ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နှုတ်တိုက်ထုံးတမ်းစဉ်လာအရမဟုတ်သော ဖြောင့်မတ်ခြင်း
    ကင်းမျှော်စင်—၁၉၉၂ | ဧပြီ ၁
    • ၁၈။ (က) ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ပါဟူသောပညတ်ကို ဂျူးတို့ကမည်သို့ပြောင်းလဲသနည်း။ ယေရှုကယင်းကိုမည်သို့ကန့်ကွက်ဖျက်ဆီးသနည်း။ (ခ) “ကိုယ်နှင့်စပ်ဆိုင်သူ” ကိုအသုံးပြုပုံအား ကန့်သတ်လိုသည့်ရှေ့နေတစ်ဦးအား ယေရှုမည်သို့ဖြေဆိုသနည်း။

      ၁၈ ဆဌမမြောက်ဖြစ်သည့်နောက်ဆုံးဥပမာတွင် ရဗ္ဗိထုံးတမ်းစဉ်လာအားဖြင့် မောရှေ၏ပညတ်တရားပျက်စီးရခြင်းကို ယေရှုရှင်းလင်းစွာတင်ပြသည်။ “ ‘ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်လော့။ ရန်သူကိုမုန်းလော့’ ဟူသောပညတ်စကားကိုသင်တို့ကြားရပြီ။ ငါပညတ်သည်ကား သင်တို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘ၏သားဖြစ်လိုသောငှာ သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ . . . သင်တို့ကိုနှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကိုဆုတောင်းကြလော့။” (မဿဲ ၅:၄၃၊ ၄၄) မှတ်တမ်းတင်ထားသောမောရှေပညတ္တိကျမ်းသည် ချစ်ခြင်းမေတ္တာကိုအကန့်အသတ်မထားပါ။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။” (ဝတ်ပြုရာ ၁၉:၁၈) ဤပညတ်ချက်ကိုဖာရိရှဲများလက်မခံလို၍ “ကိုယ်နှင့်စပ်ဆိုင်သူ” သည်ထုံးတမ်းစဉ်လာလိုက်နာသူများကိုဆိုလိုသည်ဟုယူမှတ်စေ၍ ပညတ်ချက်ကိုရှောင်ခဲ့သည်။ ဤအကြောင်းကြောင့် နောင်တစ်ချိန်တွင် ‘ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်ရမည်’ ဟူသောပညတ်ကို ရှေ့နေတစ်ဦးအားသတိပေးခဲ့သည့်အခါ ထိုသူက “အဘယ်သူသည် အကျွန်ုပ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်း” ဟုရိသဲ့သဲ့ပြောလိုက်သည်။ ရှမာရိအမျိုးသားကောင်းဥပမာကိုပေး၍ သင့်အကူအညီလိုအပ်နေသူအား သင့်ကိုယ်ကိုကိုယ်နှင့်စပ်ဆိုင်သူဖြစ်စေပါဟု ယေရှုဖြေဆိုတော်မူသည်။—လုကာ ၁၀:၂၅-၃၇။

  • နှုတ်တိုက်ထုံးတမ်းစဉ်လာအရမဟုတ်သော ဖြောင့်မတ်ခြင်း
    ကင်းမျှော်စင်—၁၉၉၂ | ဧပြီ ၁
    • ၂၀။ မောရှေပညတ်ကိုဖယ်ရှားမည့်အစား ယင်း၏အကျိုးသက်ရောက်မှုကို ယေရှုမည်သို့ကျယ်ပြန့်၍နက်ရှိုင်းစေပြီး သာ၍မြင့်မားသောအဆင့်သို့တင်မြှောက်တော်မူသနည်း။

      ၂၀ ထိုကြောင့်ပညတ်အပိုင်းအချို့ကိုယေရှုညွှန်း၍ “ငါပညတ်သည်ကား” ဟုဆက်ပြောသောအခါ မောရှေပညတ်ကိုကိုယ်တော်ဖယ်ရှားပြီး အခြားတစ်ခုကိုအစားထိုးနေခြင်းမဟုတ်ပါ။ ထိုသို့ပြုတော်မူသည်မဟုတ်ဘဲ ပညတ်ချက်၏နောက်ဝယ်ရှိသဘောတရားကိုဖော်ပြခြင်းအားဖြင့် ယင်း၏စွမ်းဆောင်မှုသည် မည်မျှထူးမြတ်ကွာခြားသည်ကို ကိုယ်တော်တင်ပြနေခြင်းဖြစ်သည်။ ညီအစ်ကိုချင်းစိတ်ထားဆိုင်ရာသာ၍မြင့်မားသောပညတ်က အာဃာတစိတ်ဆက်ထားခြင်းကို လူသတ်မှုဟုစီရင်ချက်ချသည်။ စင်ကြယ်မှုဆိုင်ရာသာ၍မြင့်မားသောပညတ်က ရာဂစိတ်ဆက်ပြင်းပြခြင်းကို မတရားမေထုန်ဟုစီရင်သည်။ အိမ်ထောင်ရေးဆိုင်ရာသာ၍မြင့်မားသောပညတ်က လင်မယားသစ္စာပျက်စေသည့် နောက်အိမ်ထောင်ပြုခြင်းသို့ ဦးတည်စေသည့် မဖြစ်စလောက်နှင့်ကွာရှင်းခြင်းကို တားမြစ်သည်။ အမှန်တရား ဆိုင်ရာသာ၍မြင့်မားသောပညတ်က ထပ်ခါတလဲကျိန်ဆိုနေရန်မလိုကြောင်းတင်ပြသည်။ သာ၍မြင့်မားသောနူးညံ့သိမ်မွေ့ခြင်းက ကလဲ့စားချေခြင်းကိုဖယ်ရှားလိုက်သည်။ သာ၍မြင့်မားသောချစ်ခြင်းမေတ္တာတရားက အကန့်အသတ်မရှိသောဘုရားရေးရာမေတ္တာပြစေသည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ