခဲ့ရပြီး အချိန်မရွေး ရာထူးပြုတ်နိုင်ပါတယ်။ ခရစ်နှစ် ၆ ဒါမှမဟုတ် ၇ ခုလောက်မှာ ဆီးရီးယားပြည်က ရောမဘုရင်ခံ ကုရေနိဟာ ယဇ်ပုရောဟိတ်မင်း ယဟောဇာကို ရာထူးကနေ ပယ်ရှားပြီး အန္နတ်ကို ရာထူးခန့်လိုက်တယ်လို့ သမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က ဆိုခဲ့တယ်။ ဒါပေမဲ့ အယူမှားတဲ့ ရောမအုပ်စိုးရှင်တွေဟာ ယဇ်ပုရောဟိတ်လုပ်နေတဲ့ သူတွေထဲကပဲ ယဇ်ပုရောဟိတ်မင်းအသစ်တွေကို ရွေးချယ်ပြီး ခန့်အပ်ကြဟန်တူပါတယ်။

အန္နတ်ရဲ့မိသားစုဟာ လောဘအလွန်ကြီးတဲ့သူတွေ၊ ကျိကျိတက် ချမ်းသာတဲ့သူတွေဖြစ်တယ်။ သူတို့ချမ်းသာကြွယ်ဝရတဲ့ အကြောင်းကတော့ ယဇ်ပူဇော်ရာမှာ အသုံးပြုတဲ့ ဆီနဲ့ဝိုင်၊ ချိုးငှက်၊ သိုးစတဲ့ အရာတွေ ဝတ်ပြုရာအိမ်တော်ဝင်းထဲမှာ ရောင်းဝယ်ဖောက်ကားနေတာကို လက်ဝါးကြီးအုပ်ထားလို့ဖြစ်နိုင်တယ်။ အန္နတ်ရဲ့သား အာနနိရဲ့ လက်အောက်ငယ်သားတွေဟာ “ကမ်းကုန်အောင် ဆိုးသွမ်းတဲ့ လူပေလူတေတွေဖြစ်ပြီး ယဇ်ပုရောဟိတ်တွေရဲ့ ဝေစုဖြစ်တဲ့ ဆယ်ဖို့တစ်ဖို့ကို အတင်းအဓမ္မ လုယူကြတယ်။ သူတို့တောင်းတာကို မပေးတဲ့သူတွေကိုလည်း ရိုက်နှက်ခဲ့ကြတယ်” ဆိုပြီး ဂျိုစီဖတ်စ်က ဖော်ပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ