ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၁ စာ. ၁၅
  • စိုးရိမ်ပူပန်ခြင်းမရှိနှင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိုးရိမ်ပူပန်ခြင်းမရှိနှင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဿဲ ၆:၃၄—“နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • အနာဂတ်ကိုရည်မျှော်လျက် အသက်ရှင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ
    လူငယ်များအမေး
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၁ စာ. ၁၅

ဒီနေ့ခေတ်လူတွေအတွက် ရှေးခေတ်ပညာရှိစကား

စိုးရိမ်ပူပန်ခြင်းမရှိနှင့်

ကျမ်းစာလမ်းညွှန်ချက်– “သင်တို့၏အသက်အတွက် မစိုးရိမ်ကြနှင့်တော့။”—မဿဲ ၆:၂၅။

ငွေလက်ခံပြေစာကို စိုးရိမ်တကြီးကြည့်နေတဲ့ အမျိုးသမီး

ဘာကိုဆိုလိုတာလဲ။ ဒီစကားတွေကို ကျော်ကြားတဲ့တောင်ပေါ်တရားတော်မှာ ယေရှုပြောခဲ့တာဖြစ်တယ်။ ကျမ်းစာအဘိဓာန်တစ်အုပ်အရ “စိုးရိမ်တယ်” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “နေ့စဉ်ကြုံတွေ့နေတဲ့ ဆင်းရဲမွဲတေမှု၊ ဆာလောင်မှု၊ တခြားပြဿနာတွေကြောင့် လူတစ်ဦးမှာဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်” လို့လည်း အဓိပ္ပာယ်ရှိပါတယ်။ နောင်ရေးအတွက် စိုးရိမ်တာကလည်း စိုးရိမ်ပူပန်ခြင်းတစ်မျိုးပါပဲ။ စားဝတ်နေရေးအတွက်၊ ကိုယ်ချစ်မြတ်နိုးရသူတွေရဲ့ ကောင်းကျိုးအတွက် စိုးရိမ်တာက လူ့သဘာဝဖြစ်ပြီး မမှားပါဘူး။ (ဖိလိပ္ပိ ၂:၂၀) ဒါပေမဲ့ “ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်” လို့ ယေရှုပြောတာက အလွန်အမင်းမစိုးရိမ်ဖို့ တပည့်တွေကို အကြံပေးနေတာဖြစ်တယ်။ ဒီနေ့ရဲ့ ပျော်ရွှင်မှုပျောက်သွားတဲ့အထိ မနက်ဖြန့်နေ့အတွက် တရားလွန်မစိုးရိမ်ဖို့ ကိုယ်တော် ပြောနေတာပါ။—မဿဲ ၆:၃၁၊ ၃၄။

ဒီနေ့ခေတ်အတွက် လက်တွေ့ကျသေးရဲ့လား။ ယေရှုရဲ့ အကြံပြုချက်ကို လိုက်နာတာက ပညာရှိရာရောက်တယ်။ ဘာကြောင့်လဲ။ အလွန်အမင်း စိုးရိမ်ပူပန်တတ်သူတွေဟာ ခန္ဓာကိုယ်တွင်းက အလိုအလျောက်ထိန်းချုပ်တဲ့ နာ့ဗ်ကြောစနစ် (sympathetic nervous system) တုံ့ပြန်မှုလွန်ကဲတာကြောင့် “ပြည်တည်နာ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်စတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်” လို့ အကိုးအကားစာပေတချို့မှာ ဖော်ပြထားတယ်။

အစိုးရိမ်လွန်ခြင်းကိုရှောင်သင့်တဲ့ အကြောင်းရင်းတွေကို ယေရှုပြောပြခဲ့တယ်– အစိုးရိမ်လွန်တာ အကျိုးမရှိဘူး။ “သင်တို့တွင် မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏သက်တမ်းကို တစ်တောင်မျှ တိုး၍ရှည်စေနိုင်သနည်း” လို့ ကိုယ်တော်ပြောခဲ့တယ်။ (မဿဲ ၆:၂၇) စိုးရိမ်လွန်းတာက အသက်ကို တစ်စက္ကန့်လေး ပိုရှည်အောင်၊ ပိုကျန်းမာအောင် မလုပ်ပေးနိုင်ပါဘူး။ ဒီအပြင်၊ ကိစ္စရပ်တိုင်းဟာ ကိုယ်စိုးရိမ်တဲ့အတိုင်း ဖြစ်မလာတာများပါတယ်။ ကျမ်းပညာရှင်တစ်ယောက် ဒီလိုပြောတယ်– “အနာဂတ်အတွက် စိုးရိမ်လွန်းတာက အကျိုးမရှိဘူး။ တကယ်ဖြစ်လာတဲ့အရာတွေက ကျွန်တော်တို့ ထင်ထားသလောက်လည်း မဆိုးပါဘူး။”

ဥယျာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး

စိုးရိမ်ပူပန်မှုကို ဘယ်လိုဖြေဖျောက်နိုင်မလဲ။ ဦးဆုံး၊ ဘုရားသခင်ကို ယုံကြည်ကိုးစားပါ။ ဘုရားသခင်က ငှက်တွေကိုအစားအစာပေး၊ ပန်းပွင့်လေးတွေကိုတောင် အလှဆင်ပေးတယ်ဆိုတော့ ဘဝမှာ ဘုရားသခင်ကို ဦးစားထားသူတွေ ဆက်အသက်ရှင်ဖို့ လိုအပ်ရာတွေကို မပေးဘဲနေပါ့မလား။ (မဿဲ ၆:၂၅၊ ၂၆၊ ၂၈-၃၀) ဒုတိယ၊ တစ်နေ့တာအတွက်သာ စဉ်းစားပါ။ “နက်ဖြန်နေ့အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့နှင့် သက်ဆိုင်သည့်စိုးရိမ်စရာများကို ထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည် ယနေ့အတွက် တော်လောက်ပေ၏” ဆိုတဲ့ ယေရှုစကားကို သင်သဘောတူမယ် မဟုတ်လား။—မဿဲ ၆:၃၄၊ ခမ။

ယေရှုရဲ့လမ်းညွှန်ချက်ကို လိုက်နာရင် ကိုယ့်အတွက်ထိခိုက်စေမယ့်အရာတွေကို ရှောင်နိုင်မှာဖြစ်တယ်။ ဒီအပြင်၊ “ဘုရားသခင်၏ ငြိမ်သက်ခြင်း” လို့ ကျမ်းစာမှာပြောထားတဲ့ စိတ်ငြိမ်သက်မှု ခံစားရပါလိမ့်မယ်။—ဖိလိပ္ပိ ၄:၆၊ ၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ