ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၂၈ စာ. ၇၀-စာ. ၇၁ ပိုဒ်. ၆
  • ယေရှုရဲ့တပည့်တွေ ဘာလို့ အစာမရှောင်တာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုရဲ့တပည့်တွေ ဘာလို့ အစာမရှောင်တာလဲ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစာရှောင်ခြင်းနှင့်ပတ်သက်သော မေးမြန်းချက်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • အစာရှောင်ခြင်း—ယင်းသည် ဘုရားသခင်နှင့် ပိုနီးကပ်စေနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အစာရှောင်ခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အစာရှောင်ခြင်းသည် ခေတ်ကုန်ပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၂၈ စာ. ၇၀-စာ. ၇၁ ပိုဒ်. ၆
နှစ်ခြင်းပေးသူယောဟန်ရဲ့ တပည့်တွေက အစာရှောင်ခြင်းအကြောင်း ယေရှုကိုမေးနေ

အခန်း ၂၈

ယေရှုရဲ့တပည့်တွေ ဘာဖြစ်လို့ အစာမရှောင်သလဲ

မဿဲ ၉:၁၄-၁၇ မာကု ၂:၁၈-၂၂ လုကာ ၅:၃၃-၃၉

  • ယောဟန်ရဲ့ တပည့်တွေက အစာရှောင်ခြင်းအကြောင်း ယေရှုကိုမေး

အေဒီ ၃၀၊ ပသခါပွဲကို ယေရှု တက်ရောက်ပြီးနောက် တစ်ချိန်ချိန်မှာ နှစ်ခြင်းပေးသူယောဟန် ထောင်ချခံခဲ့ရတယ်။ ယောဟန်က သူ့တပည့်အားလုံးကို ယေရှုရဲ့နောက်လိုက် ဖြစ်စေချင်တယ်။ ဒါပေမဲ့ သူထောင်ချခံရပြီး လအတော်ကြာတဲ့အထိ တပည့်တချို့ပဲ ယေရှုနောက်လိုက် ဖြစ်လာတယ်။

အခု အေဒီ ၃၁၊ ပသခါပွဲ ရောက်တော့မယ်။ ယောဟန်ရဲ့တပည့်တချို့ ယေရှုဆီလာပြီး “ကျွန်တော်တို့ရော ဖာရိရှဲတွေပါ အစာရှောင်ကြတယ်။ ဆရာ့တပည့်တွေကျတော့ ဘာလို့ အစာမရှောင်တာလဲ” ဆိုပြီး မေးတယ်။ (မဿဲ ၉:၁၄) ဖာရိရှဲတွေက ဘာသာရေးထုံးတမ်း တစ်ခုအနေနဲ့ အစာရှောင်ကြတယ်။ နောက်ပိုင်း ယေရှု ပြောပြတဲ့ ပုံဥပမာတစ်ခုမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းလို့ ထင်နေတဲ့ ဖာရိရှဲက “ဘုရားသခင်၊ ကျွန်တော်ဟာ အများတကာလို . . . မဟုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က တစ်ပတ်မှာ နှစ်ကြိမ် အစာရှောင်ပါတယ်” လို့ဆုတောင်းတယ်။ (လုကာ ၁၈:၁၁၊ ၁၂) ယောဟန်ရဲ့တပည့်တွေလည်း ထုံးစံတစ်ခုအနေနဲ့ အစာရှောင်တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ယောဟန် ထောင်ကျနေလို့ ဝမ်းနည်းတဲ့အနေနဲ့ အစာရှောင်တာလည်း ဖြစ်နိုင်တယ်။ ယေရှုရဲ့တပည့်တွေကျတော့ ဘာလို့ အစာမရှောင်တာလဲဆိုပြီး သူတို့ သိချင်နေကြတယ်။ တကယ်ဆိုရင် ယောဟန်အတွက် ဝမ်းနည်းကြောင်း ပြတဲ့အနေနဲ့ အစာရှောင်သင့်တယ်လို့ ထင်နေကြတာ။

ယေရှုက ဒီဥပမာကို သုံးပြီး အဖြေပေးတယ်– “သတို့သားရဲ့ သူငယ်ချင်းတွေက သတို့သားနဲ့အတူ ရှိနေချိန်မှာ ဝမ်းနည်းပူဆွေးကြလို့လား။ ဒါပေမဲ့ သတို့သားကို သူတို့ဆီကနေ ခေါ်သွားမယ့်နေ့ ရောက်လာလိမ့်မယ်။ အဲဒီအခါကျမှ သူတို့ အစာရှောင်လိမ့်မယ်။”—မဿဲ ၉:၁၅။

ယောဟန်ကိုယ်တိုင်က ယေရှုကို သတို့သားအဖြစ် ရည်ညွှန်းပြောဆိုခဲ့တယ်။ (ယောဟန် ၃:၂၈၊ ၂၉) ဒါကြောင့် ယေရှု ရှိနေချိန်မှာ သူ့တပည့်တွေ အစာမရှောင်ကြဘူး။ ယေရှု သေဆုံးချိန်မှာတော့ တပည့်တွေ ဝမ်းနည်းပူဆွေးပြီး အစာစားချင်စိတ်ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူရှင်ပြန်ထမြောက်လာချိန်မှာ အခြေအနေ ပြောင်းလဲသွားပြီ။ ဝမ်းနည်းပြီး အစာရှောင်စရာအကြောင်း မရှိတော့ဘူး။

အဲဒီနောက် ယေရှုက ပုံဥပမာနှစ်ခု ပြောပြတယ်– “ဟောင်းနွမ်းနေတဲ့ အဝတ်ကို ပိတ်စအသစ်နဲ့ ဖာလေ့မရှိဘူး။ ဖာရင် ပိတ်စအသစ်က ရုန်းတဲ့အတွက် အဝတ် ပိုပြဲသွားမှာပေါ့။ သားရေဘူးဟောင်းထဲ စပျစ်ဝိုင်အသစ် ထည့်လေ့မရှိဘူး။ ထည့်ရင် သားရေဘူး ကွဲထွက်ပြီး စပျစ်ဝိုင်လည်း ယို၊ သားရေဘူးလည်း ပျက်စီးသွားမှာပေါ့။ ဒီတော့ နှစ်ခုလုံး မဆုံးရှုံးအောင် သားရေဘူးသစ်ထဲမှာပဲ ထည့်လေ့ရှိတယ်။” (မဿဲ ၉:၁၆၊ ၁၇) ယေရှု ဘာကို ပြောချင်တာလဲ။

အစာရှောင်ခြင်းလိုမျိုး ဂျူးဘာသာရေး ထုံးစံအဟောင်းတွေကို ယေရှုရဲ့နောက်လိုက်တွေ လိုက်လျှောက်ရမယ်လို့ ဘယ်သူမှ မမျှော်လင့်သင့်မှန်း နှစ်ခြင်းပေးသူယောဟန်ရဲ့ တပည့်တွေကို နားလည်စေချင်တာ။ ဖယ်ရှားခံရတော့မယ့် ဝတ်ပြုရေးစနစ်၊ ဟောင်းနွမ်းပြီး အသုံးမဝင်တော့တဲ့ ဝတ်ပြုမှုပုံစံကို ဖာထေးဖို့၊ သက်ဆိုးရှည်အောင်လုပ်ဖို့ ယေရှုလာတာ မဟုတ်ဘူး။ ယေရှုအားပေးထောက်ခံတဲ့ ဝတ်ပြုရေးဟာ အဲဒီအချိန်မှာရှိတဲ့ ဂျူးဘာသာရေးနဲ့ လူ့ထုံးတမ်းစဉ်လာတွေနောက်ကို မလိုက်ဘူး။ ယေရှုက ဟောင်းနွမ်းနေတဲ့ အဝတ်ကို ပိတ်စအသစ်နဲ့ ဖာမှာမဟုတ်ဘူး၊ သားရေဘူးဟောင်းထဲ စပျစ်ဝိုင်အသစ် ထည့်မှာမဟုတ်ဘူး။

အစာရှောင်ခြင်းနဲ့ ပတ်သက်တဲ့ ပုံဥပမာတွေ

သားရေဘူး

ယေရှုက နားထောင်နေသူတွေရဲ့ မျက်လုံးထဲ မြင်သာအောင် အဝတ်ချုပ်တဲ့ ပုံဥပမာကို အသုံးပြုခဲ့တယ်။ ရေမလျှော်ရသေးတဲ့ ပိတ်စအသစ်ကို သုံးပြီးသား အဝတ်ဟောင်းမှာ ဖာမယ်ဆိုရင် ဘာဖြစ်မလဲ။ အဲဒီအဝတ်ကို လျှော်တဲ့အခါ ပိတ်စအသစ်က ရုန်းတဲ့အတွက် အဝတ် ပိုပြဲသွားမယ်။

အဲဒီလိုပဲ၊ စပျစ်ဝိုင်ကို တိရစ္ဆာန်သားရေနဲ့ လုပ်ထားတဲ့ ဘူးတွေထဲ ထည့်လေ့ရှိတယ်။ အချိန်ကြာလာတဲ့အခါ သားရေက မာလာပြီး ဆန့်နိုင် ကျုံ့နိုင်အား မရှိတော့ဘူး။ အဲဒီလိုဘူးထဲ စပျစ်ဝိုင်အသစ်ထည့်ရင် အဆင်ပြေမှာမဟုတ်ဘူး။ စပျစ်ဝိုင်အသစ်က ဆက်အချဉ်ပေါက်ပြီး ဖိအားများလာတာမို့ မာနေတဲ့သားရေဘူးဟောင်း ကွဲထွက်သွားနိုင်တယ်။

  • ယေရှုခေတ်မှာ ဘယ်သူတွေ အစာရှောင်ကြသလဲ။ ဘာကြောင့်လဲ။

  • ယေရှုရှိနေချိန်မှာ သူ့တပည့်တွေ ဘာလို့ အစာမရှောင်တာလဲ။ နောက်ပိုင်းကျမှ ဘာလို့ အစာရှောင်တာ ဖြစ်မလဲ။

  • ယေရှုပြောတဲ့ ပိတ်စအသစ်နဲ့ စပျစ်ဝိုင်အသစ် ပုံဥပမာတွေက ဘာကို ဆိုလိုတာလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ