ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၂ စာ. ၃၄-စာ. ၃၅ ပိုဒ်. ၄
  • ယေရှုနှစ်ခြင်းခံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုနှစ်ခြင်းခံ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခံယူသော နှစ်ခြင်းမင်္ဂလာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ယေရှုကို ယောဟန်နှစ်ခြင်းပေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သင့်နှစ်ခြင်း၏ အဓိပ္ပာယ်
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ယေရှုခရစ်ကား မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၂ စာ. ၃၄-စာ. ၃၅ ပိုဒ်. ၄
နှစ်ခြင်းပေးဖို့ ယေရှုတောင်းဆိုတာကို ယောဟန်တားဆီး

အခန်း ၁၂

ယေရှု နှစ်ခြင်းခံ

မဿဲ ၃:၁၃-၁၇ မာကု ၁:၉-၁၁ လုကာ ၃:၂၁၊ ၂၂ ယောဟန် ၁:၃၂-၃၄

  • ယေရှု နှစ်ခြင်းခံပြီး ဘိသိက်ပေးခံရ

  • ယေရှုဟာ မိမိရဲ့သားဖြစ်ကြောင်း ယေဟောဝါကြေညာ

နှစ်ခြင်းပေးသူယောဟန် စဟောပြောပြီး ၆ လလောက်အကြာမှာ အသက် ၃၀ ရှိပြီဖြစ်တဲ့ ယေရှုဟာ ဂျော်ဒန်မြစ်မှာ ရှိနေတဲ့ ယောဟန်ဆီ ရောက်လာတယ်။ ဘာအတွက်လဲ။ အလည်အပတ်လာတာ မဟုတ်သလို ယောဟန်ရဲ့လုပ်ငန်း ဘယ်လောက် တိုးတက်နေမှန်း သိချင်လို့ လာတာလည်း မဟုတ်ဘူး။ ယောဟန်ဆီမှာ နှစ်ခြင်းခံဖို့ ရောက်လာတာ။

ယောဟန်က “ကျွန်တော့်ဆီမှာ နှစ်ခြင်းခံဖို့ လာတာလား။ ကျွန်တော်ကသာ ခင်ဗျားဆီမှာ နှစ်ခြင်းခံရမှာပါ” ဆိုပြီး တားတယ်။ (မဿဲ ၃:၁၄) ယေရှုဟာ ဘုရားရဲ့ အချစ်ဆုံးသားဆိုတာ ယောဟန်သိတယ်။ ယေရှုကို ကိုယ်ဝန်ဆောင်ထားတဲ့မာရိ ဧလိရှဗက်ဆီ လာလည်တဲ့အခါ ဧလိရှဗက်ဗိုက်ထဲမှာရှိတဲ့ယောဟန်က ပျော်လွန်းလို့ လှုပ်လှုပ်ရွရွဖြစ်ခဲ့တယ်ဆိုတာ သတိရပါ။ အဲဒီအကြောင်းကို ဧလိရှဗက်က ယောဟန်ကို ပြောပြခဲ့မှာပဲ။ ဒါ့အပြင် ယေရှုမွေးဖွားမယ့်အကြောင်း ကောင်းကင်တမန်ဂါဗြေလ မာရိကိုပြောခဲ့တာ၊ ယေရှုမွေးတဲ့ညမှာ သိုးထိန်းတွေရှေ့ ကောင်းကင်တမန်တွေပေါ်လာတာကိုလည်း ယောဟန်သိမှာပဲ။

ယောဟန်က သူ့နှစ်ခြင်းဟာ အပြစ်တွေကို နောင်တရတဲ့သူတွေအတွက် ဖြစ်မှန်း နားလည်တယ်။ ယေရှုကတော့ အပြစ်မရှိဘူး။ ဒါကြောင့် ယောဟန်တားနေတာ။ ဒါပေမဲ့ ယေရှုက “မတားပါနဲ့။ ဘုရားသခင် လုပ်စေချင်တာမှန်သမျှ လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော့်ကို အခု နှစ်ခြင်းပေးပါ” လို့တောင်းဆိုတယ်။—မဿဲ ၃:၁၅။

ယေရှု ဘာကြောင့် နှစ်ခြင်းခံသင့်တာလဲ။ သူက အပြစ်တွေကို နောင်တရတဲ့အထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံတာ မဟုတ်ဘူး။ သူ့အဖေရဲ့ အလိုတော်ဆောင်ဖို့ သူ့ကိုယ်သူပေးဆက်ကြောင်းပြတဲ့အနေနဲ့ နှစ်ခြင်းခံတာ။ (ဟီဘရူး ၁၀:၅-၇) ယေရှုဟာ လက်သမားတစ်ဦးဖြစ်ခဲ့တယ်။ အခုတော့ ကောင်းကင်ဖခင် သူ့ကိုမြေကြီးပေါ်စေလွှတ်ပြီး လုပ်ခိုင်းတဲ့လုပ်ငန်းကို စတင်ဖို့အချိန်ကျပြီ။ ယေရှုနှစ်ခြင်းခံချိန်မှာ ထူးခြားတာတစ်ခုခု ဖြစ်လာမယ်လို့ ယောဟန်မျှော်လင့်နေသလား။

ယောဟန် အခုလိုပြောတယ်– “ရေနဲ့နှစ်ခြင်းပေးဖို့ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်က ‘လူတစ်ယောက်အပေါ် စွမ်းအားတော်ဆင်းလာပြီး နားနေတာကို မြင်ရင် အဲဒီလူဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ နှစ်ခြင်းပေးမယ့်သူပဲ’ လို့ ကျွန်တော့်ကို မှာထားတယ်။” (ယောဟန် ၁:၃၃) ဒါကြောင့် သူနှစ်ခြင်းပေးမယ့်သူ တစ်ယောက်ယောက်အပေါ်မှာ ဘုရားရဲ့စွမ်းအားတော် သက်ရောက်မှာပဲဆိုပြီး ယောဟန်မျှော်လင့်တယ်။ မျှော်လင့်ထားတဲ့အတိုင်း ရေထဲကနေ ယေရှုပေါ်ထွက်လာတာနဲ့ “ဘုရားသခင့်စွမ်းအားတော်က ချိုးငှက်သဏ္ဌာန်နဲ့ ယေရှုအပေါ် ဆင်းသက်” လာတယ်။ ဒါကိုမြင်တဲ့အခါ ယောဟန် အံ့သြမှာမဟုတ်ဘူး။—မဿဲ ၃:၁၆။

ယေရှုနှစ်ခြင်းခံချိန်မှာ သန့်ရှင်းသောစွမ်းအားတော် သူ့အပေါ်ဆင်းသက်

ဒါတင်မကသေးဘူး။ ယေရှုနှစ်ခြင်းခံချိန်မှာ “ကောင်းကင်ပွင့်လာ” တယ်။ ဒါက ဘာကိုဆိုလိုတာလဲ။ လူ့ဘဝမတိုင်ခင် ကောင်းကင်အသက်တာအကြောင်း ယေရှုနှစ်ခြင်းခံချိန်မှာ ပြန်သတိရလာတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ယေဟောဝါရဲ့သား၊ ဝိညာဉ်ပုဂ္ဂိုလ်အဖြစ်နေခဲ့တဲ့ အသက်တာအပြင် မြေကြီးကိုမလာခင် ကောင်းကင်မှာ ဘုရားသင်ပေးခဲ့တဲ့ အမှန်တရားတွေကို ပြန်မှတ်မိလာပြီ။

ဒါ့အပြင် ယေရှုနှစ်ခြင်းခံချိန်မှာ “သူဟာ ငါမြတ်နိုးတဲ့ ငါရဲ့ချစ်သားပဲ” ဆိုတဲ့အသံ ကောင်းကင်က ထွက်လာတယ်။ (မဿဲ ၃:၁၇) ဘယ်သူ့အသံလဲ။ ယေရှုက ယောဟန်နဲ့အတူရှိနေတာဆိုတော့ ယေရှုရဲ့အသံတော့ မဖြစ်နိုင်ဘူး။ အဲဒါက ဘုရားရဲ့အသံပဲ။ ဒါကြောင့် ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရား မဟုတ်ဘူး။ ဘုရားရဲ့သားဖြစ်တယ်။

မှတ်သားစရာက၊ ပထမလူသား အာဒံလိုပဲ ယေရှုလည်း မြေကြီးပေါ်ရှိချိန်မှာ ဘုရားရဲ့ စုံလင်တဲ့သားဖြစ်တယ်။ တပည့်ဖြစ်သူလုကာက ယေရှုနှစ်ခြင်းခံတဲ့အကြောင်း ပြောပြီးနောက် အခုလိုရေးခဲ့တယ်– “ယေရှုက အသက် ၃၀ အရွယ်မှာ လူတွေကို စပြီးသွန်သင်တယ်။ လူတွေရဲ့အမြင်မှာ ယေရှုက ယောသပ်ရဲ့သား၊ ယောသပ်က ဟေလိရဲ့သား၊ . . . ဒါဝိဒ်ရဲ့သား၊ . . . အာဗြဟံရဲ့သား၊ . . . နောဧရဲ့သား၊ . . . အာဒံရဲ့သား၊ အာဒံက ဘုရားသခင်ရဲ့သား ဖြစ်တယ်။”—လုကာ ၃:၂၃-၃၈။

လူသားအာဒံက “ဘုရားသခင်ရဲ့သား” ဖြစ်သလို ယေရှုလည်း ဘုရားသခင်ရဲ့သားပဲ။ သူဟာ ဘုရားရဲ့သားဖြစ်ပြီး ကောင်းကင်မှာ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်လာမယ်ဆိုတာ နှစ်ခြင်းခံချိန်မှာ သိလာတယ်။ ဒါကြောင့် ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားကို သွန်သင်နိုင်တဲ့၊ အသက်လမ်းကိုပြနိုင်တဲ့ အနေအထားမှာရှိနေပြီ။ အခု အပြစ်ရှိတဲ့လူသားတွေအတွက် သူ့အသက်ကို ပူဇော်သက္ကာအဖြစ် ပေးဆက်ရမယ့်လမ်းစဉ်ကို အစပြုလိုက်ပြီ။

  • ယောဟန်က ယေရှုနဲ့မစိမ်းဘူးလို့ ဘာကြောင့် ပြောနိုင်တာလဲ။

  • ယေရှုက အပြစ်မရှိဘဲ ယောဟန်ဆီမှာ ဘာကြောင့်နှစ်ခြင်းခံရတာလဲ။

  • ယေရှုအပေါ် စွမ်းအားတော် သက်ရောက်တာကို ယောဟန် ဘာလို့ မအံ့သြတာလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ