ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၂
  • ယေရှုခံယူသော နှစ်ခြင်းမင်္ဂလာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုခံယူသော နှစ်ခြင်းမင်္ဂလာ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုနှစ်ခြင်းခံ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုကို ယောဟန်နှစ်ခြင်းပေးတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သင့်နှစ်ခြင်း၏ အဓိပ္ပာယ်
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ယေရှု မေရှိယဖြစ်လာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၂

အခန်း ၁၂

ယေရှုခံယူသော နှစ်ခြင်းမင်္ဂလာ

ယောဟန်စဟောပြောချိန်မှ ခြောက်လခန့်အကြာတွင် အသက် ၃၀ ရှိယေရှုသည် ယော်ဒန်မြစ်သို့ကြွလာသည်။ အဘယ်ကြောင့်နည်း။ လူမှုရေးသဘောအရသွားခြင်းလော။ ယောဟန်၏လုပ်ငန်း မည်သို့တိုးတက်နေကြောင်း ယေရှုစိတ်ဝင်စား၍လော။ မဟုတ်ပါ။ ယေရှုသည်ဗတ္တိဇံကိုခံအံ့သောငှာ ယောဟန်ထံကြွလာခြင်းဖြစ်သည်။

မဆိုင်းမတွယောဟန်ငြင်းဆန်သည်။ “အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ နှစ်ခြင်းခံရန်အကြောင်းရှိသည်ဖြစ်၍ အကျွန်ုပ်ထံသို့ကြွလာတော်မူသလော။” မိမိ၏ဝမ်းကွဲယေရှုသည် ဘုရားသခင်အထူးချစ်သောသားဖြစ်ကြောင်း ယောဟန်သိထားသည်။ မာရိဝမ်း၌ယေရှုသန္ဓေယူ၍ သူတို့ထံအလည်လာစဉ်က သူသည်အမိဝမ်း၌ ဝမ်းသာစွာခုန်သည်အထိဖြစ်ကြောင်း ယောဟန်ကိုဧလိရှဗက်ပြောပြပေမည်။ ယေရှုဖွားခြင်းကို ကောင်းကင်တမန်ကြေညာခဲ့ပုံ၊ မွေးဖွားသည့်ညတွင် သိုးထိန်းများရှေ့ ကောင်းကင်တမန်များပေါ်ထွန်းခဲ့ပုံအကြောင်းကိုလည်း ပြောပြပေမည်။

ထို့ကြောင့်ယောဟန်အဖို့ယေရှုသည် သူစိမ်းမဟုတ်။ မိမိ၏နှစ်ခြင်းသည် ယေရှုအတွက်မဟုတ်ကြောင်းသိသည်။ အပြစ်မှ နောင်တရသူတို့အဖို့သာဖြစ်ပြီး ယေရှုမူအပြစ်စိုးစဉ်းမျှမရှိ။ ယောဟန်ငြင်းဆိုနေလျက်နှင့် ယေရှုက “ဖြောင့်မတ်သည့်တရားအလုံးစုံကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ” ဟူ၍တိုက်တွန်းသည်။

ယေရှုနှစ်ခြင်းခံရန် အဘယ်ကြောင့်လျော်ကန်သနည်း။ ယေရှု၏နှစ်ခြင်းသည် ခမည်းတော်၏အလိုကိုဆောင်ရန် မိမိကိုယ်ကိုဆက်ကပ်သည့် အထိမ်းအမှတ်ဖြစ်သောကြောင့်တည်း။ အပြစ်မှနောင်တရ၍မဟုတ်။ ယေရှုသည် လက်သမားတစ်ဦးဖြစ်ခဲ့သည်။ သို့သော် မြေကြီးပေါ်လုပ်ဆောင်ရန် ယေဟောဝါခိုင်းထားသည့် ဓမ္မအမှုဆောင်ချိန်တိုင်ပြီဖြစ်သည်။ ယေရှုကိုနှစ်ခြင်းပေးသည့်အခါ ထူးခြားသောအခြင်းအရာတစ်ခုခုဖြစ်မည်ဟု ယောဟန်မျှော်လင့်သလော။

နောင်တွင်ယောဟန်ဤသို့ပြောသည်။ “ရေ၌ဗတ္တိဇံကိုပေးရန် ငါ့ကိုစေလွှတ်တော်မူသောသူက ‘သူ၏အပေါ်၌ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကိုသင်မြင်လျှင် ထိုသူကား သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကိုပေးသောသူပင်တည်း ဟုမိန့်တော်မူသည်။’” ထို့ကြောင့်သူနှစ်ခြင်းပေးမည့်သူအပေါ် ဝိညာဉ်တော်ဆင်းသက်မည်ကို မျှော်လင့်သည်။ ထို့ကြောင့်ယေရှုရေမှပေါ်ထစဉ် ‘ဘုရားဝိညာဉ်တော်သည် ချိုးငှက်သဏ္ဌာန်’ ဆင်းသက်သည်ကို ယောဟန်လုံးဝအံ့သြမည်မဟုတ်ပေ။

သို့သော်ယေရှုနှစ်ခြင်းခံစဉ် ထိုထက်မကဖြစ်ပျက်သည်။ ‘ကောင်းကင်သည်ပွင့်’ ခဲ့၏။ ယင်းကဘာကိုဆိုလိုသနည်း။ ကိုယ်တော်နှစ်ခြင်းယူနေစဉ် လူမဖြစ်မီက ကောင်းကင်အသက်တာကို ပြန်သတိရရှိလာကြောင်းထင်ရှားသည်။ သို့ဖြင့် လူမဖြစ်မီအချိန်က ကောင်းကင်တွင် ကိုယ်တော်အားဘုရားသခင်မိန့်တော်မူသမျှပါအပါအဝင် ယေဟောဝါဘုရား၏ နာမ်ဝိညာဉ်သားတော်ဘဝကို ထိုအချိန်တွင်ယေရှု လုံးဝပြန်သတိရပေမည်။

ထို့ပြင်ကိုယ်တော်နှစ်ခြင်းယူချိန်တွင် ကောင်းကင်မှအသံက ‘ဤသူကားငါချစ်မြတ်နိုးရာ သားတော်ပေတည်း’ ဟူသောအသံကိုကြားရ၏။ မည်သူ့အသံနည်း။ ယေရှုအသံလော။ မဟုတ်ပါ။ ဘုရားသခင်အသံတော်ဖြစ်သည်။ လူအချို့ပြောသကဲ့သို့ ယေရှုသည်ဘုရားသခင်မဟုတ်ပါ။ ဘုရားသခင်သားတော်သာဖြစ်သည်မှာရှင်းပါသည်။

သို့ရာတွင် ပထမလူအာဒံအတိုင်းပင် ယေရှုသည် ဘုရားသခင်၏လူဖြစ်သောသားတစ်ဦးဖြစ်သည်။ ယေရှု၏နှစ်ခြင်းအကြောင်းဖေါ်ပြပြီးနောက် တပည့်တော်လုကာဤသို့ရေးသားသည်။ “ထိုအခါယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏အဘကားယောသပ်တည်း။ ယောသပ်အဘ ဧလိ၊ . . . အဘဒါဝိဒ်၊ . . . အဘအာဗြဟံ၊ . . . အဘနောဧ၊ . . . အဘအာဒံ၊ အာဒံအဘ ဘုရားသခင်ပေတည်း။”

အာဒံသည် “ဘုရားသခင်၏သား” ဖြစ်သကဲ့သို့ပင် ယေရှုလည်း ဘုရားသားဖြစ်သည်။ ယေရှု၏ဘဝကို သုံးသပ်ကြည့်သည့်အခါ ယေရှုသည်သက်ရှိလူသားအပေါင်းတို့တွင် အကြီးမြတ်ဆုံးလူသားဖြစ်တော်မူကြောင်း ထင်ရှား၏။ သို့ရာတွင် ယေရှုနှစ်ခြင်းယူချိန်၌ ဘုရားသခင်နှင့်ဆက်ဆံရေးအသစ်တစ်မျိုး၊ ဘုရားသခင်၏ဝိညာဏသားတော်အဖြစ်ကိုရလာသည်။ တစ်နည်းအားဖြင့်ဆိုလျှင် အပြစ်ရှိသောလူသားတို့အတွက် ကိုယ်တော်၏လူ့အသက်တာကို ယဇ်ပူဇော်သက္ကာအဖြစ်ဆက်သရန်လမ်းစဉ်ကို လိုက်လျှောက်စေခြင်းအားဖြင့် ယခုဘုရားသခင်သည် ကိုယ်တော်အား ကောင်းကင်သို့ပြန်ခေါ်ပါသည်။ မဿဲ ၃:၁၃-၁၇။ လုကာ ၃:၂၁-၃၈၊ ၁:၃၄-၃၆၊ ၄၄၊ ၂:၁၀-၁၄။ ယောဟန် ၁:၃၂-၃၄။ ဟေဗြဲ ၁၀:၅-၉။

▪ ယေရှုသည် ယောဟန်အတွက်အဘယ်ကြောင့်သူစိမ်းမဖြစ်သနည်း။

▪ ယေရှုသည် အပြစ်မရှိဘဲ အဘယ်ကြောင့်နှစ်ခြင်းယူရသနည်း။

▪ ယေရှုအကြောင်း ယောဟန်သိထားသမျှကြောင့် ယေရှုအပေါ်ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ သူအဘယ်ကြောင့်အံ့သြမည်မဟုတ်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ