ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန် သန္နိဋ္ဌာန်ချပါ
    နိုးလော့!—၂၀၀၇ | ဇွန်
    • ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန် သန္နိဋ္ဌာန်ချပါ

      ရုပ်ပစ္စည်းတွင်ချမ်းသာကြွယ်ဝရန် အပြင်းအထန် အားထုတ်ကြိုးပမ်းကာ အနစ်နာခံဖို့လိုပေသည်။ ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန်လည်း အလားတူပင်။ “ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့” ဟုယေရှုမိန့်ဆိုခဲ့စဉ်က ယင်းကို ကိုယ်တော်ရည်ညွှန်းခဲ့၏။ (မဿဲ ၆:၂၀) ဝိညာဉ်ရေးကြွယ်ဝမှုသည် အလိုအလျောက် မဖြစ်လာနိုင်ချေ။ လူတစ်ဦးသည် ဘဏ်စာရင်းတစ်ခုရှိရုံနှင့် ချမ်းသာကြွယ်ဝလာမည်မဟုတ်သကဲ့သို့ ဘာသာတရားရှိကာမျှနှင့်လည်း ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝလာမည်မဟုတ်ချေ။ ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်း၊ ဝိညာဉ်ရေးစိတ်ဓာတ်ရှိသူတစ်ဦးအဖြစ် တိုးတက်လာခြင်း၊ ဝိညာဉ်ရေးဆိုင်ရာအရည်အသွေးများ ပြည့်ဝလာခြင်းတို့တွင် သန္နိဋ္ဌာန်၊ အချိန်၊ အပြင်းအထန် အားထုတ်ကြိုးပမ်းမှုနှင့် အနစ်နာခံမှုတို့လိုအပ်ပေသည်။—သု. ၂:၁-၆။

  • ဝိညာဉ်ရေးတွင် ချမ်းသာကြွယ်ဝရန် သန္နိဋ္ဌာန်ချပါ
    နိုးလော့!—၂၀၀၇ | ဇွန်
    • အလွန်များပြားလှသည့် အကျိုးကျေးဇူးများ

      သူခိုးများ ခိုးယူသွားနိုင်သည့် မြေကြီးပေါ်ရှိဘဏ္ဍာနှင့်မတူဘဲ ဝိညာဉ်ရေးဘဏ္ဍာမှာ အမြဲတည်နိုင်ပေသည်။ (သု. ၂၃:၄၊ ၅; မဿဲ ၆:၂၀) ဝိညာဉ်ရေးတိုးတက်မှုကို တိုင်းတာရခက်သည်မှာ မှန်ပါသည်။ လူတစ်ဦး၏ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ယုံကြည်ခြင်းတို့တွင် တိုးပွားမှုကို သိရှိရန်မှာ လူတစ်ဦး၏ ငွေကြေးတိုးများလာမှုကို သိရှိသလောက် မလွယ်ကူချေ။ သို့သော် ဝိညာဉ်ရေးကြွယ်ဝမှု၏ အကျိုးကျေးဇူးများကား တိုင်းတာ၍မရလောက်အောင် အလွန်များပြားလှပေသည်။ ဝိညာဉ်ရေးရာများကို ဦးစားပေးရန် မိမိတို့၏အသက်မွေးလုပ်ငန်း၊ မိမိတို့၏အိမ်၊ လယ်ယာများကိုပင် စွန့်လွှတ်ခဲ့ကြသည့် တပည့်များအား ယေရှု ဤသို့မိန့်ဆိုခဲ့လေသည်– “ငါအမှန်ဆိုသည်ကား ငါ့နာမနှင့် သတင်းကောင်းကြောင့် အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာတည်းဟူသော တစ်ပါးပါးကို စွန့်သောသူသည် ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အဆတစ်ရာသော အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာတို့ကိုရမည့်အပြင် အနာဂတ်ကာလတွင် ထာဝရအသက်ကိုလည်း ရလိမ့်မည်။”—မာကု ၁၀:၂၉၊ ၃၀၊ ကဘ။

      သင့်အသက်တာတွင် အဘယ်အရာကို ဦးစားထားမည်နည်း။ ဘုရားသခင်လော၊ စည်းစိမ်ဥစ္စာလော။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ