ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နမူနာဆုတောင်းချက်နဲ့အညီ အသက်ရှင်နေထိုင်ပါ—အပိုင်း ၁
    ကင်းမျှော်စင်—၂၀၁၅ | ဇွန် ၁၅
    • “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ”

      ၄။ “ကျွန်ုပ်တို့အဖ” ဆိုတဲ့စကားက ဘာကို သတိရစေသလဲ။ ယေဟောဝါဟာ ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ရဲ့ဖခင် ဖြစ်သလဲ။

      ၄ ဆုတောင်းချက်ကို “ကျွန်ုပ်တို့အဖ” ဆိုတဲ့စကားနဲ့ ယေရှု အစပြုခဲ့တယ်။ ဒီအချက်က ယေဟောဝါဟာ ကမ္ဘာချီညီအစ်ကိုညီအစ်မအားလုံးရဲ့ ဖခင်ဖြစ်တယ်ဆိုတာ သတိရစေတယ်။ (၁ ပေ. ၂:၁၇) ကောင်းကင်မျှော်လင့်ချက်ရှိတဲ့ ဘိသိက်ခံတွေဟာ ဘုရားသခင့်သားတွေအဖြစ် မွေးစားခံရတယ်။ ဒါကြောင့် ယေဟောဝါဟာ ထူးခြားတဲ့နည်းနဲ့ သူတို့ရဲ့ဖခင် ဖြစ်တယ်။ (ရော. ၈:၁၅-၁၇) မြေကြီးမျှော်လင့်ချက်ရှိသူတွေလည်း ယေဟောဝါကို “အဖ” လို့ခေါ်နိုင်တယ်။ ကိုယ်တော်က သူတို့ကို အသက်ပေးထားတယ်။ လိုအပ်ရာတွေကို မေတ္တာပါပါ ပြင်ဆင်ပေးထားတယ်။ သူတို့ဟာ စုံလင်လာပြီးနောက်၊ နောက်ဆုံးစမ်းသပ်မှုမှာ ယေဟောဝါဘက် သစ္စာရှိရှိရပ်တည်ပြီးနောက် “ဘုရားသခင့်သားသမီး” တွေလို့ အခေါ်ခံရပါလိမ့်မယ်။—ရော. ၈:၂၁; ဗျာ. ၂၀:၇၊ ၈။

  • နမူနာဆုတောင်းချက်နဲ့အညီ အသက်ရှင်နေထိုင်ပါ—အပိုင်း ၁
    ကင်းမျှော်စင်—၂၀၁၅ | ဇွန် ၁၅
    • “ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ”

      ၇။ ကျွန်တော်တို့ ဘယ်အခွင့်ထူး ရရှိထားသလဲ။ ဘာလုပ်ဆောင်ရမလဲ။

      ၇ ဘုရားသခင့်နာမည်ကို သိရှိခွင့်၊ “နာမတော်အတွက်လူမျိုး” ဖြစ်ခွင့်ကို ကျွန်တော်တို့ ရရှိထားတယ်။ (တ. ၁၅:၁၄; ဟေရှာ. ၄၃:၁၀) “ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ” လို့ ကျွန်တော်တို့ ဆုတောင်းကြတယ်။ ယေဟောဝါကို ရှုတ်ချစရာဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမှ မပြုမိ၊ မပြောမိအောင် ကူညီပေးဖို့လည်း ဆုတောင်းကြတယ်။ ဟောတဲ့အတိုင်း မလုပ်ဆောင်ခဲ့တဲ့ ပထမရာစုခရစ်ယာန်တချို့လို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ “လူမျိုးခြားတို့သည် သင်တို့ကြောင့် ဘုရားသခင်၏နာမတော်ကို စော်ကားတတ်ကြ၏” လို့ ပေါလု ပြောခဲ့တယ်။—ရော. ၂:၂၁-၂၄။

      ၈၊ ၉။ ယေဟောဝါရဲ့ နာမည် သန့်ရှင်းမြင့်မြတ်စေချင်သူတွေကို ကိုယ်တော် ဘယ်လိုကူညီပေးသလဲ။ ဥပမာပေးပါ။

      ၈ ယေဟောဝါရဲ့နာမည်ကို ဂုဏ်တင်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားကြတယ်။ ခင်ပွန်းသေဆုံးချိန်မှာ နှစ်နှစ်အရွယ် သားတစ်ယောက်နဲ့ကျန်ရစ်ခဲ့တဲ့ နော်ဝေးနိုင်ငံက ညီအစ်မတစ်ယောက် အခုလိုပြောတယ်– “ဘဝမှာ အခက်ခဲဆုံးအချိန်ပဲ။ စိတ်တည်ငြိမ်အောင်ထိန်းနိုင်ဖို့ နေ့တိုင်း၊ နာရီတိုင်းလိုလို ကျွန်မဆုတောင်းတယ်။ ဒါမှ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အမှားတွေ၊ သစ္စာမဲ့မှုတွေကြောင့် ယေဟောဝါကို ကဲ့ရဲ့ဖို့ စာတန်ကို အခွင့်မပေးမိမှာဖြစ်တယ်။ ယေဟောဝါရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေချင်တယ်။ သားလေးကို ပရဒိသုမှာ သူ့အဖေနဲ့ ပြန်ဆုံစေချင်တယ်။”—သု. ၂၇:၁၁။

      ၉ ဒီညီအစ်မရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးခဲ့သလား။ အဖြေပေးခဲ့ပါတယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ ပုံမှန်ပေါင်းသင်းတဲ့အတွက် သူ ခွန်အားရလာတယ်။ ငါးနှစ်ကြာပြီးနောက် အကြီးအကဲတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တယ်။ အခု အသက် ၂၀ ရှိပြီဖြစ်တဲ့ သူ့သားဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကိုဖြစ်နေပြီ။ “သားလေးကို ပြုစုပျိုးထောင်နိုင်ဖို့ ကျွန်မရဲ့အမျိုးသား ကူညီပေးခဲ့လို့ သိပ်ပျော်တာပဲ” လို့ သူပြောတယ်။

      ၁၀။ ဘုရားသခင်က သူ့နာမည်ကို ဘယ်လို လုံးလုံးလျားလျား သန့်ရှင်းမြင့်မြတ်စေမလဲ။

      ၁၀ ယေဟောဝါက သူ့ကို ရှုတ်ချဂုဏ်ဖျက်သူတွေ၊ အုပ်စိုးရှင်အဖြစ် ငြင်းပယ်သူတွေကို ဖျက်ဆီးချိန်မှာ နာမတော်ကို လုံးလုံးလျားလျား သန့်ရှင်းမြင့်မြတ်စေပါလိမ့်မယ်။ (ယေဇကျေလ ၃၈:၂၂၊ ၂၃ ကိုဖတ်ပါ။) အဲဒီအချိန်မှာ လူသားတွေ စုံလင်လာပါလိမ့်မယ်။ ကောင်းကင်နဲ့ မြေကြီးမှာရှိသူတိုင်း ယေဟောဝါကို ဝတ်ပြုကိုးကွယ်ပြီး ကိုယ်တော်ရဲ့ သန့်ရှင်းတဲ့နာမည်ကို ဂုဏ်တင်ကြပါလိမ့်မယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ မေတ္တာရှင်ဖခင်ဟာ “လူခပ်သိမ်း၌ အရာခပ်သိမ်းဖြစ်” လာပါလိမ့်မယ်။—၁ ကော. ၁၅:၂၈။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ