ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • “ဘုရားသခင့်အထံတော်မှဖြစ်သောပညာ” ကို ယေရှုဖော်ပြ
    ယေဟောဝါထံ ချဉ်းကပ်လော့
    • ၆-၈။ (က) စိုးရိမ်ပူပန်မှုကိုရှောင်ရှားရန် အဘယ်စိတ်ဝင်စားဖွယ်အကြောင်းကောင်းများကို ယေရှုပေးသနည်း။ (ခ) ယေရှု၏ဆုံးမစကားသည် အထက်မှသက်ရောက်သောပညာဖြစ်ကြောင်း အဘယ်အရာကဖော်ပြသနည်း။

      ၆ ဥပမာ၊ မဿဲ အခန်းကြီး ၆ တွင်ဖော်ပြထားသည့် ပစ္စည်းဥစ္စာအတွက် စိုးရိမ်ပူပန်ခြင်းကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ယေရှု၏ပညာရှိဆုံးမစကားကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်က “အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်” ဟုအကြံပြုသည်။ (အခန်းငယ် ၂၅) အစားအစာနှင့် အဝတ်အစားသည် အခြေခံလိုအပ်ရာများဖြစ်၏၊ ဤအရာတို့ကိုရရှိဖို့ စိုးရိမ်ပူပန်ခြင်းသည် ဓမ္မတာပင်။ သို့သော် ယေရှုက ထိုအရာများအတွက် “မစိုးရိမ်ကြ” ရန် မိန့်မှာခဲ့သည်။b အဘယ်ကြောင့်နည်း။

      ၇ ခိုင်လုံစွာ ယေရှုရှင်းပြစဉ် နားထောင်ပါ။ ယေဟောဝါသည် ကျွန်ုပ်တို့ကို အသက်နှင့် ကိုယ်ခန္ဓာတစ်ခုပေးသနားထားသဖြင့် အသက်ဆက်ရှင်ဖို့ လိုအပ်သောအစာနှင့် ထိုကိုယ်ခန္ဓာအတွက် အဝတ်အထည် မပေးနိုင်ဘဲနေပါမည်လော။ (အခန်းငယ် ၂၅) ဘုရားသခင်သည် ငှက်တို့ကိုစားစရာပေး၍ ပန်းပွင့်များကို အလှအပနှင့်တန်ဆာဆင်ပေးလျှင် မိမိအားကိုးကွယ်ဝတ်ပြုသူ လူ့မိသားစုကြီးကို ထိုထက်မက ဂရုစိုက်စောင့်ရှောက်လိမ့်မည်ဖြစ်သည်! (အခန်းငယ် ၂၆၊ ၂၈-၃၀) အမှန်မှာ အစိုးရိမ်လွန်ခြင်းသည် အကျိုးမရှိပါ။ စိုးရိမ်ခြင်းဖြင့် ကျွန်ုပ်တို့၏အသက်ကို တစ်တောင်ခန့်မျှပင် တိုး၍မရှည်စေနိုင်ပေ။c (အခန်းငယ် ၂၇) သို့ဖြစ်သောကြောင့် စိုးရိမ်ပူပန်မှုကို ကျွန်ုပ်တို့ မည်သို့ရှောင်ရှားနိုင်သနည်း။ ကျွန်ုပ်တို့ကို ယေရှုဤသို့ဆုံးမသည်– ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းကို ဘဝတွင် ဆက်၍ဦးစားပေးပါ။ ထိုသို့ပြုသူတို့သည် သူတို့၏နေ့စဉ်အသက်တာ၌ လိုအပ်ရာများကို ကောင်းကင်ခမည်းတော် “ထပ်၍ပေးတော်မူ” မည်အကြောင်း ယုံကြည်စိတ်ချနိုင်သည်။ (အခန်းငယ် ၃၃) အဆုံး၌ ယေရှုက တစ်နေ့တာအတွက်ပဲ စဉ်းစားပါဟူသည့် လက်တွေ့အကျဆုံး အကြံဉာဏ်ကိုပေးခဲ့သည်။ နက်ဖြန်နေ့၏စိုးရိမ်ပူပန်မှုတို့ကို ယနေ့ အဘယ်ကြောင့်ထပ်ဆင့်ဖြည့်စွက်ရမည်နည်း။ (အခန်းငယ် ၃၄) ထို့အပြင် ဖြစ်ချင်မှဖြစ်မည့်အရာတို့အတွက် အဘယ်ကြောင့် အလွန်အမင်းပူပန်ရမည်နည်း။ ဤပညာရှိဆိုဆုံးမစကားကို လိုက်လျှောက်ခြင်းက ဖိစီးမှုအပြည့်ရှိ ဤကမ္ဘာပေါ်တွင် ဝမ်းနည်းပူဆွေးမှုကင်းဝေးစေနိုင်သည်။

  • “ဘုရားသခင့်အထံတော်မှဖြစ်သောပညာ” ကို ယေရှုဖော်ပြ
    ယေဟောဝါထံ ချဉ်းကပ်လော့
    • b “စိုးရိမ်ပူပန်သည်” ဟု ပြန်ဆိုထားသောဂရိကြိယာမှာ “စိတ်အနှောင့်အယှက်ဖြစ်စေသည်” ဟု အဓိပ္ပာယ်ရ၏။ မဿဲ ၆:၂၅ တွင်အသုံးပြုထားသည့်အတိုင်းဆိုလျှင် ယင်းက စိတ်ရှုပ်ထွေးစေသည့်၊ စိတ်စနိုးစနောင့်ဖြစ်စေသည့် စိုးရိမ်ကြောင့်ကြမှုကိုရည်ညွှန်း၍ ဘဝမှရွှင်လန်းမှုကိုပင် ပျောက်ဆုံးသွားစေနိုင်သည်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ