ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၉/၁၅ စာ. ၈-၁၀
  • ဆုတောင်းချက်များ နားညောင်းရန် သေချာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းချက်များ နားညောင်းရန် သေချာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော”
  • “နိုင်ငံတော်တည်ထောင်ပါစေသော”
  • “အလိုတော် . . . ပြည့်စုံပါစေသော”
  • နိုင်ငံတော်အုပ်စိုးသောအခါ
  • ‘သခင်၊ ဆုတောင်းခြင်းငှာ အကျွန်ုပ်တို့အား နည်းပေးတော်မူပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • နမူနာဆုတောင်းချက်နဲ့အညီ အသက်ရှင်နေထိုင်ပါ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မည်သူတို့၏ ဆုတောင်းချက်များ ဖြေကြားခြင်းခံရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘုရားသခင် နားညောင်းတော်မူသော ဆုတောင်းချက်များအကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၉/၁၅ စာ. ၈-၁၀

ဆုတောင်းချက်များ နားညောင်းရန် သေချာ

နားညောင်းခံရရန် သေချာသည့်ဆုတောင်းချက်များ ရှိပါသည်။ ယင်းတို့၏အဓိကအချက်များကို ယေရှုခရစ်သည်မိမိတပည့်များအား ပေးခဲ့သောနမူနာတွင် ကွင်းကွင်းကွက်ကွက် ဖော်ပြထားသည်။ ကိုယ်တော်က “သင်တို့ဆုတောင်းရမည်မှာ၊ ‘ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။’ ”—⁠မဿဲ ၆:၉-၁၃။

ယေရှု၏နမူနာဆုတောင်းချက်မှ ထိုစကားများသည် အကြိမ်ပေါင်းသန်းချီ၍ ရွတ်ဆိုခဲ့ကြပြီးဖြစ်သည်။ ခရစ်တော်ကသူ၏စစ်မှန်သောနောက်လိုက်များအား ထိုသို့သောဆုတောင်းချက်ကို ရွတ်ဆိုဖို့ရန်သာ မရည်စူးခဲ့သော်လည်း၊ အလားတူသဘောထားနှင့် တောင်းလျှောက်သံကို အမှန်ပင်ဖြေကြားပါလိမ့်မည်။ (မဿဲ ၆:၇၊ ၈) သို့ဖြစ်လျှင်ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသောဟုဆိုရာ၌ ဘာကိုဆိုလိုသနည်း။ ကိုယ်တော်၏နိုင်ငံတော်လာရန် ဘာကြောင့်ဆုတောင်းရမည်နည်း။ ဘုရားသခင်၏အလိုတော်ပြည့်စုံရန် အဘယ်ကြောင့်တောင်းလျှောက်ရမည်နည်း။

“နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော”

“မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား” ယေဟောဝါသည် “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဘ” အဖြစ်ကိုယ်တော်ရည်ညွှန်းသော ပုဂ္ဂိုလ်ဖြစ်သည်။ (ဆာလံ ၈၃:၁၈) ဣသရေလများကို အီဂျစ်ချုပ်နှောင်မှုမှကယ်လွှတ်ကာ၊ ပဋိညာဉ်ဖွဲ့ခြင်းဖြင့် ဘုရားရှင်သည်သူတို့၏ “မွေးသဖခင်” ဖြစ်ခဲ့သည်။ (တရားဟောရာ ၃၂:၆၊ ၁၈။ ထွက်မြောက်ရာ ၄:၂၂။ ဟေရှာယ ၆၃:၁၆) ယနေ့တွင်ဘိသိက်ခံခရစ်ယာန်များသည် ယေဟောဝါကိုသူတို့၏ဖခင်အဖြစ် မြတ်နိုးစွာခံယူသည်။ (ရောမ ၈:၁၅) မြေကြီးမျှော်လင့်ချက်ရှိသော သူတို့၏အပေါင်းအဖော်တို့သည်လည်း အလားတူပင်ယေဟောဝါဘုရားရှင်အား သူတို့၏ဖခင်အဖြစ် တောင်းလျှောက်ကြသည်။—⁠ယောဟန် ၁၀:၁၆။ ဗျာဒိတ် ၇:၁-၉။

သို့သော်ဘုရားသခင့်နာမကို ရိုသေလေးမြတ်ရန် အဘယ်ကြောင့်တောင်းလျှောက်ရသနည်း။ အကြောင်းမှာ၊ ဧဒင်ဥယျာဉ်တွင် ပထမလူမောင်နှံတို့၏ ပုန်ကန်ချိန်မှစ၍ နာမတော်အပေါ် ရှုတ်ချမှုဖြစ်ပေါ်ခဲ့သည်။ ထိုသို့သောဆုတောင်းချက်များကိုဖြေကြားလျက်၊ ယေဟောဝါသည် မိမိ၏အောက်မေ့ဖွယ်နာမတော်အပေါ် ရှုတ်ချမှုဟူသမျှကို ပယ်ရှင်းတော်မူမည်။ (ဆာလံ ၁၃၅:၁၃) ကိုယ်တော်သည် ဆိုးယုတ်မှုကိုမြေကြီးမှဖယ်ရှင်းခြင်းဖြင့် ယင်းကိုပြုတော်မူမည်။ ထိုအချိန်နှင့်စပ်လျဉ်း၍ ဘုရားရှင်သည်ပရောဖက်ယေဇကျေလအားဖြင့် မိန့်ကြားတော်မူခဲ့သည်။ “ငါသည်ကိုယ်ကိုချီးမြှောက်၍ ရိုသေဖွယ်သော ဂုဏ်လက္ခဏာကိုပြလျက် များစွာသောလူမျိုးတို့ရှေ့မှာ ထင်ရှားသောအခါငါသည် [ယေဟောဝါ] ဖြစ်ကြောင်းကိုသူတို့ သိရကြလိမ့်မည်။”—⁠ယေဇကျေလ ၃၈:၂၃။

ယေဟောဝါဘုရားရှင်သည် သန့်ရှင်း၍စင်ကြယ်၏။ ထို့ကြောင့်ကိုယ်တော်၏နာမကို ရိုသေလေးမြတ်ရမည် သို့မဟုတ် သန့်ရှင်းသည့်အရာအဖြစ် သီးသန့်ထားရမည်။ ကိုယ်တော်သည် ဖန်ဆင်းရာအားလုံးရှေ့တွင် မိမိကိုယ်နှိုက်ကိုသန့်စင်စေခြင်းဖြင့် မိမိ၏သန့်ရှင်းခြင်းကို ပြသတော်မူမည်။ (ယေဇကျေလ ၃၆:၂၃) ကိုယ်တော်၏မျက်နှာသာနှင့် ထာဝရအသက်ရလိုသူများသည် ယေဟောဝါကိုစိုးရွံ့လျက် ကိုယ်တော်၏နာမကို အခြားအရာများအားလုံးမှ သီးခြားထားကာ မြင့်မားစွာစွဲကိုင်ခြင်းအားဖြင့် သန့်စင်လေးမြတ်ရမည်။ (ဝတ်ပြုရာ ၂၂:၃၂။ ဟေရှာယ ၈:၁၃။ ၂၉:၂၃) ထိုသို့နှင့်အညီ၊ ယေရှုသည်မိမိ၏နောက်လိုက်များအား “ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” သို့မဟုတ် “မြင့်မြတ်စွာစွဲကိုင်ရန်၊ သန့်ရှင်းသည့်အရာအဖြစ် ဆက်ဆံရန်” မိန့်ဆိုခဲ့သည်။ ဘုရားရှင်သည် ဤယေရှု၏နမူနာဆုတောင်းချက်အပိုင်းကို နားညောင်းမည့်အကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။

“နိုင်ငံတော်တည်ထောင်ပါစေသော”

ယေရှုကမိမိနောက်လိုက်များအား၊ “နိုင်ငံတော်တည်ထောင်ပါစေသော” ဟူ၍လည်း တောင်းလျှောက်ခိုင်းခဲ့သည်။ ဘုရားနိုင်ငံတော်ရောက်ရှိရန်အတွက် ဆုတောင်းချက်များကိုလည်း အမှန်ပင်ဖြေကြားတော်မူမည်။ နိုင်ငံတော်သည် မိမိ၏သားတော်ယေရှုခရစ်နှင့်တွဲဖက်ဖြစ်သော “သန့်ရှင်းသူများ” ၏လက်တွင်ရှိသည့် ကောင်းကင်မေရှိယအစိုးရအားဖြင့်ဖော်ပြသော ယေဟောဝါ၏အချုပ်အခြာအုပ်ချုပ်ရေးဖြစ်သည်။ (ဒံယေလ ၇:၁၃၊ ၁၄၊ ၁၈၊ ၂၂၊ ၂၇။ ဟေရှာယ ၉:၆၊ ၇) ယေရှုသည် ကောင်းကင်ဘုရင်အဖြစ် ၁၉၁၄ တွင်နန်းတက်ကြောင်း ယေဟောဝါသက်သေများသည် ကျမ်းစောင်များမှ သက်သေထူခဲ့သည်မှာ ကြာခဲ့ပေပြီ။ သို့ဖြစ်လျှင်၊ နိုင်ငံတော် “တည်ထောင် (လာ) ရန်တစ်ဦးတစ်ယောက်သည် တောင်းလျှောက်သင့်ပါသလော။”

နိုင်ငံတော်လာရန်တောင်းလျှောက်ခြင်းသည် အမှန်တွင်ဘုရားအုပ်ချုပ်ရေး၏ မြေကြီးပေါ်ရှိရန်သူများအားလုံးတစ်ဖက်၌ ရောက်ရှိလာရန်တောင်းလျှောက်ခြင်းကိုဆိုလိုသည်။ ယခုမကြာမီ “ [ဘုရားသခင်] နိုင်ငံသည် . . . [မြေကြီး] နိုင်ငံရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၄) ယင်းလုပ်ရပ်သည် ယေဟောဝါ၏သန့်ရှင်းသောနာမ သန့်စင်လေးမြတ်ရေးအတွက် ဖြစ်စေပါလိမ့်မည်။

“အလိုတော် . . . ပြည့်စုံပါစေသော”

ယေရှုကဆက်လက်၍ မိမိ၏တပည့်များအား၊ “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုဆုတောင်းရန် ညွှန်ကြားခဲ့သည်။ ယင်းသည်ယေဟောဝါအနေနှင့် မြေကြီးအတွက်ကိုယ်တော်၏အလိုတော်နှင့်အညီလုပ်ဆောင်ရန် တောင်းဆိုခြင်းဖြစ်သည်။ ယင်းသည်ဆာလံဆရာ၏ဖော်ပြချက်နှင့် အလားတူလေသည်။ “ [ယေဟောဝါ] သည်ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ နက်နဲရာအရပ်ရပ်တို့၌ အလိုတော်ရှိသမျှတို့ကို ပြုတော်မူ၏။ မြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေတော်မူ၏။ မိုးနှင့်တကွလျှပ်စစ်ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကိုထုတ်တော်မူ၏။ အဲဂုတ္တုပြည်၌လူမှစ၍ တိရစ္ဆာန်တိုင်အောင် သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။ အိုအဲဂုတ္တုပြည်၊ သင်၏အထဲမှာဖာရောမင်းမှစ၍ သူ၏ကျွန်အပေါင်းတို့၏အပေါ်သို့ လက္ခဏာသက်သေ၊ အံ့ဖွယ်သောအမှုတို့ကို စေလွှတ်တော်မူ၏။ . . . ဘုန်းကြီးသောရှင်ဘုရင်များကိုကွပ်မျက်၍ များပြားသောလူမျိုး . . . တို့ကိုလုပ်ကြံ” လေသည်။ —⁠ဆာလံ ၁၃၅:၆-၁၀။

ယေဟောဝါ၏အလိုတော်သည် ဤမြေကြီးပေါ်တွင်ပြည့်စုံရန်ဆုတောင်းခြင်းသည် ကိုယ်တော်သည်ဤကမ္ဘာအပေါ်မိမိ၏ရည်ရွယ်ချက်ကို လုပ်ဆောင်သွားရန် တောင်းဆိုနေခြင်းဖြစ်သည်။ ယင်းတွင်ကိုယ်တော်ကိုဆန့်ကျင်သူများအား ထာဝစဉ်ပယ်ရှားပစ်ခြင်းပါဝင်၍ ရှေးခေတ်ကကိုယ်တော်သည် သူတို့အားအသေးစားပြည့်စုံချက်အဖြစ် ဖယ်ရှားခဲ့သကဲ့သို့ဖြစ်သည်။ (ဆာလံ ၈၃:၉-၁၈။ ဗျာဒိတ် ၁၉:၁၉-၂၁) မြေကြီးနှင့်စကြဝဠာတစ်ဝန်းလုံးတွင် ယေဟောဝါ၏အလိုတော်ပြည့်စုံရန် တောင်းလျှောက်ချက်များသည် အမှန်ပင်ဖြေကြားခံရမည်။

နိုင်ငံတော်အုပ်စိုးသောအခါ

ယနေ့လူ့အဖွဲ့အစည်းတွင် ဆိုးယုတ်မှုပျံ့နှံ့နေသော်လည်း ဘုရားနိုင်ငံတော်သည် အုပ်ချုပ်လျက်အလိုတော်သည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံ၌ကဲ့သို့ပြည့်စုံသောအခါ ကျွန်ုပ်တို့ဘာကိုမျှော်လင့်နိုင်သနည်း။ တမန်တော်ပေတရုအရ “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုငါတို့သည် [ဘုရားသခင်] ကတိတော်နှင့်အညီမျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) “ကောင်းကင်သစ်” သည်ကောင်းကင်နိုင်ငံတွင် ဖြောင့်မတ်သောဝိညာဏအုပ်ချုပ်ရှင်များဖြစ်သည့် ယေရှုခရစ်နှင့် ၁၄၄,၀၀၀ သောပူးတွဲအမွေခံများဖြစ်သည်။ (ရောမ ၈:၁၆၊ ၁၇။ ဗျာဒိတ် ၁၄:၁-၅၊ ၂၀:၄-၆) “မြေကြီးသစ်” သည်နောက်ထပ်ကမ္ဘာမြေကြီးတစ်ခုမဟုတ်ချေ။ သို့အစား၊ ယင်းသည်မြေကြီးပေါ်တွင် နေထိုင်နေသော ဖြောင့်မတ်သည့်လူ့ဘောင်ဖြစ်သည်။—⁠ဆာလံ ၉၆:၁ နှင့်နှိုင်းယှဉ်။

နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင်၊ မြေကြီးသည် ကမ္ဘာချီပရဒိသုအဖြစ် ပြောင်းလဲခံရမည်။ (လုကာ ၂၃:၄၃) ထိုအခါတွင်စစ်မှန်သောငြိမ်သက်ခြင်းနှင့်ကြွယ်ဝမှုကို နာခံသောလူသားအားလုံးခံစားရမည်။ (ဆာလံ ၇၂:၁-၁၅။ ဗျာဒိတ် ၂၁:၁-၅) အကယ်၍သင်သည် နာခံသောမြေကြီးလက်အောက်ခံသားများအပေါ်ရှိ မေရှိယအုပ်ချုပ်ရေးကို သစ္စာရှိရှိထောက်ခံသူတစ်ဦးဖြစ်လျှင် ထိုပျော်ရွှင်သောလူစုလူဝေးတွင် သင်ပါဝင်နိုင်ပေမည်။ ထိုအုပ်ချုပ်ရေးကိုထောက်ခံသူများသည် ယေဟောဝါ၏နာမတော် ရိုသေလေးမြတ်ခြင်းရှိရန်၊ ကိုယ်တော်၏နိုင်ငံတော်လာရန်နှင့် ကိုယ်တော်၏အလိုတော်ပြည့်စုံရန် အားတက်သရောတောင်းလျှောက်ကြသည်။ ဤနှလုံးသားထဲမှဆုတောင်းချက်များသည် အမှန်ပင်နားညောင်းခံရပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ