-
စစ်မှန်တဲ့အောင်မြင်မှုကို ရှာဖွေပါကင်းမျှော်စင်—၂၀၁၂ | ဒီဇင်ဘာ ၁၅
-
-
၁၃။ ဘဏ္ဍာစုဆောင်းခြင်းနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။
၁၃ ဘဏ္ဍာနဲ့ပတ်သက်ပြီး ယေရှု ဒီလိုပြောခဲ့တယ်– “သံချေး၊ ပိုးရွ ဖျက်ဆီးတတ်၍ သူခိုးထွင်းဖောက်ခိုးယူတတ်သည့် မြေကြီးပေါ်မှာ ဘဏ္ဍာကို မစုဆောင်းကြနှင့်တော့။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုး မထွင်းမဖောက် မခိုးမယူတတ်သော ကောင်းကင်ဘုံ၌ သင်တို့၏ဘဏ္ဍာကို စုဆောင်းကြလော့။ အကြောင်းမူကား သင်၏ဘဏ္ဍာရှိရာအရပ်တွင် သင်၏စိတ်နှလုံးလည်း ရောက်တတ်၏။”—မ. ၆:၁၉-၂၁။
-
-
စစ်မှန်တဲ့အောင်မြင်မှုကို ရှာဖွေပါကင်းမျှော်စင်—၂၀၁၂ | ဒီဇင်ဘာ ၁၅
-
-
၁၅။ ဘယ်အောင်မြင်မှုမျိုးကိုရဖို့ ကျွန်ုပ်တို့ ကြိုးစားအားထုတ်သင့်သလဲ။
၁၅ တချို့ဘာသာရေးခေါင်းဆောင်တွေက အောင်မြင်မှုရဖို့ ကြိုးစားအားထုတ်တာဟာ မှားတယ်လို့ ဟောကြတယ်။ ဒါပေမဲ့ အောင်မြင်မှုရဖို့ ကျွန်ုပ်တို့ မကြိုးစားသင့်ဘူးလို့ ယေရှုမပြောခဲ့ဘူး။ မှန်ကန်တဲ့အောင်မြင်မှုမျိုး ရဖို့ ကြိုးစားသင့်တယ်လို့ တပည့်တွေကို ပြောခဲ့တယ်။ ထာဝစဉ်တည်မြဲတဲ့ ‘ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုစုဆောင်း’ ဖို့ ယေရှု အားပေးခဲ့တယ်။ ကျွန်ုပ်တို့ အလိုချင်ဆုံးအရာက ယေဟောဝါအမြင်မှာ အောင်မြင်တဲ့အရာ ဖြစ်သင့်တယ်။ ဘဝမှာ ဘယ်အရာအတွက် ကြိုးစားလုပ်ဆောင်မယ်ဆိုတာ လူတစ်ဦးစီက ရွေးချယ်ရမှာဖြစ်တယ်လို့ ယေရှုရဲ့စကားတွေက သတိပေးတယ်။ အမှန်တရားကတော့ ကျွန်ုပ်တို့နှလုံးထဲမှာရှိတဲ့အရာ ဒါမှမဟုတ် ကျွန်ုပ်တို့ တန်ဖိုးအထားဆုံးအရာကိုရယူဖို့ ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားမှာဖြစ်တယ်။
၁၆။ ဘယ်အရာကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သလဲ။
၁၆ ယေဟောဝါရဲ့နှစ်သက်မှုကိုရဖို့ ကြိုးစားမယ်လို့ ကျွန်ုပ်တို့ ရွေးချယ်တယ်ဆိုရင် ကျွန်ုပ်တို့လိုအပ်တဲ့အရာတွေကို ကိုယ်တော်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ တမန်တော်ပေါလုလိုပဲ ကျွန်ုပ်တို့လည်း တစ်ခါတလေ စားစရာ၊ သောက်စရာမရှိတာမျိုး ကြုံတွေ့ရနိုင်တယ်။ (၁ ကော. ၄:၁၁) ဒါပေမဲ့ ယေရှုရဲ့ ဒီအကြံပြုချက်ကို ကျွန်ုပ်တို့ လိုက်လျှောက်သင့်တယ်– “သို့ဖြစ်၍ ‘အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်း။ အဘယ်သို့ ဝတ်ရမည်နည်း’ ဟူ၍ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ ဤအရာများကို လူမျိုးခြားတို့သည် ကြိုးစား၍ ရှာဖွေတတ်ကြ၏။ ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏။ သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာလျက်နေကြလော့။ နောက်မှ ထိုအရာအားလုံးကို ထပ်၍ပေးတော်မူမည်။”—မ. ၆:၃၁-၃၃။
-